Generation Z Army (GZA)

တော်လှန်ရေးအဖွဲ့အချင်းချင်း တိုက်ခိုက်မှုသည် တော်လှန်ရေးကို သွေဖီနေသည်ဟု နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု အဖွဲ့ဝင် GZA ပြော

တော်လှန်ရေးအဖွဲ့အချင်းချင်း တိုက်ခိုက်မှုသည် တော်လှန်ရေးကို သွေဖီနေသည်ဟု နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု အဖွဲ့ဝင် GZA ပြော

RNA_ဖေဖော်ဝါရီ(၁၈)၊၂၀၂၆ခုနှစ်။ MOD ဗဟိုစစ်ရုံးချုပ်ညွှန်ကြားချက်ဖြင့် MOD လက်အောက်ခံတပ်များ BNRA စခန်းကို တိုက်ခိုက်ခြင်းသည် အထူးသဖြင့် လက်နက်ခဲယမ်း ရှားပါး၍ ချွေတာနေရသည့် တော်လှန်ရေးကာလတွင် ရန်သူကိုတိုက်မည့်အစား တော်လှန်ရေးအဖွဲ့အချင်းချင်း ကျည်ဖြုန်းတီးနေခြင်းဖြစ်သလို တော်လှန်ရေးကို သွေဖီနေခြင်းဖြစ်သည်ဟု နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု အဖွဲ့ဝင် Generation Z Army မှ ယနေ့ ထုတ်ပြန်ပြောကြားထားသည်။ ဗိုလ်နဂါးဦးဆောင်သော BNRA ဂိတ် (၃) ခုကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် MOD ဗဟိုစစ်ရုံးချုပ်ညွှန်ကြားချက်ဖြင့် MOD လက်အောက်ခံ တပ်သား ထောင်ဂဏန်းထက်သာလွန်အင်အားဖြင့် တပ်ဖြန့်လာခဲ့ကြောင်း၊ BNRA ဂိတ် ၃ ခုကို ဖေဖော်ဝါရီလ ၁၇ ရက်နေ့…
Read More
ပုလဲမြို့သိမ်း တိုက်ပွဲမြင်ကွင်း

ပုလဲမြို့သိမ်း တိုက်ပွဲမြင်ကွင်း

RNA_နိုဝင်ဘာ(၂၀)၊၂၀၂၄ခုနှစ်။   စစ်ကိုင်းတိုင်း၊ ပုလဲမြို့သိမ်းတိုက်ပွဲကို ဗိုလ်နဂါးဦးဆောင်သော BNRA၊ Southern Yesagyo (SYSO)၊ Generation Z Army (GZA) တို့ပူးပေါင်းပြီး နိုဝင်ဘာ ၁၁ ရက်နေ့မှ စတင်ပြီး ၄၈ နာရီအတွင်းမြို့သိမ်းနိုင်ခဲ့သော်လည်း နိုဝင်ဘာလ ၁၄ ရက် စစ်ဆင်ရေး စတုတ္ထရက်မြောက် ညနေပိုင်းတွင် ဆုတ်ပေးခဲ့ရသည့် မြို့သိမ်းတိုက်ပွဲအတွင်း ရုပ်သံမှတ်တမ်းကို ယနေ့ ထုတ်ပြန်ထားသည်။ (more…)
Read More