12
May
RNA_မေ(၁၂)၊၂၀၂၅ခုနှစ်။ မကွေးတိုင်း၊ ဂန့်ဂေါမြို့အခြေစိုက် စစ်ကောင်စီ၏ ခလရ (၅၀) နှင့် အမြှောက်တပ်မှ ပူးပေါင်းအင်အား ၁၀၀ ခန့်သည် ဂန့်ဂေါမြို့တောင်ဘက် ၅ မိုင်ခန့်အကွာရှိ လယ်မကျေးရွာသို့ ယနေ့ (မေလ ၁၂ ရက်) နံနက်စောစော ၁ နာရီခန့်က စစ်ကြောင်းထိုးဝင်ရောက်လာပြီး ကလေးငယ် (၄) ဦးအပါအဝင် ပြည်သူ (၁၁) ဦးကိုသတ်ဖြတ်ပြီး (၂၃) ဦးကိုဖမ်းဆီးသွားကြောင်း သိရသည်။ လယ်မကျေးရွာ မြောက်ပိုင်းသို့ ဝင်ရောက်လာပြီးနောက် သေနတ်များပစ်ဖောက် ဖမ်းဆီးပြီးနှိပ်စက်ကာ မှိုင်းဝေ ၁၃ နှစ်၊ သျှန်ထွန်း ၁၂ နှစ် ( ၇ တန်းကျောင်းသား)၊ သီဟလင်း ၁၅ နှစ် (၉…