21
Jul
RNA_ဇူလိုင်(၂၁)၊၂၀၂၅ခုနှစ်။ မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်တွင် စစ်ကောင်စီ၏ ရဲအင်အား (၂၅) ဦးခန့်အထိုင်ချတပ်စွဲထားသော လက်ဆည်ရဲစခန်းတိုက်ပွဲတွင် အမှတ် ( ၈ ) စစ်ကြောင်းမှ ရဲဘော် (၂) ဦး မြင့်မြတ်စွာကျဆုံးခဲ့သည်ဟု အမှတ် ၈၊ စစ်ကြောင်းက ယနေ့ ထုတ်ပြန်ထားသည်။ ဒေသတွင်း တော်လှန်ရေး မဟာမိတ်တပ်ဖွဲ့များက ဇူလိုင် ၁၇ ရက်နေ့ နံနက် တိုက်ပွဲတွင် လက်ဆည်ရဲစခန်းရှိ ဘန်ကာများကို တဆင့်ချင်း တိုက်ခိုက်ချေမှုန်းခဲ့ရာ ရန်သူ့စခန်းတွင်းမှ ရဲတန်းလျား (၄)ဆောင်၊ ဘန်ကာ(၄)ခု အထိသိမ်းပိုက်နိုင်ခဲ့ပြီး၊ ပင်မ အဆောက်အဦ (၁)ဆောင်နှင့် ဘန်ကာ (၂) ခုသာ သိမ်းပိုက်ရန်ကျန်ရှိနေချိန် စစ်ကောင်စီတပ်စစ်ကူများရောက်ရှိလာသည့်အတွက် ပြန်လည်ဆုတ်ခွါခဲ့ရသည်ဟု သိရသည်။ (more…)