Tag: ဆိပ်ဖြူ

  • လက်ဆည်ရဲစခန်းတိုက်ပွဲတွင် ရဲဘော် (၂)ဦး မြင့်မြတ်စွာကျဆုံး

    လက်ဆည်ရဲစခန်းတိုက်ပွဲတွင် ရဲဘော် (၂)ဦး မြင့်မြတ်စွာကျဆုံး

    RNA_ဇူလိုင်(၂၁)၊၂၀၂၅ခုနှစ်။
    မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်တွင် စစ်ကောင်စီ၏ ရဲအင်အား (၂၅) ဦးခန့်အထိုင်ချတပ်စွဲထားသော လက်ဆည်ရဲစခန်းတိုက်ပွဲတွင် အမှတ် ( ၈ ) စစ်ကြောင်းမှ ရဲဘော် (၂) ဦး မြင့်မြတ်စွာကျဆုံးခဲ့သည်ဟု အမှတ် ၈၊ စစ်ကြောင်းက ယနေ့ ထုတ်ပြန်ထားသည်။
    ဒေသတွင်း တော်လှန်ရေး မဟာမိတ်တပ်ဖွဲ့များက ဇူလိုင် ၁၇ ရက်နေ့ နံနက် တိုက်ပွဲတွင် လက်ဆည်ရဲစခန်းရှိ ဘန်ကာများကို တဆင့်ချင်း တိုက်ခိုက်ချေမှုန်းခဲ့ရာ ရန်သူ့စခန်းတွင်းမှ ရဲတန်းလျား (၄)ဆောင်၊ ဘန်ကာ(၄)ခု အထိသိမ်းပိုက်နိုင်ခဲ့ပြီး၊ ပင်မ အဆောက်အဦ (၁)ဆောင်နှင့် ဘန်ကာ (၂) ခုသာ သိမ်းပိုက်ရန်ကျန်ရှိနေချိန် စစ်ကောင်စီတပ်စစ်ကူများရောက်ရှိလာသည့်အတွက် ပြန်လည်ဆုတ်ခွါခဲ့ရသည်ဟု သိရသည်။

    (more…)

  • မြစ်အရှေ့ဘက်ခြမ်း စစ်ရေးအားကောင်းလာစေရန် ရွေ့လျားစစ်ကြောင်းများ လှုပ်ရှားနေ

    မြစ်အရှေ့ဘက်ခြမ်း စစ်ရေးအားကောင်းလာစေရန် ရွေ့လျားစစ်ကြောင်းများ လှုပ်ရှားနေ

    RNA_ ဇန်နဝါရီ(၂၂)၊၂၀၂၅ခုနှစ်။

    မကွေးတိုင်း၊ မြစ်အရှေ့ဘက်ခြမ်းမြို့များဖြစ်သော မကွေးမြို့၊ ရေနံချောင်းမြို့စသည့်ဘက်များတွင် စစ်ရေးအားကောင်းလာစေရန် မကွေးတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ရွေ့လျားစစ်ကြောင်းများအသုံးပြုပြီး နယ်မြေစိုးမိုးရေးအတွက် လှုပ်ရှားနေကြောင်း သိရသည်။

    မြစ်အရှေ့ဘက်ခြမ်းဖြစ်သော ရေနံချောင်းမြို့နှင့် မကွေးမြို့အတွင်း နယ်မြေစိုးမိုးရေးလှုပ်ရှားမှုများ ယခုရက်ပိုင်းအတွင်း ရွေ့လျားစစ်ကြောင်းတစ်ခုဖြစ်သော Midland Dolphins Column (မြေလတ်လင်းပိုင်စစ်ကြောင်း) ကလှုပ်ရှားမှုများပြုလုပ်ခဲ့ကြောင်း၊ ယင်းရွေ့လျားစစ်ကြောင်းသည် နယ်မြေအတွင်း ရောက်ရှိလာသည်မှာ (၂) ဝန်းကျင်သာရှိသေးသည်ဟု သိရသည်။

    (more…)

  • ဆောမြို့နယ်က ၆ ရက်တာတိုက်ပွဲ

    ဆောမြို့နယ်က ၆ ရက်တာတိုက်ပွဲ

    “ဒဏ်ရာရတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ အလောင်းတွေကို သုသာန်ကိုသယ်လာပြီးမှ အလောင်းတွေကို သင်္ဂြိုလ်ကာ ဒဏ်ရာရတွေကို ဆောမြို့ပေါ်ကို သယ်ဆောင်သွားတာပါ။ ဆောမြို့ပေါ်ကို သယ်ဖို့အရေး စစ်ကောင်စီက ငါးနာရီလောက်စောင့်ဆိုင်းခဲ့ရပြီး ညနက်ပိုင်းမှသာ သယ်ယူပို့ဆောင်ခဲ့တာ”

    ကျော်ရဲစံ

    မကွေးတိုင်း ပခုက္ကူကနေ ဆိပ်ဖြူ-ဆင်ဖြူကျွန်း-စလင်း-စေတုတ္တရာဘက်ကို ဇူလိုင်လ ၇ ရက်နေ့က သံချပ်ကာကား ၃ စီးအပါအဝင် အစီးရေ သုံးဆယ်ကျော်ရှိတဲ့ အကြမ်းဖက်အာဏာသသိမ်းတပ်က စစ်ကြောင်းထွက်လာပါတယ်။ ဇူလိုင်လ ၁၀ ရက်နေ့မှာတော့ ခြေလျင်အင်အား ၃၀၀ ဝန်းကျင်ဟာ စေတုတ္တရာမြို့နယ်ကို ရောက်ရှိလာတာပါ။

    ခြေလျင် အင်အားနဲ့ စစ်ကြောင်းက စေတုတ္တရာ ကျွန်းတောကနေ လောင်းရှည် က.ပ.စ ၂၅ အဲဒီကနေမှ ချင်းပြည်နယ် ကျင်ဒွေးဘက်ကို ရိက္ခာပို့သွားကြတာ ဖြစ်ပါတယ်။ ကြားထဲမှာလည်း လောင်းရှည်ဒေသမှာ ဆောဘက်ကို ထိုးမယ့် အင်အား ၁၂၀ စစ်ကြောင်းရှိနေပါတယ်။ ပြောရရင်တော့ စစ်ကြောင်း ၂ ကြောင်းပါ တကြောင်းက ရိက္ခာပို့ တကြောင်းက နယ်မြေရှင်းလင်းရေးပေါ့။

    ဓာတ်ပုံ – ချင်းပြည်နယ်နှင့် မကွေးတိုင်းစေတုတ္တရာမြို့နယ် နယ်စပ်တွင် ခေါ်နူးတပ်ရင်း (CDF-KANPETLET) နှင့် ပူးပေါင်းတပ်ဖွဲ့များ ၂၀၂၂ ခုနှစ်​ အောက်တိုဘာလအတွင်းက နယ်မြေရှင်းလင်းရေးဆောင်ရွက်နေစဉ်။

    ခြေလျင်အင်အား ၃၀၀ ဝန်းကျင်က ရှေ့ပြေးအနေနဲ့ လောင်းရှည်ဒေသကို ဇူလိုင်လ ၁၁ ရက်နေ့မှာ ရောက်ရှိပြီးတော့ ဇူလိုင်လ ၁၂ ရက်မှာ ကျင်ဒွေးဘက်ကို ​ရှေ့ပြေးစစ်ကြောင်းထိုးပါတယ်။ လောင်းရှည် ဘက်က အင်အား ၁၂၀ ပါတဲ့ စစ်ကြောင်းကလည်း ဆောမြို့ဘက်ကိုစတင်စစ်ကြောင်းထိုးလာပါတယ်။

    (more…)

  • ပုသိမ်-မုံရွာလမ်းအတိုင်း ဝင်ရောက်လာသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး (၂၀) ကျော်သေဆုံး

    ပုသိမ်-မုံရွာလမ်းအတိုင်း ဝင်ရောက်လာသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး (၂၀) ကျော်သေဆုံး

    RNA_ဖေဖော်ဝါရီ(၁၇)၊၂၀၂၃ ခုနှစ်။

    မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်၊ ပုသိမ်-မုံရွာလမ်းပိုင်းအတိုင်း၊ ကျေးရွာတရွာသို့ အင်အား (၄၀) ပါ စစ်ကောင်စီတပ် စစ်ကြောင်းထိုးအပြန် ပြည်သူ့စွမ်းအားတပ်ပေါင်းစု – PPC (ပခုက္ကူခရိုင်အမှတ် (၁၁) တပ်ရင်း)မှ မိုင်း (၉)လုံးဆွဲတိုက်ခိုက်မှုနှင့် အပြန် အလှန်ပစ်ခတ်မှု (၃၅) မိနစ်ခန့်အတွင်း စစ်ကောင်စီဘက်မှ (၂၀) ကျော်သေဆုံးခဲ့ကြောင်း သိရသည်။

    ပြည်သူ့စွမ်းအားတပ်ပေါင်းစု-PPC (ပခုက္ကူခရိုင် အမှတ် (၁၁) တပ်ရင်း)မှ ဖေဖော်ဝါရီ (၁၄) ရက်နေ့က စစ်ကောင်စီတပ် စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ပြီးပစ်ခတ်တိုက်ခိုက်ခဲ့ကြကြောင်း၊ တိုက်ပွဲဖြစ်ပွားချိန် (၅) မိနစ်ဝန်းကျင်တွင် စစ်ကောင်စီတပ် အကူများ ရောက်ရှိလာခဲ့ကြောင်း၊ တိုက်ပွဲအတွင်း စစ်ကောင်စီဘက် အကျအဆုံးများခဲ့သော်လည်း ပြန်အဆုတ်တွင် PPC ဒုတပ်စိတ်မှူးရဲ‌ဘော်တဦး ရွပ်ရွပ်ချွံချွံတိုက်ပွဲဝင်ရင်း ကျဆုံးခဲ့ရပြီး၊ ရဲဘော်တဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

    (more…)

  • မကွေးတိုင်း PDF ရဲဘော်များ ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ တောတွင်းတနေရာတွင် ပြုလုပ် 

    မကွေးတိုင်း PDF ရဲဘော်များ ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ တောတွင်းတနေရာတွင် ပြုလုပ် 

    RNA_ဖေဖော်ဝါရီ(၁၃)၊၂၀၂၃ ခုနှစ်။

    မကွေးတိုင်း၊ဆိပ်ဖြူမြို့နယ်အခြေစိုက်၊ ဆိပ်ဖြူဘာမထီ ပြည်သူ့ကာကွယ်ရေးတပ် နှင့် ပြည်သူ့တော်လှန်ရေးတပ်ဦး – PRF (ချောက် -ပြူးကြီး) တို့ပူးပေါင်းပြီးလွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ (၁၀၈) နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ် တောတွင်းတနေရာတွင် ပြုလုပ်ခဲ့ကြသည်။

    (more…)

  • “ရွာလေးတော့ ပြာကျသွားပြီ”

    “ရွာလေးတော့ ပြာကျသွားပြီ”

    စစ်ကောင်စီတပ်တွေက PDF တွေမနိုင်လို့ ကျေးရွာတွေကို လူမဆန်စွာ မီးရှို့ဖျက်ဆီးနေ

    RNA_အောက်တိုဘာ(၂၃)၊၂၀၂၂ခုနှစ်။

    မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်အတွင်း ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သားများ သေဆုံးပြီးနောက် လူမဆန်စွာ ကျေးရွာများကို မီးရှို့ဖျက်ဆီးမှု ပြုလုပ်နေသည်။

    [embedyt] https://www.youtube.com/watch?v=X6xedNWneFo[/embedyt]

    ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်၊ အမှတ်‌ (၄) တပ်ရင်း၊ တပ်ခွဲ (၂) ဘာမထီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်တဦးက မြေပြင်အနေအထားများနှင့်ပတ်သက်ပြီး Red News Agency ကိုပြောပြထားသည်။

    Red News Agency

  • ပြည်သူ့စွမ်းအားတပ်ပေါင်းစု စခန်း ဝင်စီးဖို့ပြင်သည့် စစ်ကောင်စီတပ် (၉) ဦး မိုင်းထိသေ

    ပြည်သူ့စွမ်းအားတပ်ပေါင်းစု စခန်း ဝင်စီးဖို့ပြင်သည့် စစ်ကောင်စီတပ် (၉) ဦး မိုင်းထိသေ

    RNA_ဖေဖော်ဝါရီ ၅ ရက်၊ ၂၀၂၂ ခုနှစ်။

    မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်အတွင်းရှိ ပြည်သူ့စွမ်းအားတပ်ပေါင်းစု ‌တောတွင်း ဆေးရုံနှင့် လက်နက်ထုတ်လုပ်ရေးစခန်းဘက်သို့အသွား စစ်ကောင်စီတပ် မိုင်းထိပြီး (၉) ဦးသေဆုံးကာ (၆) ဦးအပြင်းအထန် ဒဏ်ရာရရှိသွားကြောင်း ယနေ့ ပြည်သူ့စွမ်းအားတပ်ပေါင်းစုက ယနေ့ ထုတ်ပြန်ထားသည်။

    မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်၊ ရှားလှရွာအနီးတွင် ဖေဖော်ဝါရီလ ၂ ရက်မှ ၄ ရက်နေ့အထိ ပြည်သူ့စွမ်းအားတပ်ပေါင်းစု၊ ပေါက်မြို့နယ်ပြောက်ကျားတပ်ဖွဲ့ တပ်ရင်း (၁)၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မကွေးMagway PDF မှ ထုတ်နုတ်တစ်စုအပါအဝင်တို့နှင့် စစ်ကောင်စီတို့တိုက်ပွဲဖြစ်ပွားခဲ့ပြီး၊ စစ်ကောင်စီမှ လက်နက်ကြီး အချက် ၃၀ ခန့် ရွာနှင့် PDF စခန်းများရှိရာအရပ်သို့ဦးတည်ပစ်ခတ်ခဲ့ကြောင်း၊ ပြည်သူ့စွမ်းအားတပ်ပေါင်းစုမှ တစ်ရက်လျှင် OPD လူနာ ၁၀၀ ခန့်နှင့် အနီးကပ်ကုသလူနာ 17 ဦးခန့် အား အခမဲ့ ကုသပေးလျှက်ရှိသော ဆေးခန်း၊ ဆေးဝါးများ ကုသရေးပစ္စည်းများနှင့် ဆိုင်ကယ် (15) စီးခန့် မီးရှို့ဖျက်စီးခံရကြောင်း သိရသည်။ (more…)