စစ်သင်္ဘော

ကျောက်တော်ဗုံးကြဲခံရပြီးနောက် မလေးရှားက မြန်မာနိုင်ငံသားများကို စစ်အုပ်စုထံ ပြန်လွှဲပေး

ကျောက်တော်ဗုံးကြဲခံရပြီးနောက် မလေးရှားက မြန်မာနိုင်ငံသားများကို စစ်အုပ်စုထံ ပြန်လွှဲပေး

RNA_စက်တင်ဘာ(၂၉)၊၂၀၂၆ခုနှစ်။ မလေးရှားအစိုးရက ဖမ်းဆီးထိန်းသိမ်းထားသည့် မြန်မာနိုင်ငံသားများအား စစ်အုပ်စုထံ ပြန်လည်လွှဲပြောင်းပေးနေမှုကို ချက်ချင်းရပ်တန့်ရန် တောင်းဆိုကြောင်း လူ့အခွင့်အရေးဆိုင်ရာ အာဆီယံအမတ်များ (APHR) က ယနေ့ (စက်တင်ဘာ ၂၉ ရက်) ထုတ်ပြန်ထားသည်။ ယနေ့နံနက်ပိုင်း၌ ပီရတ် (Perak) ပြည်နယ် လူမွတ် (Lumut) ဆိပ်ကမ်းမှတဆင့် မြန်မာနိုင်ငံသား (၁၅၀၀) အား စစ်အုပ်စုထံ လွှဲပြောင်းပေးမှုလုပ်ငန်းစဉ်များကို မလေးရှားအစိုးရ တာဝန်ရှိသူများက စတင်လုပ်ဆောင်နေမှုအပေါ် နေရပ်ပြန်ပို့ခံရသူများအတွက် ဘေးကင်းလုံခြုံမှုရှိမှသာ နေရပ်ပြန်ပို့ရန် APHR က တောင်းဆိုခဲ့ခြင်း ဖြစ်သည်။ စစ်အုပ်စုနှင့် သဘောတူညီမှုရထားသည့် မလေးရှားအစိုးရမှ နေရပ်ပြန်ပို့မည့် မြန်မာနိုင်ငံသား (၅၀၀၀) ထဲမှ ယခု ပထမဆုံးအသုတ်အဖြစ် (၁၅၀၀) ကို…
Read More
KIA တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့သည့် စစ်အုပ်စုသင်္ဘောများထဲတွင် ပုဂ္ဂလိကသင်္ဘော (၄) စင်းပါဝင်နေမှုအပေါ် ဗိုလ်ချုပ်ဂွမ်မော် တောင်းပန်

KIA တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့သည့် စစ်အုပ်စုသင်္ဘောများထဲတွင် ပုဂ္ဂလိကသင်္ဘော (၄) စင်းပါဝင်နေမှုအပေါ် ဗိုလ်ချုပ်ဂွမ်မော် တောင်းပန်

RNA_စက်တင်ဘာ(၂၃)၊၂၀၂၆ခုနှစ်။ စစ်အုပ်စု၏ အဓမ္မဖိအားပေးမှုများကြောင့် လိုက်ပါခဲ့ရသည့် ပုဂ္ဂလိကသင်္ဘောများ ပျက်စီးခဲ့မှုအပေါ် စိတ်မကောင်းဖြစ်ရကြောင်းနှင့် နားလည်ပေးနိုင်မည်ဟု မျှော်လင့်ကြောင်း ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ဗိုလ်ချုပ် ဂွမ်မော်က ပြောကြားထားသည်။ ပုဂ္ဂလိကသင်္ဘောပိုင်ရှင်များအား တောင်းပန်ကြောင်း ဗိုလ်ချုပ်ဂွမ်မော်က ၎င်း၏ လူမှုကွန်ရက်စာမျက်နှာမှတဆင့် ယနေ့ (စက်တင်ဘာ ၂၃ ရက်) တွင် ရေးသားဖော်ပြခဲ့ခြင်းဖြစ်ပြီး သင်္ဘောတန်ဖိုးမှာ ကျပ်သိန်းပေါင်း (၈၀၀၀) မှ သိန်းပေါင်း (၂၀၀၀၀) အထိရှိနိုင်ကြောင်း ဖော်ပြထားသည်။ ယခုစက်တင်ဘာလအတွင်း ဧရာဝတီမြစ်ကြောင်းအတိုင်း ဗန်းမော်သို့ ဆန်တက်လာသည့် စစ်အုပ်စု ထောက်ပို့သင်္ဘောများထဲမှ (၁၈) စင်းကို KIA ပူးပေါင်းတပ်များက တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့ခြင်းဖြစ်ပြီး စစ်သုံ့ပန်း ရာနှင့်ချီကိုလည်း မိသားစုဝင်များနှင့်အတူ ဖမ်းဆီးရမိ ထိန်းသိမ်းထားကြောင်း သိရသည်။…
Read More
ဗိုလ်မှူးချုပ်ဇော်မင်းထွန်း သုံ့ပန်းအဖြစ်ဖမ်းခံထားရပြီး ဗိုလ်မှူးကြီး မင်းမင်းထွန်းသေဆုံး

ဗိုလ်မှူးချုပ်ဇော်မင်းထွန်း သုံ့ပန်းအဖြစ်ဖမ်းခံထားရပြီး ဗိုလ်မှူးကြီး မင်းမင်းထွန်းသေဆုံး

RNA_ဖေဖော်ဝါရီ(၁၅)၊၂၀၂၄ခုနှစ်။ ရက္ခိုင်ပြည်စစ်မြေပြင်တွင် စစ်ကောင်စီလက်အောက်ခံများဖြစ်သည့် ဗိုလ်မှူးချုပ်ဇော်မင်းထွန်းမှာ သုံ့ပန်းအဖြစ်ဖမ်းဆီးခံထားရပြီး တပ်မ (၁၁) တပ်မမှူး - ဗိုလ်မှူးကြီး မင်းမင်းထွန်းမှာ တိုက်ပွဲအတွင်း အသေဖမ်းဆီးရမိသည်ဟု ရက္ခိုင့်တပ်တော် AA ထံမှ သိရသည်။ စစ်ကောင်စီတပ် စကခ (၉) တပ်မမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၇/၈) ရက်များက ကျောက်တော်မြို့နယ်၊ အပေါက်ဝရွာအနီး ရေကြောင်းတိုက်ပွဲများအတွင်း အသက်လု ထွက်ပြေးလာခဲ့စဉ် ၎င်းတို့တပ်ဖွဲ့ဝင်အချို့နှင့်အတူ ဖမ်းဆီးရမိထားကြောင်း၊ နှုံးဘူးဗျူဟာမှူး ဒု-ဗိုလ်မှူးကြီး ဗညားပိုင်စိုးကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ဒုတိယအပတ် တိုက်ပွဲကာလများတွင် သေနတ်ဒဏ်ရာများဖြင့် အသေဖမ်းဆီးရမိခဲ့သည်ဟု AA ကထုတ်ပြန်ထားသည်။ (more…)
Read More
AA ၏ ၆ ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီ၏ စစ်သင်္ဘော (၃)စင်း အပါအဝင် ၉ စင်းကို ချေမှုန်းနိုင်ခဲ့

AA ၏ ၆ ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီ၏ စစ်သင်္ဘော (၃)စင်း အပါအဝင် ၉ စင်းကို ချေမှုန်းနိုင်ခဲ့

RNA_ဖေဖော်ဝါရီ(၁၄)၊၂၀၂၄ခုနှစ်။ ရက္ခိုင်ပြည်၊ မင်းပြားမြို့နယ်နှင့်ကျောက်တော်မြို့နယ်တို့တွင် ဖေဖော်ဝါရီ ၇ ရက်နေ့မှ ၁၃ ရက်နေ့အထိ ရက္ခိုင့်တပ်တော် AA ၏ တိုက်ခိုက်ချေမှုန်းမှုအတွင်း စစ်ကောင်စီ၏ စစ်သင်္ဘော (၃) စင်းနှင့် ဇက်သင်္ဘော (၂) စင်းတို့ကို တိုက်ခိုက်ချေမှုန်းနိုင်ခဲ့ပြီး အခြားသော ၄ စီးမှာလည်း ရေချမရနိုင်အောင် ပျက်စီးသွားသည်ဟု AA ကထုတ်ပြန်ထားသည်။ ရက္ခိုင်ပြည်၊ မင်းပြားမြို့နယ်၊ သက်ပုန်းရွာအနီး ရေကြောင်းတိုက်ပွဲအတွင်း၌ စစ်ကောင်စီ၏ စစ်သင်္ဘော (၁) စင်းကိုလည်း ဖေဖော်ဝါရီ ၁၃ ရက်နေ့က ထပ်မံတိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ ဖေဖော်ဝါရီ ၇ ရက်နှင့် ၈ ရက်နေ့ကလည်း ကျောက်တော်မြို့နယ်၊ အပေါက်ဝကျေးရွာအနီး ရေကြောင်းတိုက်ပွဲ၌ စစ်ကောင်စီ၏ စစ်သင်္ဘော…
Read More