Tag: မြန်မာသတင်းသမား

  • သတင်းသမား ဖိုးသီဟအပါအဝင် ပြည်သူ (၇) ဦးကို သတ်ထားသူများအား စစ်သုံ့ပန်းအဖြစ် AA ဖမ်းဆီးထား

    သတင်းသမား ဖိုးသီဟအပါအဝင် ပြည်သူ (၇) ဦးကို သတ်ထားသူများအား စစ်သုံ့ပန်းအဖြစ် AA ဖမ်းဆီးထား

    RNA_ဖေဖော်ဝါရီ(၂၉)၊၂၀၂၄ခုနှစ်။

    ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့၊ ခမရ (၃၇၈) ဗဟိုကင်းအချုပ်တွင် ဖမ်းဆီးခံထားရသည့် သတင်းသမား ကိုမြတ်သူထွန်း (ခ) ဖိုးသီဟ အပါအဝင် ပြည်သူ (၇) ဦးကို သတ်မိန့်တိုက်ရိုက်ပေးခဲ့သည့် ဗိုလ်မှူးသိန်းထိုက်စိုး၊ ခွင့်ပြုချက်ပေးသူ ဒုတိယရဲမှူးကြီး ခင်မောင်စိုး၊ သတ်ဖြတ်သည့်ဖြစ်စဉ်တွင် ပါဝင်ခဲ့သူ ဗိုလ်ကြီးအာကာမြင့် တို့ကို ရက္ခိုင့်တပ်တော်-AAက စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိထားသည်။

    [embedyt] https://www.youtube.com/watch?v=DlzezKS-Ed8[/embedyt]

    မြောက်ဦး ခမရ ၃၇၈ ဌာနချုပ်တွင် ဖမ်းဆီးချုပ်နှောင်ထားသည့် သတင်းသမား တဦးအပါအဝင် ပြည်သူ (၇) ဦးကို ခမရ ၃၇၈ တပ်ခွဲမှူး ဗိုလ်မှူးသိန်းထိုက်စိုးက ပစ်သတ်ရန် အမိန့်ပေးခဲ့ခြင်းဖြစ်ပြီး၊ မြောက်ဦးခရိုင် ဒုတိယရဲမှူးကြီး ခင်မောင်စိုးက ခွင့်ပြုခဲ့သည့်အတွက်၊ ခမရ ၃၇၈ မှ ဗိုလ်ကြီး အာကာမြင့်က ဒုတပ်ကြပ် သန်းအောင်နှင့်အဖွဲ့ကို သတ်ခိုင်းခဲ့သည်ဟု စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံထားရသည့် စစ်ရာဇဝတ်မှု ကျူးလွန်သူ (၃) ဦးလုံးက ဝန်ခံထွက်ဆိုထားသည့်ရုပ်သံ ယနေ့ AA ကထုတ်ပြန်ထားသည်။

     

    Red News Agency

  • သတင်းသမားအပါအဝင် (၇) ဦးကို သတ်ဖြတ်ခဲ့ကြောင်း စစ်ရာဇဝတ်မှုကျူးလွန်ရာတွင် ပါဝင်ခဲ့သူ ဝန်ခံ

    သတင်းသမားအပါအဝင် (၇) ဦးကို သတ်ဖြတ်ခဲ့ကြောင်း စစ်ရာဇဝတ်မှုကျူးလွန်ရာတွင် ပါဝင်ခဲ့သူ ဝန်ခံ

    RNA_ဖေဖော်ဝါရီ(၂၉)၊၂၀၂၄ခုနှစ်။
     
    ရခိုင်ပြည်နယ်၊ မြောက်ဦး ခမရ (၃၇၈) ဗဟိုကင်း အချုပ်တွင် ဖမ်းဆီးခံထားရသည့် သတင်းသမား ကိုဖိုးသီဟ အပါအဝင် မတရားဖမ်းဆီးခံထားရသူ (၇) ဦးကို သတ်ဖြတ်ခဲ့ကြောင်း စစ်ရာဇဝတ်မှုကျူးလွန်ရာတွင် ပါဝင်ခဲ့သူ စစ်ကောင်စီလက်အောက်ခံ ဗိုလ်ကြီးအာကာထွန်း၏ ဝန်ခံထွက်ဆိုချက်ကို ရက္ခိုင့်တပ်တော် -AAက ယနေ့ ထုတ်ပြန်လိုက်သည်။
    [embedyt] https://www.youtube.com/watch?v=S86N8PNzFFQ[/embedyt]
     
    #RedNewsAgency