ချင်းပြည်နယ်

PDF နှိမ်နှင်းရန် စစ်‌ဆင်ရေး မအောင်မြင်သည့် ဒုတိယဗိုလ်ချုပ်ကြီးသန်းလှိုင် ရာထူးမှ ဖယ်ရှားခံရ

PDF နှိမ်နှင်းရန် စစ်‌ဆင်ရေး မအောင်မြင်သည့် ဒုတိယဗိုလ်ချုပ်ကြီးသန်းလှိုင် ရာထူးမှ ဖယ်ရှားခံရ

RNA_ဖေဖော်ဝါရီ ၁၇ ရက်၊ ၂၀၂၂ ခုနှစ်။ စစ်ကိုင်းတိုင်း၊မကွေးတိုင်းနှင့် ချင်းပြည်နယ်တို့တွင် PDF များကို နှိပ်နှင်းရန် အလောင်းမင်းတရားစစ်ဆင်ရေး၊ အနော်ရထာ စစ်ဆင်ရေးတို့ကို ဦးဆောင်စီမံကွပ်ကဲနေသည့် ဒုတိယဗိုလ်ချုပ်ကြီးသန်းလှိုင်အား ရာထူးမှ ဖယ်ရှားလိုက်ပြီးဖြစ်ကြောင်း သတင်းထွက်ပေါ်လာသည်။ ကာကွယ်ရေးဝန်ကြီးဌာန အမှတ် (၆) စစ်ဆင်ရေးအထူးအဖွဲ့မှူး (ကစထ-၆) ရာထူးမှ ဖယ်ရှားခံရသည့် ဒုတိယ ဗိုလ်ချုပ်ကြီးသန်းလှိုင်သည် PDF နှိမ်နှင်းရေး စစ်ဆင်ရေး မအောင်မြင်သည့်အတွက်ဖြစ်ကြောင်း သိရသည်။ (more…)
Read More
ထန်တလန် CDF ထိန်းချုပ်နယ်မြေ ကျေးရွာ (၅၁) ရွာကို ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်နေ 

ထန်တလန် CDF ထိန်းချုပ်နယ်မြေ ကျေးရွာ (၅၁) ရွာကို ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်နေ 

RNA_ဖေဖော်ဝါရီ ၂ ရက်၊ ၂၀၂၂ ခုနှစ်။ ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်က ကျေးရွာ (၅၁) ရွာကို CDF- Thantlang က ထိန်းချုပ်ထားပြီး ထန်တလန်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဌာနများဖွဲ့စည်းကာ ပြည်သူ့အုပ်ချုပ်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။ " CDF, Thantlang ထိန်းချုပ်သည့်နယ်မြေအတွင်းရှိ ကျေးရွာပေါင်း (၅၁) ရွာတွင် ကျေးရွာအုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲ လုပ်ငန်းဆောင်ရွက်ခဲ့ပြီး "အန်တလန်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့” ကို ၂၁၂၁ ခုနှစ်၊ နိုဝင်ဘာလ ၂၇၂၈ ရက်နေ့တွင် ဖွဲ့စည်းနိုင်ခဲ့သည်။ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အောက်တွင် ကျန်းမာရေး ပညာရေးဌာန၊ ပြည်သူ့ရဲတပ်ဖွဲ့၊ တရားဌာန၊ လမ်းပန်းဆက်သွယ်ဌာန၊ စိုက်ပျိုးရေးနှင့် မွေးမြူရေဌာန၊ စီမံကိန်း ဘဏ္ဍာ ရေးနှင့် ရင်းနှီးမြုပ်နှံမှုဌာနနှင့် ပြည်တွင်းပြည်ပဆက်ဆံရေးဌာန…
Read More
၁၁ လအတွင်း ချင်းတိုင်းရင်းသား ၁၆၀ ကျော် သေဆုံးခဲ့

၁၁ လအတွင်း ချင်းတိုင်းရင်းသား ၁၆၀ ကျော် သေဆုံးခဲ့

RNA_ဇန်နဝါရီ ၈ ရက်၊ ၂၀၂၂ ခုနှစ်။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ဒီဇင်ဘာလ ၃၁ရက်နေ့အထိ၊ ၁၁ လအတွင်း စစ်ကောင်စီ စစ်တပ်မှ အာဏာသိမ်းပြီးနောက် ချင်းတိုင်းရင်းသား ၁၆၀ ကျော် သေဆုံးရကြောင်း ချင်းရေးရာအဖွဲ့ချုပ်(ICA)က ဇန်နဝါရီ ၆ ရက်နေ့က သတင်းထုတ်ပြန်ထားသည်။ သေဆုံးသူများတွင် အမျိုးသမီး (၁၃) ဦး အပါအဝင် အရပ်သားပြည်သူ (၈၇) ဦးနှင့် ချင်းတော်လှန်ရေးတပ်ဖွဲ့များမှ (၇၆) ဦး အထိ ရှိပြီး၊ ထိုအထဲတွင် စစ်ကောင်စီ၏ မီးရှို့သတ်ဖြတ်မှုကြောင့် သေဆုံးသူ (၇) ဦး၊ အလောင်းပြန် မရသည့် အရပ်သား (၈) ဦး…
Read More
ခလရ (၂၈၉) တပ်ရင်း အလံဖြူထောင်သည့်ကိစ္စ မီဒီယာကို ဖြေကြားသည့် ပြည်သူ (၂) ဦး ဖမ်းဆီးခံရ

ခလရ (၂၈၉) တပ်ရင်း အလံဖြူထောင်သည့်ကိစ္စ မီဒီယာကို ဖြေကြားသည့် ပြည်သူ (၂) ဦး ဖမ်းဆီးခံရ

RNA_ဒီဇင်ဘာ ၂၉ ရက်၊ ၂၀၂၁ ခုနှစ်။ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ခလရ၂၈၉ တပ်ရင်း၊တပ်နယ်အတွင်းမှာ အလံဖြူထောင်ထားတာ မြင်တွေ့ရသည်ဟု ရခိုင်အခြေစိုက်၊သတင်းဌာနတစ်ခုသို့ ဒီဇင်ဘာလ ၂၈ ရက်နေ့က ဖြေကြားခဲ့သည့် ကျန်းမာရေးဝန်ထမ်း ကိုတင်ထွန်းအောင်နှင့် ပညာရေးဝန်ထမ်း ကိုတင်ဦးတို့ ဖမ်းဆီးခံရကြောင်း သိရသည်။ နေပြည်တော်၊ကုတင် ၃၀၀ ဆေးရုံးမှာ ဓာတ်မှန်ကျွမ်း ကျင်အနေဖြင့် တာဝန်ထမ်းဆောင်နေစဉ် မိခင်ကျန်းမာရေးကြောင့် ပြန်ရောက်လာသည့် ကိုတင်ထွန်းအောင်ကို ဒီဇင်ဘာလ ၂၈ ရက်နေ့ ည (၇) နာရီဝန်းကျင်က ၂၈၉ တပ်ရင်းမှ စစ်သားများကဖမ်းဆီးသွားကြောင်း၊ ဝိသုဒါရုံစစ်ဘေးရှောင်စခန်းမှာတာဝန်ခံလုပ်နေသည့် မီးလက်ဝကျေးရွာ စာသင်ကျောင်း အထွေထွေလုပ်သားတစ်ဦးဖြစ်သည့် ကိုတင်ဦးကို ဝိသုဒါရုံစစ်ရှောင်စခန်းဝင်ပြီး ရဲတွေ ဖမ်းသွားကြောင်း ဒေသခံ သတင်းရင်းမြစ်ထံမှ…
Read More
နတ်မတောင် ဝန်းကျင်က ရှုခင်းများ

နတ်မတောင် ဝန်းကျင်က ရှုခင်းများ

အဖေသေပျော်ပြီ သမီးရေတဲ့ နတ်မတောင်ပေါ်မှာ ဒီဇင်ဘာ ၂၁ ရက်နေ့က ဖခင်တဦးက သမီးဖြစ်သူကို ပြောကြားလိုက်တဲ့ စကားသံကို ကြားမိလိုက်တာပဲဖြစ်ပါတယ်။ ခေါ်နူးစုမ် အမျိုးသားဥယျာဉ်ဆိုတာကတော့ အများက နတ်မတော်လို့ သတ်မှတ်ခေါ်ကြပါတယ်။ (more…)
Read More