ပြည်သူ့လွတ်လပ်ရေးတပ်တော်

အမ်း တိုက်ပွဲမှာ ပြည်သူ့လွတ်လပ်ရေးတပ်တော်မှ ရဲဘော်ပါကညော ကျဆုံးခဲ့ရ

အမ်း တိုက်ပွဲမှာ ပြည်သူ့လွတ်လပ်ရေးတပ်တော်မှ ရဲဘော်ပါကညော ကျဆုံးခဲ့ရ

RNA_ဧပြီ(၁၁)၊၂၀၂၄ ခုနှစ်။ ရခိုင်ပြည်နယ်၊ အမ်းမြို့နယ် စစ်ဆင်ရေးအတွင်း ဧပြီလ ၁၀ ရက်နေ့က ပြည်သူ့လွတ်လပ်ရေးအဖွဲ့/ ပြည်သူ့လွတ်လပ်ရေးတပ်တော်မှ ရဲဘော် ပါကညော (ခ) စောအောင်စိုးလင်း ကျဆုံးခဲ့ရကြောင်း သိရသည်။ ရဲဘော် ပါကညော (ခ) စောအောင်စိုးလင်းသည် ပြည်သူ့လွတ်လပ်ရေးတပ်တော် အခြေခံစစ်သင်တန်း အပတ်စဥ် (၃) သင်တန်းဆင်းရဲဘော်တစ်ဦးဖြစ်ကြောင်း၊ ရဲဘော်သည် တပ်တော်မှ ပေးအပ်လာသော တာဝန်များကို ရွပ်ရွပ်ချွံချွံ တာဝန်ထမ်းဆောင်ခဲ့ခြင်းအား တပ်တော်မှ အလေးအနက် ဂုဏ်ယူအသိအမှတ်ပြုကြောင်း၊ အမ်းစစ်ဆင်ရေးအတွင်း ကျဆုံးခဲ့ရသည့်အတွက် တပ်တော်အနေဖြင့်များစွာ ဝမ်းနည်းကြေကွဲ ရပါသည်ဟု ပြည်သူ့လွတ်လပ်ရေးတပ်တော်မှ ထုတ်ပြန်ထားသည်။ (more…)
Read More
ရက္ခိုင့်တပ်တော်၏ ကူညီပံ့ပိုးပေးမှု၊ သင်ကြားပြသပေးခဲ့မှုများအတွက် ကျေးဇူးတင်ကြောင်း မဟာမိတ် (၈) ဖွဲ့ ပူးပေါင်းသဝဏ်လွှာပေးပို့

ရက္ခိုင့်တပ်တော်၏ ကူညီပံ့ပိုးပေးမှု၊ သင်ကြားပြသပေးခဲ့မှုများအတွက် ကျေးဇူးတင်ကြောင်း မဟာမိတ် (၈) ဖွဲ့ ပူးပေါင်းသဝဏ်လွှာပေးပို့

RNA_ဧပြီ(၁၀)၊၂၀၂၃ ခုနှစ်။   ယနေ့ကျရောက်သည့် ရက္ခိုင့်တပ်တော်- AA (၁၄) နှစ်ပြည့် အခမ်းအနားသို့ မကွေးတိုင်း၊ ချင်းပြည်နယ်နှင့်၊ အခြေစိုက် မဟာမိတ် (၈) ဖွဲ့၏ ပေးပို့သည့်သဝဏ်လွှာတွင် ရက္ခိုင့်တပ်တော်၏ ကူညီပံ့ပိုးပေးမှုနှင့် သင်ကြားပြသပေးခဲ့မှုများအတွက် ကျေးဇူးအထူးသိနေမည်ဖြစ်ကြောင်း ဖော်ပြထားသည်။   NUG ကာကွယ်ရေးဝန်ကြီးဌာနအပါအဝင် နွေဦးတော်လှန်ရေးအတွင်းပေါ်ပေါက်လာသည့် လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ၊ မြောက်ပိုင်းညီနောင်မဟာမိတ်များ၊ နိုင်ငံရေးပါတီစသည့် အဖွဲ့အစည်းများက ရက္ခိုင့်တပ်တော်- AA (၁၄) နှစ်ပြည့်အတွက် သဝဏ်လွှာများ ပေးပို့ခဲ့ကြသည်။ (more…)
Read More