Tag: KNU

  • စစ်ကောင်စီ၏ မဆုတ်တမ်းခံစစ်စခန်းဖြစ်ခုဖြစ်သည့် တာလယ်ဗျူဟာစခန်းကို KNU သိမ်းပိုက်

    စစ်ကောင်စီ၏ မဆုတ်တမ်းခံစစ်စခန်းဖြစ်ခုဖြစ်သည့် တာလယ်ဗျူဟာစခန်းကို KNU သိမ်းပိုက်

    RNA_မေ(၁၅)၊၂၀၂၅ခုနှစ်။

    ကရင်ပြည်နယ်၊ ဖားအံခရိုင်၊ တာကရယ်(ပိုင်ကျုံ) မြို့နယ်၊ ကာတဲကျေးရွာအနီးတွင် စစ်ကောင်စီတပ် ခလရ−၂၄ နှင့် အမြောက်တပ် အမတ−၃၁၁တို့ အခြေစိုက်တပ်စွဲထားသော တညာကျိုး(ခ) တာလယ်ဗျုဟာစခန်းကို KNU တပ်မဟာ (၇) လက်အောက်ခံ K.N.L.A နှင့် K.N.D.O တို့ မေလ (၁၃) ရက်နေ့ ည (၇) နာရီအတွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းအများအပြားသိမ်းဆည်းရမိကြောင်း သိရသည်။

    (more…)

  • စစ်တပ်အပြုတ်တိုက်ရေးမလွယ်ကူပေမဲ့ စစ်တပ် နိုင်ငံရေးက ထွက်သွားဖို့လို

    စစ်တပ်အပြုတ်တိုက်ရေးမလွယ်ကူပေမဲ့ စစ်တပ် နိုင်ငံရေးက ထွက်သွားဖို့လို

    RNA_ဖေဖော်ဝါရီ(၂၈)၊၂၀၂၅ခုနှစ်။
    စစ်ကတပ်ကို အဖြုတ်တိုက်ရေးဟာ ပြောသလောက် မလွယ်ကူတဲ့ကိစ္စ ဖြစ်ပေမဲ့ လက်နက်ကိုင်တော်လှန်ရေးကို ဘယ်တော့မှလက်မလွှတ်ကြောင်းနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကိုတော့ စစ်တပ်က ဘာတွေ လိုက်နာဖို့ လိုအပ်သည့်အကြောင်းအရာများနှင့် ပတ်သက်ပြီး KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ပြောကြားထားသည်။
  • ယနေ့အတွက် သတင်း

    ယနေ့အတွက် သတင်း

    RNA_ဖေဖော်ဝါရီ(၁၆)၊၂၀၂၅ခုနှစ်။

    စစ်ကောင်စီတပ်ဂိတ်စခန်း (၃) ခုကို တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့သတင်း၊ စစ်ကောင်စီတပ်က ကျေးရွာသားတွေကို လူသားဒိုင်းလုပ်တဲ့သတင်း၊ ရိုဟင်ဂျာတွေကို စစ်တွေပို့လိုက်တဲ့ သတင်း၊ လူကုန်ကူးခံရသူတွေ ထပ်ပြီးလွတ်လာဖို့ ရှိသတင်းများကို တက်ဆက်ပေးထားခြင်းဖြစ်သည်။

    #RedNewsAgency #REDNEWS #RNA

  • ယနေ့ အတွက် စခန်းသိမ်းတိုက်ပွဲသတင်းနှင့် အခြားသတင်းများ

    ယနေ့ အတွက် စခန်းသိမ်းတိုက်ပွဲသတင်းနှင့် အခြားသတင်းများ

    RNA_ဖေဖော်ဝါရီ(၃)၊ ၂၀၂၅ခုနှစ်။

    မွန်ပြည်နယ်က စခန်းသိမ်းတိုက်ပွဲနှင့်အတူ ပွင့်ဖြူမြို့နယ်သတင်းများ၊ PDF သင်တန်းဆင်းပွဲနှင့် စစ်မှုထမ်းသတင်းတို့ကို Red News Agency တင်ဆက်ထားခြင်းဖြစ်သည်။

    [embedyt] https://www.youtube.com/watch?v=RbmIJi8OtXA[/embedyt]

    #RedNewsAgency #RNA

  • ကော်သူးလေတည်ဆောက်ရန် နားလည်မှုဖြင့် အတူလက်တွဲလုပ်ဆောင်ရန်လိုအပ်

    ကော်သူးလေတည်ဆောက်ရန် နားလည်မှုဖြင့် အတူလက်တွဲလုပ်ဆောင်ရန်လိုအပ်

    RNA_ဖေဖော်ဝါရီ(၁)၊၂၀၂၅ခုနှစ်။
     
    ကော်သူးလေတည်ဆောက်ရန်အတွက် တစ်ယောက်စီတိုင်းမှာ တစ်ဦးကိုတစ်ဦး နားလည်မှုနှင့် အတူလက်တွဲ လုပ်ဆောင်ရန်လိုအပ်သည်ဟု ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ၇၆) ကြိမ်မြောက် ကရင်တော်လှန်ရေးနေ့တွင် သတင်းစကားပါးထားသည်။

    (more…)

  • ကော်သူးလေ အုပ်ချုပ်နယ်မြေတိုက်ပွဲများတွင် တစ်နှစ်အတွင်း စစ်ကောင်စီတပ်သား (၃၁၃၆) ဦးသေဆုံး

    ကော်သူးလေ အုပ်ချုပ်နယ်မြေတိုက်ပွဲများတွင် တစ်နှစ်အတွင်း စစ်ကောင်စီတပ်သား (၃၁၃၆) ဦးသေဆုံး

    RNA_ဇန်နဝါရီ(၂၅)၊၂၀၂၅ခုနှစ်။

    ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကော်သူးလေအုပ်ချုပ်နယ်မြေများတွင် ၂၀၂၄ ခုနှစ်အတွင်း တိုက်ပွဲကြီးတိုက်ပွဲငယ် (၃၂၉၉) ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီလောက်ခံ အရာရှိအရာခံများအပါအဝင် တပ်သား (၃၁၃၆) သေဆုံးပြီး (၂၂၂၅) ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု KNU ကထုတ်ပြန်ထားသည်။

    (more…)

  • အဓမ္မစစ်မှုထမ်းရန် ခေါ်ခံရသူ (၂၇) ဦး စစ်ကောင်စီတပ်သား (၂) ဦးကို ရေထဲတွန်းချပြီး KNDO ထံခိုလှုံ

    အဓမ္မစစ်မှုထမ်းရန် ခေါ်ခံရသူ (၂၇) ဦး စစ်ကောင်စီတပ်သား (၂) ဦးကို ရေထဲတွန်းချပြီး KNDO ထံခိုလှုံ

    RNA_စက်တင်ဘာ(၁၁)၊၂၀၂၄ ခုနှစ်။

    ထိုင်းနိုင်ငံတွင် တရားမဝင်နေထိုင်သည့်အတွက် ကော့သောင်းမှတဆင့် ပြန်ပို့ခံရပြီး အဓမ္မစစ်မှုထမ်း စုဆောင်းခံရသူများထဲက (၂၇) ဦးသည် ပလောက်မြို့အခြေစိုက် တိုင်းဗဟို ၁၂ သို့ ပို့ဆောင်ရန် စက်လှေဖြင့် သွားစဉ် စက်လှေပေါ်ပါလာသည့် စစ်ကောင်စီတပ်သား (၂) ဦးကို ရေထဲတွန်းချပြီး လက်နက်နှင့်စက်လှေယူဆောင်ကာ KNDO ထံ ခိုလှုံခဲ့ကြကြောင်း Kwe Ka Lu News -ကွဲၤကလုၢ်တၢ်ကစီၣ် တွင် ဖော်ပြထားသည်။

    ကော့သောင်းမှ ပြန်အလွဲခံရပြီးနောက် မြိတ်မြို့တွင် အဓမ္မစစ်သားစုဆောင်းခံရပြီး စက်တင်ဘာ ၈ ရက်နေ့တွင် ပလောက် မြို့အခြေစိုက် တိုင်းဗဟို ၁၂ သို့ ပို့ဆောင်ရန် ငါးဖမ်းစက်လှေ ၃ စီးဖြင့်ထွက်ခွာခဲ့ရာ ပုလောမြို့နယ်အတွင်းရောက်စဉ် စက်လှေတစီးပေါ်တွင်ပါသည့် စစ်ကောင်စီတပ်သား ၂ ဦးကို လုံးထွေးသတ်ပုတ်ကာ ရေထဲတွန်းချပြီးနောက် သေနတ် ၂ လက်နှင့်အတူ စက်လှေကိုယူပြီး KNU တပ်မဟာ ၄၊ KNDO တပ်ရင်း (၇) ထံသို့ ဝင်ရောက်ခိုလှုံခဲ့ကြောင်း သိရသည်။

    (more…)

  • စစ်ကောင်စီခံရခက်တော့မဲ့ မိုးတွင်းထိုးစစ်

    စစ်ကောင်စီခံရခက်တော့မဲ့ မိုးတွင်းထိုးစစ်

    “မိုးတွင်းကာလအတွင်း စစ်ကောင်စီတပ်လေကြောင်းပစ်ကူမပေးနိုင်သည့်ကာလဖြစ်သည့်အတွက် ထိုးစစ်အတွက် ပြင်ဆင်ထားသည့် တော်လှန်ရေးတပ်များရှိနေသည့်အတွက် မိုးကုန်လို့ ဆောင်းအကူး စစ်ကောင်စီ ဒီထက်ရူးဖို့သာရှိတော့”
    အကြမ်းဖက်စစ်ကောင်စီကို တော်လှန်ရေးအင်အားစုများနှင့် မဟာမိတ်တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများက ဘက်ပေါင်းစုံမှ မြို့သိမ်းတိုက်ပွဲတွေ ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိရာ KIA/PDF၊ CNA/PDF ပူးပေါင်းတပ်များ၏ ထိုးစစ်နှင့် ရခိုင်ပြည်နယ်တွင်လည်း AA/PDF ပူးပေါင်းတပ်များ၏ ထိုးစစ်များ၊ အလယ်ပိုင်းတိုင်း စစ်ဒေသမှာ အညာမြေရဲ့ တော်လှန်ရေးအင်အားစုတွေအပြင် မန္တလေး PDFရဲ့ ထိုးစစ်၊KNDF/KNU/PDF တို့ရဲ့ ထိုးစစ်တွေ အရှိန်ကောင်းကောင်းနှင့် ဖော်ဆောင်နေသည်ကို အားလုံး သိကြပြီဖြစ်လိမ့်မည်။
     
    တောင်ပိုင်းတိုင်းစစ်ဒေသ၏ တိုးတက်လာသည့် စစ်ရေးအတွင်းမှာ တော်လှန်ရေးအင်အားစုများ၏ ချိတ်ဆက်မှု အားကောင်းလာပြီး ပူးပေါင်း စစ်ဆင်ရေးများ လုပ်ဆောင်လာနိုင်ပြီး အကြမ်းဖက်စစ်ကောင်စီ ကို ဗျူဟာကျကျ ချေမှုန်းတိုက်ခိုက်နေသည် ။အကြမ်းဖက်စစ်ကောင်စီ၏ မြဝတီကို စစ်ကူအတွက် ဧပြီ ၇ ရက်ကတည်းက စေလွှတ်ခဲ့သည့် အင်အား တစ်ထောင်ကျော်ပါသည့် နိုင်ငံတော်အဆင့် စစ်ဆင်ရေး အောင်ဇေယျစစ်ကြောင်းဟာ သေဆုံး၊ ဒဏ်ရာရသူများပြီး ​ဒေါန​တောင်မှ ပိတ်မိ​နေတာ နှစ်လ နီးပါး ရှိပြီ ဖြစ်သည်။
     
    အောင်ဇေယျစစ်ကြောင်းကို ဖြတ်တောက်ပိတ်ဆို့ တားဆီး တိုက်ခိုက်ရာတွင် KNLA/KNDO တို့နှင့်အတူပူးတွဲတိုက်ပွဲဝင်နေသော ပြည်သူ့ကာကွယ်ရေးတပ် PDF ရဲဘော် များအပြင် နယ်မြေကျွမ်းကျင်မှုရှိသော KNU ၏ နယ်မြေခံ တပ်ရင်းများကိုပါအင်းအားတိုး အသုံးပြု တိုက်ခိုက်လျက်ရှိသည်။ ဖာပွန်မြိုနယ်က KNLA ဦး​​ဆောင်​တဲ့ ​တော်လှန်​ရေးတပ်​တွေရဲ့ထိုးစစ်​ဆင် တိုက်ခိုက်မှု​တွေ ၊ တနင်္သာရီတိုင်းက ​တော်လှန်​ရေးတပ်​များ၏ စခန်းသိမ်းတိုက်ပွဲ​များ ထိုင်း-မြန်မာ နယ်စပ် တစ်လျှောက် စစ်ကောင်စီ၏ အထိုင်တပ်စခန်းသိမ်း တိုက်ပွဲတွေကို ဗျူဟာကျကျ တိုက်ပွဲဖော်ဆောင်နေသည်။

    (more…)

  • ခလရ−၁၀၃ တပ်ရင်းမှ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး အောင်ဟိန်းအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် (၄၈)ဦး လက်နက်ချအညံ့ခံ

    ခလရ−၁၀၃ တပ်ရင်းမှ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး အောင်ဟိန်းအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် (၄၈)ဦး လက်နက်ချအညံ့ခံ

    RNA_ဧပြီ(၁၆)၊၂၀၂၄ ခုနှစ်။

    စစ်ကောင်စီ၏ ခလရ−၁၀၃ တပ်ရင်းမှ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး အောင်ဟိန်းအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် (၄၈) ဦးသည် KNU ဘိတ်−ထားဝယ်ခရိုင် တပ်မဟာ (၄) ထံသို့ ဧပြီလ ၁၅ ရက်နေ့က လက်နက်ချ အညံ့ခံ ခဲ့ကြောင်း သိရသည်။

    ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) တပ်မဟာ အမှတ် (၄) မှ ၂၀၂၄ ခုနှစ် ဧပြီလ (၁၅) ရက်နေ့တွင် မောထာဒေသနှင့် ထီးထာကြား၌ ခလရ−၁၀၃ တပ်ရင်းမှ တပ်ဖွဲ့ဝင်များသည် ၎င်းတို့တပ်စွဲထားရာ တပ်စခန်းအား စွန့်ခွာပြီး ထီးထာ့ဗျူဟာ သို့ ပြန်လည်ပူးပေါင်းရန် ပြန်လာသည့်လမ်းတွင် ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ (၆) ဦးခန့်သေဆုံးခဲ့ပြီးနောက် ကျန်တပ်ဖွဲ့ဝင်များ လက်နက် ချအညံ့ခံခဲ့ခြင်းဖြစ်သည်ဟု KNU က ထုတ်ပြန်ထားသည်။

    (more…)

  • သင်္ဃန်းညီနောင် စစ်ဗျူဟာအခြေချစခန်းက အရာရှိ (၆၇)ဦးအပါအဝင် (၆၁၇)ဦး လက်နက်ချခဲ့

    သင်္ဃန်းညီနောင် စစ်ဗျူဟာအခြေချစခန်းက အရာရှိ (၆၇)ဦးအပါအဝင် (၆၁၇)ဦး လက်နက်ချခဲ့

    RNA_ဧပြီ(၆)၊၂၀၂၄ ခုနှစ်။

    အာဏာသိမ်းစစ်ကောင်စီ၏ အရှေ့တောင်တိုင်း စစ်ဌာနချုပ်လက်အောက်ခံ စစ်ဗျူဟာအခြေချ (သင်္ဃန်းညီနောင်) စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီလက်အောက်ခံ အရာရှိ (၆၇)၊ အခြားနှင့် တပ်သားအဆင့် (၄၁၀) ဦး စုစုပေါင်း (၆၁၇)ဦး လက်နက်ချအလင်းဝင်ခဲ့သည်ဟု KNU ဗဟိုက ယနေ့ညပိုင်းတွင် ထုတ်ပြန်ထားသည်။

    ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) မှ ဦးဆောင်ပြီး ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့မှ ၁၉၆၈ ခုနှစ်မှ အခြေချခဲ့သော စစ်ကောင်စီ၏ စစ်ဗျူဟာအခြေချ (သင်္ဃန်းညီနောင်) စခန်းကို ဧပြီလ(၅)ရက်နေ့ နံနက် ၈ နာရီမှ စတက်တိုက်ခိုက်ရာ နေ့လယ် ၁ နာရီခန့်တွင် အောင်မြင်စွာသိမ်းပိုက်နိုင်ခဲ့သည်။

    (more…)