အမ်း တိုက်ပွဲမှာ ပြည်သူ့လွတ်လပ်ရေးတပ်တော်မှ ရဲဘော်ပါကညော ကျဆုံးခဲ့ရ

RNA_ဧပြီ(၁၁)၊၂၀၂၄ ခုနှစ်။

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ် စစ်ဆင်ရေးအတွင်း ဧပြီလ ၁၀ ရက်နေ့က ပြည်သူ့လွတ်လပ်ရေးအဖွဲ့/ ပြည်သူ့လွတ်လပ်ရေးတပ်တော်မှ ရဲဘော် ပါကညော (ခ) စောအောင်စိုးလင်း ကျဆုံးခဲ့ရကြောင်း သိရသည်။

ဓာတ်ပုံ – ပြည်သူ့လွတ်လပ်ရေးတပ်တော် (PIO/PIA)၏ အပါတ်စဉ် (၃/၂၂) သင်တန်းဆင်းပွဲမြင်ကွင်း။

ရဲဘော် ပါကညော (ခ) စောအောင်စိုးလင်းသည် ပြည်သူ့လွတ်လပ်ရေးတပ်တော် အခြေခံစစ်သင်တန်း အပတ်စဥ် (၃) သင်တန်းဆင်းရဲဘော်တစ်ဦးဖြစ်ကြောင်း၊ ရဲဘော်သည် တပ်တော်မှ ပေးအပ်လာသော တာဝန်များကို ရွပ်ရွပ်ချွံချွံ တာဝန်ထမ်းဆောင်ခဲ့ခြင်းအား တပ်တော်မှ အလေးအနက် ဂုဏ်ယူအသိအမှတ်ပြုကြောင်း၊ အမ်းစစ်ဆင်ရေးအတွင်း ကျဆုံးခဲ့ရသည့်အတွက် တပ်တော်အနေဖြင့်များစွာ ဝမ်းနည်းကြေကွဲ ရပါသည်ဟု ပြည်သူ့လွတ်လပ်ရေးတပ်တော်မှ ထုတ်ပြန်ထားသည်။

ဓာတ်ပုံ – ပြည်သူ့လွတ်လပ်ရေးတပ်တော် (PIO/PIA)၏ အပါတ်စဉ် (၃/၂၂) သင်တန်းဆင်းပွဲမြင်ကွင်း။


ရက္ခိုင့်တပ်တော်ဦးဆောင်သည့် မဟာမိတ်များဖြင့် ရခိုင်ပြည်နယ်အတွင်းရှိ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ပေါက်တော၊ မြေပုံ၊ ရမ်းဗြဲနှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့ကို အလုံးစုံသိမ်းပိုက်ထားပြီး၊ ဘူးသီးတောင်၊ မောင်တောမြို့နယ်နှင့် အမ်းမြို့နယ်တို့အပါအဝင် ရခိုင်ပြည်နယ်အတွင်း ကျန်ရှိနေသော စစ်ကောင်စီတပ်ကို တိုက်ထုတ်နေကြောင်း သိရသည်။

ပြည်သူ့လွတ်လပ်ရေးတပ်တော် အခြေခံစစ်သင်တန်း အပတ်စဥ် အပတ်စဉ် (၁) နှင့် အပတ်စဉ် (၂) တို့ကို ရက္ခိုင့်တပ်တော်နည်းပြဆရာများထံ တက်ရောက်ခဲ့ပြီး၊ အပတ်စဉ် (၃) မှစသည့် စစ်သင်တန်းကိုတော့ ပြည်သူ့လွတ်လပ်ရေးတပ်တော် နည်းပြဆရာများဖြင့်ပြန်လည် ပို့ချခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ – ပြည်သူ့လွတ်လပ်ရေးတပ်တော် (PIO/PIA)၏ အပါတ်စဉ် (၃/၂၂) သင်တန်းဆင်းပွဲမြင်ကွင်း။

#RedNewsAgency #RNA #RedNews

By Editor