RNA_မေ(၁၂)၊၂၀၂၅ခုနှစ်။
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ အိုးထိန်းတွင်းကျေးရွာ စာသင်ကြောင်းကို ယနေ့ နံနက် ၁၀ နာရီခန့်တွင် စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်သွားသည့်အတွက် ကျောင်းသား (၂၀) ဦးနှင့် ဆရာမ (၂) ဦးသေဆုံးခဲ့ပြီး (၄၀) ခန့် ဒဏ်ရာရရိခဲ့သည်ဟု သိရသည်။
လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးခဲ့ရသော ကျောင်းသူ ကျောင်းသားများမှာ မသက်ထားဝေ (G-11)၊ မမို့မို့ဝင်း (G-10)၊ မောင်မြတ်နိုးမောင်မောင် (G-9)၊ မလှအုံးမယ် (G-7)၊ မမို့မြင့်ဟန် (G-7)၊ မမြတ်နိုးဦး (G-7)၊ မောင်ဇေယျာဖြိုး (G-5)၊ မောင်ချမ်းမြေ့အောင် (G-4)၊ မထက်ရတီထွန်း (G-4)၊ မမွန်မီမီအောင် (G-4)၊ မမိုးဟေကျော် (G-4)၊ မောင်ဖိုးမိုးသွန်း (G-3)၊ မအေးခြင်းစံ (G-3)၊ မဖြိုးဝေဖြိုး (G-3)၊ မချယ်လီမိုး (G-2)၊ မောင်လွှမ်းပိုင်ထက် (G-2)၊ မငြိမ်းရွှေရတီမိုး (G-2)၊ မစုလတ်နိုင် (G-2)၊ မရွှန်းလဲ့ဝေ (G-2)၊ မသွန်းစက်ဖြူ (G-2) နှင့် ဆရာမ (၂) တို့ဖြစ်ကြောင်း S&C မီးဘေးစစ်ဘေးပညာရေးကူညီစောင့်ရှောက်ရေးအဖွဲ့ ထံမှ သိရသည်။
လေယာဉ်ဖြင့် စာသင်ကျောင်းပေါ်တည့်တည့် လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခံခဲ့ရခြင်းဖြစ်သည့်အတွက် အပြစ်မဲ့ ကလေးသူငယ် ကျောင်းသားလူမမယ်လေးများ အစုလိုက်အပြုံလိုက် ထိခိုက်သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း၊ သေဆုံးသွားခဲ့ရသော ကလေးငယ်များ၊ ထိခိုက်ဒဏ်ရာရရှိခဲ့သော ကလေးငယ်များ၏ မိဘများနှင့်ထပ်တူ ဒီပဲယင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကလည်း ရင်နင့်ကြေကွဲစွာခံစားရပါသည်ဟု အသိပေးထားသည်။
Red News Agency ၏ Youtube Channel ကို Subscribe လုပ်ရန် မေတ္တာရပ်ခံပါသည်။ https://www.youtube.com/@rednewsmm/?sub_confirmation=1
#RedNewsAgency #REDNEWS #RNA #AhNyar