Tag: လူအစုလိုက်အပြုံလိုက်သတ်ဖြတ်မှု

  • ပ.က.ဖခေါင်းဆောင် (၁) ဦးနှင့် ပြည်သူ (၁၇) ဦးသတ်ခံရမှု အပြစ်ပေးအရေးယူနိုင်ရေး NUG ဆောင်ရွက်မည် 

    ပ.က.ဖခေါင်းဆောင် (၁) ဦးနှင့် ပြည်သူ (၁၇) ဦးသတ်ခံရမှု အပြစ်ပေးအရေးယူနိုင်ရေး NUG ဆောင်ရွက်မည် 

    RNA_မတ်(၄)၊၂၀၂၃ ခုနှစ်။

    စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်လာသည့် ထီးဆောင်းရွာ အခြေချ တပ်မ (၃၃) တပ်သားများသည် ပ.က.ဖခေါင်းဆောင် ရဲဘော်မိုက်ကယ် (ခ) ကိုကျော်ဇော်နှင့် ဒေသခံပြည်သူ (၁၇) ဦးကို ရက်ရက်စက်စက် သတ်ဖြတ်သွားသည့်အတွက် အပြစ်ပေးအရေးယူနိုင်ရေး NUG လူ့အခွင့်အရေးဝန်ကြီးဌာနမှ အစွမ်းကုန်ဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ထားသည်။

    ထီးဆောင်းရွာအခြေချ စစ်ကောင်စီတပ် တပ်မ (၃၃) တပ်သားများသည် မတ်လ (၂) ရက်နေ့က ပ.က.ဖ ခေါင်းဆောင်အား ဖမ်းဆီးသတ်ဖြတ်ပြီး တာတိုင်ရွာမှ တပ်ဆုတ်ချိန် အမျိုးသမီးများအပါအဝင် ဒေသခံပြည်သူ (၁၇) ဦးကို လူသားဒိုင်းအဖြစ်ဖမ်းဆီးခေါ်ဆောင်သွားပြီး ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်။

    (more…)

  • ကလေးကင်ပွန်းတပ်ပွဲကျင်းပနေစဉ် စကစ လက်နက်ကြီးကြောင့် ပြည်သူ ၁၁ ဦးသေဆုံး

    ကလေးကင်ပွန်းတပ်ပွဲကျင်းပနေစဉ် စကစ လက်နက်ကြီးကြောင့် ပြည်သူ ၁၁ ဦးသေဆုံး

    RNA_နိုဝင်ဘာ(၁၇)၊၂၀၂၂ ခုနှစ်။
     
    ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ လောင်းဒုံ(အုပ်စု)၊ ဂြစ်ချောင်းကျေးရွာအတွင်း၌ နိုဝင်ဘာလ ၁၆ ရက်နေ့ နေ့လည် ၁ နာရီ ဝန်းကျင်ကကလေးကင်ပွန်းတပ် (အမည်ပေး) ပွဲ ကျင်းပနေစဉ် မောင်တောမြို့နယ် စစ်ကောင်စီတပ် နခခ(၇)မှ လက်နက်ကြီးပစ်ခတ်သည့်အတွက် အသက် (၅) နှစ် ၆ နှစ်အရွယ် ကလေးငယ် နှစ်ဦးအပါအဝင် ပြည်သူ ၁၁ ဦးနေရာတွင် သေဆုံးကာ (၂၀) ကျော်ဒဏ်ရာရရှိကြောင်း သိရသည်။
     
    နိုဝင်ဘာလ ၁၆ ရက်နေ့က ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီတပ်၏ ကျေးရွာအတွင်း လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သား (၁၄) ဦးသေဆုံးပြီး ၂၀ ကျော် ဒဏ်ရာရရှိခဲ့သည်ဟု ရက္ခိုင့်တပ်မတော် – AA က ထုတ်ပြန်ထားသည်။

    (more…)

  • စစ်ရာဇဝတ်မှု ကျူးလွန်သူများကို ဖမ်းဆီးရမိပါက အပြစ်ပေးနိုင်ရေး အမြန်ဆုံးဆောင်ရွက်မည်ဟု NUG ထုတ်ပြန် 

    စစ်ရာဇဝတ်မှု ကျူးလွန်သူများကို ဖမ်းဆီးရမိပါက အပြစ်ပေးနိုင်ရေး အမြန်ဆုံးဆောင်ရွက်မည်ဟု NUG ထုတ်ပြန် 

    RNA_စက်တင်ဘာ(၂၇)၊၂၀၂၂ခုနှစ်။

    အကြမ်းဖက် ဖက်ဆစ်စစ်တပ်မှ စစ်ရာဇဝတ်မှု ကျူးလွန်သူများကို အမှုဖွင့်တရားစွဲဆိုခြင်း၊ ဝရမ်းထုတ်ခြင်း၊ လက်ရဖမ်းဆီးခြင်း၊ ဖမ်းဆီးရမိပါက တရားဥပဒေအရ တရားစီရင် အပြစ်ပေးခြင်းများကို မြန်ဆုံးဆောင်ရွက်နိုင်ရေး အဆောတလျင် ဆောင်ရွက်သွားမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ – NUGက ထုတ်ပြန်ထားသည်။

    လက်ယက်ကုန်းအပါအဝင် ၂၀၂၁ ခုနှစ် ဖေဖော် ဝါရီလ (၁) ရက် နေ့ရက်မှစပြီး ယနေ့ ( ၂၀၂၂ ခုနှစ် စက်တင် ဘာ ၂၆ ရက်) အချိန်အထိ အသက်(၁၈) နှစ်အောက် ကလေးသူငယ် (၂၃၄) ဦးကို သတ်ဖြတ်ခဲ့ပြီး၊ (၃၆၃) မှာ ဖမ်းဆီးထိန်းသိမ်းခံထားရသည်ဟုအမျိုးသားညီညွတ်ရေးအစိုးရ အမျိုးသမီး၊ လူငယ်နှင့်ကလေး သူငယ်ရေးရာဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။

    (more…)