မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် တိုင်းနှင့်ပြည်နယ် (၇) ခုတွင် သေဆုံးသူ (၄၃၅) ဦးရှိ

RNA_မေ(၁၇)၊၂၀၂၃ ခုနှစ်။
 
မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ မကွေးတိုင်း နှင့် စစ်ကိုင်းတိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ် (၇) ခုတွင် သေဆုံးသူ (၄၃၅) ဦးရှိခဲ့ပြီး အဆက်အသွယ်မရသေးသည့် ပျောက်ဆုံးနေသူများရှိနေသေးကြောင်း မေလ (၁၆) ရက်နေ့ထိ စာရင်းကောက်ယူထားနိုင်ပြီဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ -NUG က ထုတ်ပြန်ထားသည်။
ဓာတ်ပုံ – ဒေသခံ
 
မေလ ၁၄ ရက်နေ့က ရခိုင်ပြည်နယ်အတွင်း ဦးတည်ဝင်ရောက်လာသည့် ဆိုင်ကလုန်းမုန်တိုင်းဒဏ်ကြောင့် နေအိမ်အဆောက်အဦများ၊ လမ်းတံတားများ၊ စိုက်ပျိုးရေးလုပ်ငန်းများနှင့် ကျွဲနွားသေဆုံးမှု များပြားခဲ့ကြောင်း၊ စစ်တွေမြို့နယ်အတွင်းရှိ ဒုက္ခသည်စခန်းအပါအဝင် ကျေးရွာများနှင့် မကွေးတိုင်း စလင်းမြို့နယ်အတွင်း သေဆုံးသူများရှိခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ – ဒေသခံ
ဓာတ်ပုံ – ဒေသခံ
ဓာတ်ပုံ – ဒေသခံ
ရခိုင်ပြည်နယ်အတွင်း စစ်တွေ၊ မောင်တော၊ ပုဏ္ဏားကျွန်း၊ ကျောက်ဖြူမြို့နယ်ပါအဝင် ၁၁ မြို့နယ်တွင် ၉၀ ရာခိုင်နှုန်းကျော် ပျက်စီးဆုံးရှုံးခဲ့ရပြီး ချင်းပြည်နယ်တွင်လည်း နေအိမ်အဆောက်အဦ တစ်ထောင်ကျော်ပျက်စီးခဲ့ကြောင်း၊ မုန်တိုင်းဒဏ်ကြောင့် ပျက်စီဆုံးရှုံးမှုများနှင့် အရေးပေါ်လိုအပ်ချက်များရှိနေကြောင်း NUGလူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
 
#RedNewsAgency
By Editor