တောင်သူများ စုပေါင်းနေထိုင်သော တဲအိမ်စု လေကြောင်းတိုက်ခိုက်ခံရပြီး (၈) ဦးသေဆုံးကာ (၅) ဦးဒဏ်ရာရ

RNA_ဖေဖော်ဝါရီ(၂၃)၊၂၀၂၅ ခုနှစ်။

မကွေးတိုင်း၊ စေတုတ္တရာမြို့နယ်၊ မုံညှင်းကျေးရွာအနီး မင်းလမ်းယာတဲစု (တောင်သူများစုဝေးနေထိုင်သောတဲအိမ်စု)ကို စစ်ကောင်စီက စက်တပ်လေထီး (Paramortor) ဖြင့်လေကြောင်းမှ ယနေ့ (ဖေဖော်ဝါရီ ၂၃ ရက်) နံနက်စောစော (၃) နာရီ (၁၅) မိနစ်တွင် တစ်ကြိမ်နှင့် (၃) နာရီ (၁၈) မိနစ်တွင်တစ်ကြိမ် တိုက်ခိုက်ခဲ့သည့်အတွက် ဒေသခံ တောင်သူ (၈) ဦးသေဆုံးကာ (၅) ဦးဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

စစ်ကောင်စီ၏ စက်တပ်လေထီး (Paramortor) ဖြင့်လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူများထဲတွင် အသက် (၃) နှစ်အရွယ် မိန်းကလေးငယ် တစ်ဦးအပါအဝင် အမျိုးသမီး (၅) ဦးနှင့် အသက် (၁၀) နှစ်အရွယ် ယောက်ျားလေး တစ်ဦးအပါအဝင် (၃) ဦးသေဆုံးကြောင်း၊ နွား (၂၄) ကောင်လည်း သေဆုံးခဲ့ကြောင်း ဒေသခံထံမှ သိးသည်။

#RedNewsAgency #REDNEWS #RNA

By RNA Editor