CNDF Special Operation

ခလရ ၂၆၈ လက်အောက်ခံ ထင်းရှူးစခန်းမှ စစ်ကောင်စီတပ်သားများ စခန်းစွန့်ခွါထွက်ပြေး

ခလရ ၂၆၈ လက်အောက်ခံ ထင်းရှူးစခန်းမှ စစ်ကောင်စီတပ်သားများ စခန်းစွန့်ခွါထွက်ပြေး

RNA_နိုဝင်ဘာ(၂၂)၊၂၀၂၃ ခုနှစ်။ ချင်းပြည်နယ်၊ ဖလမ်းမြို့အခြေစိုက် ခလရ ၂၆၈ လက်အောက်ခံ ထင်းရှုးစခန်းမှ စစ်ကောင်စီတပ်သားများ စခန်းစွန့်ခွါထွက်ပြေးသည့်အတွက် ခရီးသွားပြည်သူများအနေဖြင့် လူသားဒိုင်းကာအဖြစ် အသုံးချနိုင်သောကြောင့် ဖလမ်း-ကလေးလမ်းမကြီးအား လုံးဝအသုံးမပြုရန် Chin National Organizationမှ ယနေ့ နံနက်တွင် သတိပေးထားသည်။ Operation 1027 မှအစပြုပြီး ပြည်ထောင်စုတဝန်းလုံး စစ်ကောင်စီတပ်စခန်းသိမ်းတိုက်ပွဲများကို ကြိုဆိုထောက်ခံသောအားဖြင့် ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့- CNDF အနေဖြင့် CNDF Special Operation (အထူးစစ်ဆင်ရေး) ကိုမဟာဗျူဟာကျကျရေးဆွဲပြီး စခန်းသိမ်းတိုက်ပွဲများကို မဟာမိတ်များနှင့်ပူးပေါင်းကာ ဖော်ဆောင်နေသည်။ (more…)
Read More