စစ်သင်္ဘော

ဗိုလ်မှူးချုပ်ဇော်မင်းထွန်း သုံ့ပန်းအဖြစ်ဖမ်းခံထားရပြီး ဗိုလ်မှူးကြီး မင်းမင်းထွန်းသေဆုံး

ဗိုလ်မှူးချုပ်ဇော်မင်းထွန်း သုံ့ပန်းအဖြစ်ဖမ်းခံထားရပြီး ဗိုလ်မှူးကြီး မင်းမင်းထွန်းသေဆုံး

RNA_ဖေဖော်ဝါရီ(၁၅)၊၂၀၂၄ခုနှစ်။ ရက္ခိုင်ပြည်စစ်မြေပြင်တွင် စစ်ကောင်စီလက်အောက်ခံများဖြစ်သည့် ဗိုလ်မှူးချုပ်ဇော်မင်းထွန်းမှာ သုံ့ပန်းအဖြစ်ဖမ်းဆီးခံထားရပြီး တပ်မ (၁၁) တပ်မမှူး - ဗိုလ်မှူးကြီး မင်းမင်းထွန်းမှာ တိုက်ပွဲအတွင်း အသေဖမ်းဆီးရမိသည်ဟု ရက္ခိုင့်တပ်တော် AA ထံမှ သိရသည်။ စစ်ကောင်စီတပ် စကခ (၉) တပ်မမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၇/၈) ရက်များက ကျောက်တော်မြို့နယ်၊ အပေါက်ဝရွာအနီး ရေကြောင်းတိုက်ပွဲများအတွင်း အသက်လု ထွက်ပြေးလာခဲ့စဉ် ၎င်းတို့တပ်ဖွဲ့ဝင်အချို့နှင့်အတူ ဖမ်းဆီးရမိထားကြောင်း၊ နှုံးဘူးဗျူဟာမှူး ဒု-ဗိုလ်မှူးကြီး ဗညားပိုင်စိုးကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ဒုတိယအပတ် တိုက်ပွဲကာလများတွင် သေနတ်ဒဏ်ရာများဖြင့် အသေဖမ်းဆီးရမိခဲ့သည်ဟု AA ကထုတ်ပြန်ထားသည်။ (more…)
Read More
AA ၏ ၆ ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီ၏ စစ်သင်္ဘော (၃)စင်း အပါအဝင် ၉ စင်းကို ချေမှုန်းနိုင်ခဲ့

AA ၏ ၆ ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီ၏ စစ်သင်္ဘော (၃)စင်း အပါအဝင် ၉ စင်းကို ချေမှုန်းနိုင်ခဲ့

RNA_ဖေဖော်ဝါရီ(၁၄)၊၂၀၂၄ခုနှစ်။ ရက္ခိုင်ပြည်၊ မင်းပြားမြို့နယ်နှင့်ကျောက်တော်မြို့နယ်တို့တွင် ဖေဖော်ဝါရီ ၇ ရက်နေ့မှ ၁၃ ရက်နေ့အထိ ရက္ခိုင့်တပ်တော် AA ၏ တိုက်ခိုက်ချေမှုန်းမှုအတွင်း စစ်ကောင်စီ၏ စစ်သင်္ဘော (၃) စင်းနှင့် ဇက်သင်္ဘော (၂) စင်းတို့ကို တိုက်ခိုက်ချေမှုန်းနိုင်ခဲ့ပြီး အခြားသော ၄ စီးမှာလည်း ရေချမရနိုင်အောင် ပျက်စီးသွားသည်ဟု AA ကထုတ်ပြန်ထားသည်။ ရက္ခိုင်ပြည်၊ မင်းပြားမြို့နယ်၊ သက်ပုန်းရွာအနီး ရေကြောင်းတိုက်ပွဲအတွင်း၌ စစ်ကောင်စီ၏ စစ်သင်္ဘော (၁) စင်းကိုလည်း ဖေဖော်ဝါရီ ၁၃ ရက်နေ့က ထပ်မံတိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ ဖေဖော်ဝါရီ ၇ ရက်နှင့် ၈ ရက်နေ့ကလည်း ကျောက်တော်မြို့နယ်၊ အပေါက်ဝကျေးရွာအနီး ရေကြောင်းတိုက်ပွဲ၌ စစ်ကောင်စီ၏ စစ်သင်္ဘော…
Read More