Tag: စစ်ကောင်စီတပ်

  • ပြည်သူ (၁၀၀) ကျော်ခန့်ကို စစ်ကောင်စီတပ်စစ်ကြောင်းက ဖမ်းဆီး

    ပြည်သူ (၁၀၀) ကျော်ခန့်ကို စစ်ကောင်စီတပ်စစ်ကြောင်းက ဖမ်းဆီး

    RNA_မတ်(၁)၊၂၀၂၃ ခုနှစ်။

    ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ အေးမြသာယာအုပ်စု၊ ရှရော်ခကျေးရွာမှ ပြည်သူ(၁၀၀)ကျော်ခန့်ကို စစ်ကောင်စီတပ် စစ်ကြောင်းက ယနေ့ညနေ ၄ နာရီခွဲခန့်တွင် အကြောင်းမဲ့ဖမ်းဆီး‌သွားကြောင်း သိရသည်။

    ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလမှစတင်ကာ အာဏာသိမ်းစစ်ကောင်စီ၏ စစ်ကြောင်းများသည် ဖားကန့်မှော်ကျေးရွာများအတွင်း သေနတ်ပစ်ဖောက်ဝင်ရောက်ပြီး ကျေးရွာသားများအား အတင်းအဓမ္မဖမ်းဆီးခြင်းများဆောင်ရွက်လျက်ရှိနေသည်။

    စစ်ကောင်စီတပ်သားများသည် ဖေဖော်ဝါရီ ၁၅ ရက်နေ့က လုံးခင်းကျေးရွာအုပ်စု၊ မှော်စီစာကျေးရွာအပိုင် အောင်သာယာနှင့် ဆောင်းချိန်ကျေးရွာမှ ပြည်သူ(၃၀)ခန့်အားလည်းကောင်း၊ ‌ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် အေးမြသာယာအုပ်စု၊ စပျစ်ခူးကျေးရွာမှ ပြည်သူ (၄၀)ခန့်အားလည်းကောင်း ဖမ်းဆီးစစ်ဆေးပြီး အချို့ကိုပြန်လွှတ်ပေးခဲ့သော်လည်း အချို့ကို ဖမ်းဆီးထားဆဲဖြစ်သည်။

    #RedNewsAgency

  • စစ်ကောင်စီတပ် ပစ်ခတ်သည့် လက်နက်ကြီး ကလေး(၂) ယောက်မိခင်ထိမှန်

    စစ်ကောင်စီတပ် ပစ်ခတ်သည့် လက်နက်ကြီး ကလေး(၂) ယောက်မိခင်ထိမှန်

    RNA_ဖေဖော်ဝါရီ(၂၄)၊၂၀၂၃ ခုနှစ်။

    ယနေ့ နံနက်ပိုင်းက စစ်ကောင်စီတပ်ပစ်ခတ်သည့် လက်နက်ကြီးကြောင့် ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု မဇွပ်ယန် (မဆွပ်ယန်)ကျေးရွာအတွင်းကျရောက်ပေါက်ကွဲကာ ကလေး(၂) ယောက်မိခင် ဒေါ်လခိဂျာအန့် ထိမှန်ကာ ဒဏ်ရာရရှိသွားကြောင်း သိရသည်။

    ဖားကန့်မြို့နယ်၊ ဗျူဟာကုန်းနှင့် မဇွပ်ယန်ထောင်ရှိ စစ်ကောင်စီတပ်တို့မှ မကြာခဏ လက်နက်ကြီးများ ပစ်ခတ်ကြောင်း၊ KIA တပ်လှုပ်ရှာသည်အထင်နှင့် ရမ်းသန်းပစ်ခတ်မှုများရှိသလို တိုက်ပွဲဖြစ်ပွားချိန် လက်နက်ကြီး ပစ်ကူများလည်း ပြုလုပ်လေ့ရှိကြောင်း သိရသည်။

    (more…)

  • ကလေးငယ်အပါအဝင် (၅) ဦး အသတ်ခံရမှု PDF မှ စုံစမ်းဖော်ထုတ် အရေးယူမည်

    ကလေးငယ်အပါအဝင် (၅) ဦး အသတ်ခံရမှု PDF မှ စုံစမ်းဖော်ထုတ် အရေးယူမည်

    RNA_ဖေဖော်ဝါရီ(၂၃)၊၂၀၂၃ ခုနှစ်။

    ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ ရိပ်သာရပ်ကွက်အတွင်း (၃) နှစ်အရွယ် ကလေးငယ်အပါအဝင် (၅) ဦးသတ်ခံရမှုတွင် ကျူးလွန်သူများကို စုံစမ်းဖော်ထုတ်ပြီး ထိရောက်စွာ အရေးယူမည်ဟု လှည်းကူးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယနေ့ ထုတ်ပြန်ထားသည်။

    လှည်းကူးမြို့၊ ရိပ်သာရပ်ကွက်၊ ၁/န (၄) လမ်းသွယ်တွင် နေထိုင်သည့် ငါးခြောက်၊ ပုစွန်ခြောက် ရောင်းဝယ်ရေး လုပ်ကိုင်သူများဖြစ်သည့် ဒေါ်စန်းနွဲ့၊ ကိုမောင်မောင်၊ မဝင်းနွယ်၊ မဝင်းနွယ်၏ အသက် (၃) နှစ်အရွယ်သားနှင့် ဧည့်သည်ဖြစ်သည့် အသက် (၈၅) နှစ်အရွယ် အမျိုးသား (၁) ဦးတို့ ‌ဖေဖော်ဝါရီလ ၂၂ ရက်နေ့ ည (၈) နာရီဝန်းကျင်က လူတစုရောက်ရှိလာပြီး ပစ်ခတ်သတ်ဖြတ်သွားခြင်း ဖြစ်သည်။

    (more…)

  • ရွှေရင်ကျော် ဆရာတဦးနှင့် ရေမဆေးကျောက်ရှာဖွေသူများအပါအဝင်ပြည်သူ (၃၀) ကျော် ဖမ်းဆီးခံရမှု ပြန်မလွတ်သေး

    ရွှေရင်ကျော် ဆရာတဦးနှင့် ရေမဆေးကျောက်ရှာဖွေသူများအပါအဝင်ပြည်သူ (၃၀) ကျော် ဖမ်းဆီးခံရမှု ပြန်မလွတ်သေး

    RNA_ဖားကန့်၊ ဖေဖော်ဝါရီ ၁၇၊၂၀၂၃ ခုနှစ်။

    ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာ အုပ်စု၊ မှော်စီစာကျေးရွာအပိုင် အောင်သာယာ (၁) ကျေးရွာနှင့် ဆောင်းချိန်ကျေးရွာတို့မှ အပြစ်မဲ့ ပြည်သူ (၃၀)ခန့်အား ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ (၁၅)ရက်နေ့ ညနေ ၅ နာရီခန့်တွင် စစ်ကောင်စီတပ်နှင့် လက်‌အောက်ခံများက အတင်း အဓမ္မကြိုးတုတ်ကာဖမ်းဆီးသွားခဲ့ပြီး ယနေ့ ‌(ဖေဖော်ဝါရီ ၁၇ ရက်)အထိ ပြန်လွှတ်ပေးခြင်း မရှိသေးကြောင်း သိရသည်။

    “ဖမ်းသွားတဲ့ထဲ ရေမဆေးကျောက်ရှာပြန်တဲ့သူပါတယ်၊ လမ်းသွားလမ်းလာတွေပါတယ်၊ ဆောင်းချိန်ကဆို ရွှေရင်ကျော်ဆရာတစ်ယောက်ပါတယ်၊ ခုထိတော့ ပြန်မလွှတ်ပေးသေးဘူးဗျ”ဟု ဆောင်းချိန်ကျေးရွာနေသူတစ်ဦးက ပြောသည်။

    (more…)

  • စစ်ကောင်စီတပ်နှင့်ပျူစောထီးများ ကြားဖြတ်တိုက်ခိုက်ခံရ 

    စစ်ကောင်စီတပ်နှင့်ပျူစောထီးများ ကြားဖြတ်တိုက်ခိုက်ခံရ 

    RNA_ဖေဖော်ဝါရီ(၇)၊၂၀၂၃ ခုနှစ်။

    စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ တည်သီးတောကျေးရွာမှ ပျူစောထီးနှင့် စစ်ကောင်စီတပ်သားများ ဖေဖော်ဝါရီလ (၆) ရက်နေ့ နံနက် (၈) နာရီ (၁၅) မိနစ်ဝန်းကျင်ခန့်က ဇီးဖြူကုန်းရွာသို့အသွားတွင် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

    စစ်ကောင်စီတပ်သားများနှင့် လက်အောက်ခံ ပျူစောထီးများကို ဗိုလ်ကျားရိုင်း-ရွှေဘို(LPDF)အဖွဲ့၊ ဗိုလ်ဂျပန်ကြီး (T.T.T)-SHWEBO LPDFအဖွဲ့၊ မတစ်ထောင်(တစ်ကောင်ဘွား)-ဒီပဲယင်းအဖွဲ့၊ ရွှေဘိုမြို့နယ် တိုက်နယ်-၂ မဟာမိတ် ညီကိုများမှ ဆွဲမိုင်းတိုက်ခိုက်ခဲ့ကြောင်း ဗိုလ်ကျားရိုင်း-ရွှေဘို (LPDF) အဖွဲ့က ထုတ်ပြန်ထားသည်။

    [embedyt] https://www.youtube.com/watch?v=J8FnSbVrlk4[/embedyt]

    တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားနှင့် ပျူစောထီး (၇) ဦးသေဆုံးပြီး (၃) ဦးအပြင်းအထန် ဒဏ်ရာရရှိသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသော်လည်း Red News Agency အနေဖြင့် သီးခြား တိတိကျကျ အတည်ပြုနိုင်ခြင်း မရှိကြောင်း အသိပေးအပ်ပါသည်။

    Red News Agency

  • ဥပဒေ စိုးမိုးမှုမရှိတော့တဲ့နောက် ဖားကန့်ကျောက်စိမ်းတွင်း အခြေအနေ

    ဥပဒေ စိုးမိုးမှုမရှိတော့တဲ့နောက် ဖားကန့်ကျောက်စိမ်းတွင်း အခြေအနေ

    RNA_ဖေဖော်ဝါရီ()၊၂၀၂၃ခုနှစ်။

    စစ်တပ်အာဏာသိမ်းပြီးနောက်ဖားကန့်ကျောက်စိမ်းတွင်းတွေကိုဘယ်သူတွေစိုးမိုးနေလဲ၊ဘာ့ကြောင့်တိုက်ပွဲတွေမဖြစ်သလဲ၊ကျောက်စိမ်းတွေကိုဘယ်သူတွေတူးနေကြသလဲဆိုတဲ့အခြေအနေအရပ်ရပ်ကို တင်ပြလိုက်ပါသည်။

    [embedyt] https://www.youtube.com/watch?v=8_sruzlaK80[/embedyt]

    Red News Agency

  • သတင်းလွတ်လပ်ခွင့် ကင်းမဲ့နေသည့် ဖားကန့်မိုင်းတွင်းဒေသ

    သတင်းလွတ်လပ်ခွင့် ကင်းမဲ့နေသည့် ဖားကန့်မိုင်းတွင်းဒေသ

    အခုက ဓါတ်ပုံလေး ဖုန်းနဲ့သွားရိုက်တာတောင် ဟေ့လူ မရိုက်ရဘူးဆိုတာ နားမလည်ဘူးလား၊ ခုပြန်ဖျက်၊ ဘာသတင်းထောက်လဲ အစအနပျောက်သွားမယ်၊ အဲ့လိုဟ နည်းနည်းမှ ပြန်ပြောလို့မရဘူး

    RNA_ဖားကန့်၊ ဇန်နဝါရီ(၂၉)၊၂၀၂၃ ခုနှစ်။

    ဖားကန့်ဟုဆိုလျှင် ကျောက်စိမ်းတူးဖော်ထွက်ရှိရာ မိုင်းတွင်းဒေသမှန်း လူတိုင်းသိကြသော်လည်း ဒေသတွင်း သတင်းရယူခြင်းလုပ်ငန်းများကို အသက်နှင့်ခင်းထားရကြောင်းကိုမူ လူသိနည်းလှသည်။

    စစ်ကောင်စီမှ မတရားအာဏာသိမ်းပြီးနောက် တွင်ကျယ်စွာတူးဖော်လာသည့် ကျောက်မိုင်း‌ဧရိယာအတွင်း ဖုန်းဖြင့် ဓါတ်ပုံရိုက်ခြင်း၊ ဗွီဒီယိုရိုက်ကူးခြင်းများအား တွေ့ရှိပါက လုပ်ကွက်လုံခြုံရေးယူပေးထားသူများ၏ ဖမ်းဆီးရိုက်နှက်ခံရခြင်း၊ ဖုန်းထုခွဲခံရခြင်းများကြုံတွေ့ကြရသည်။

    တစ်နိုင်ငံလုံး နွေဦးတော်လှန်ရေးအတွက် လုံးပန်းနေကြသော်လည်း ဖားကန့်က စီးပွားရေးအုတ်မြစ်အဖြစ် ငွေကြေးရတက်ရှိသူများ၏ စေလိုရာစေ ဒေသသာဖြစ်ခဲ့သည်။

    (more…)

  • ဒီပဲယင်းမြို့နယ်ညောင်လှကျေးရွာ တတိယအကြိမ်မီးရှို့ခံရမှု မြင်ကွင်း

    ဒီပဲယင်းမြို့နယ်ညောင်လှကျေးရွာ တတိယအကြိမ်မီးရှို့ခံရမှု မြင်ကွင်း

    RNA_ဇန်နဝါရီ(၂၆)၊၂၀၂၃ ခုနှစ်။
     
    စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ ညောင်လှကျေးရွာကို အာဏာသိမ်းစစ်ကောင်စီတပ်က ဇန်နဝါရီလ ၂၄ ရက် (၂၅) ရက်နေ့တို့က တတိယအကြိမ်အဖြစ် တရွာလုံးနီးပါးကို မီးရှို့ဖျက်ဆိးခဲ့ကြောင်း မှတ်တမ်းနှင့်တကွ ဒီပဲယင်းမြို့နယ် စစ်ရှောင် ထောက်ပံ့ရေးအဖွဲ့က တင်ပြထားသည်။
    [embedyt] https://www.youtube.com/watch?v=b6j5MY0T_CM[/embedyt]
    Red News Agency

  • စစ်ဘေးရှောင်စခန်းများစီမံခန့်ခွဲမှုကော်မတီ ယာယီအထိုင်ရုံး ဗုံးကြဲခံရ

    စစ်ဘေးရှောင်စခန်းများစီမံခန့်ခွဲမှုကော်မတီ ယာယီအထိုင်ရုံး ဗုံးကြဲခံရ

    RNA_ဇန်နဝါရီ(၁၅)၊၂၀၂၃ ခုနှစ်။
     
    ချင်းပြည်နယ်၊ မင်းတပ်မြို့နယ် စစ်ဘေးရှောင်စခန်းများစီမံခန့်ခွဲမှုကော်မတီယာယီအထိုင်ရုံးပြုလုပ်ထားသည့် ပလိပ်ထွီ ဘုန်းတော်ကြီးကျောင်းအဆောက် အဦပေါ်ကို အာဏာသိမ်းစစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် ဇန်နဝါရီလ ၂၃ ရက်နေ့က ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
     
    “လေယာဥ်ဗုံးကြောင့် တစ်ဖွဲ့လုံးထိခိုက်ဒဏ်ရာ ရရှိခဲ့ကြပါတယ် အဖွဲ့၀င် နှစ်ယောက်မှာ ပြင်းထန်ဒဏ်ရာ မစိုးရိမ်ရ အခြေအနေပါ။ ငွေသားသိန်းသုံးဆယ်၊ ရုံးသုံး Computer တစ်လုံး၊ Solar သုံးချပ်၊ Hymon Jeep ကား တစ်စီး ၊ Battery လေးလုံး၊ ဖုန်းနှစ်လုံး၊ Printer တစ်လုံး ၊ ဆိုင်ကယ် နှစ်စီး ၊ ခြုံစောင်များ နှင့် အခြားလူသုံးကုန်ပစ္စည်း အားလုံးနီပါး စုတ်ပြတ်ပျက်စီးသွားခဲ့ပါတယ်” ဟု Mindat Township IDPs Camp Management Committee က ယနေ့ ထုတ်ပြန်ထားသည်။

    (more…)

  • အလယ်ရှိုကျေးရွာ မီးရှို့ဖျက်ဆီးခံရမှုအတွင်း အရပ်သား ပြည်သူ (၉) ဦးသေဆုံးခဲ့ရ

    အလယ်ရှိုကျေးရွာ မီးရှို့ဖျက်ဆီးခံရမှုအတွင်း အရပ်သား ပြည်သူ (၉) ဦးသေဆုံးခဲ့ရ

     RNA_ဇန်နဝါရီ(၂၄)၊၂၀၂၃ ခုနှစ်။

    စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့နယ်၊ အလယ်ရှိုကျေးရွာ စစ်ကောင်စီတပ်နှင့် ပျူစောထီးများပါအဝင်သည့် အင်အား ၁၀၀ ကျော်ဝန်းကျင်က ပစ်ခတ်ဝင်ရောက်စီးနင်းမှုအတွင်း အိမ်ခြေ ၁၀၀ ကျော််မီးရှို့ဖျက်ဆီးခံရပြီးအရပ်သား ပြည်သူ (၉) ဦးသေဆုံးခဲ့ရသည်ဟု NUG လူ့အခွင့်အရေးဝန်ကြီးဌာနက ယနေ့ ထုတ်ပြန်ထားသည်။

    ” ရွှေဘိုလေ့ကျင့်ရေး အမှတ် (၈) တပ်၊ ဇီးကုန်းသကြားစက်အတွင်း တပ်စွဲထားသည့် တပ်နှင့် ပျူစောထီး ပူးပေါင်းအင်အား ၁၀၀ကျော်သည် အလယ်ရှိုကျေးရွာကို လက်နက်ကြီး လက်နက်ငယ်များဖြင့် အကြမ်းဖက်ဝင်ရောက်ပိတ်ဆို့ခဲ့ပြီး ထွက်မပြေးနိုင်သည့်ရွာသားများကို လူသားဒိုင်းအဖြစ်အသုံးပြုကာ ကျေးရွာအတွင်းရှိ ရွာသူ ရွာသားများအား အကြမ်းဖက်သတ်ဖြတ်ခဲ့သည်။ အဆိုပါ အကြမ်းဖက်မှုကြောင့် အရပ်သားပြည်သူ (၉)ဦး အသက်ဆုံးရှုံးခဲ့ပြီး အိမ်ခြေ (၁၀၀) နီးပါး မီးရှို့ဖျက်စီးခံခဲ့ရပါသည်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    (more…)