ဟားခါးမြို့နယ် သီးမစ်တိုက်ပွဲတွင် ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ ရဲဘော် ၁၁ ဦးကျဆုံး

RNA_မေ(၃၁)၊၂၀၂၃ ခုနှစ်။
 
ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၊ သီးမစ်တိုက်ပွဲတွင် စစ်ကောင်စီတပ်လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုအတွင်း ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ ရဲဘော် ၁၁ ဦးကျဆုံးခဲ့ရကြောင်း သိရသည်။
 
မေလ ၂၉ ရက်နေ့တွင် သီးမစ်တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီလေကြောင်းဗုံးကြဲတိုက်ခိုက်မှုအတွင်း CDF -ဟားခါးမှ ရဲဘော် ၈ ဦး၊ CDF -ဇိုးဖိုင်မှ ရဲဘော် ၁ ဦးနှင့် ချင်းအမျိုးသားတပ်ဦး(CNA) မှ ရဲဘော် ၂ ဦးတို့ ကျဆုံးခဲ့ရပြီး၊ CDF -ခွန်ကျုံး၊ CDF -ဇိုးဖိုင်၊ CDF-ဟာခါး နှင့် CNAတို့မှ ရဲဘော်များ ဒဏ်ရာရရှိခဲ့ကြကြောင်း သိရသည်။

စစ်ကောင်စီတပ် အင်အား ၂၀၀ ကျော်နှင့် ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များ တိုက်ပွဲပြင်းထန်နေချိန် စစ်ကောင်စီတပ်လေကြောင်းမှ Jet Fighter ဖြင့် လာရောက် ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်ကြောင်း၊ စစ်ကောင်စီတပ်ဖွဲ့ အင်းအား ၁၅၀ ခန့်သည် အချင်းအမျိုးသားတပ်ဦး(CNA) ဌာနချုပ်ဘက်သို့ စစ်ကြောင်းထိုးနေကြောင်းလည်း ကနဦး သိရှိထားသည်ဟု ချင်းအမျိုးသားကာကွယ်ရေးတပ် တပ်မဟာ (၁) မှ ထုတ်ပြန်ကြေညာထားသည်။
 
#RedNewsAgency
By Editor