Tag: လောင်းရှည်ဒေသ

  • ဆောမြို့နယ်တွင် စစ်ကောင်စီလက်အောက်ခံများ အလင်းဝင်သူများနှင့် စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရမှုများရှိ

    ဆောမြို့နယ်တွင် စစ်ကောင်စီလက်အောက်ခံများ အလင်းဝင်သူများနှင့် စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရမှုများရှိ

    RNA_ဇန်နဝါရီ(၈)၊၂၀၂၅ ခုနှစ်။

    မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်တွင် ဇန်နဝါရီလ ပထမပတ်အတွင်း စစ်ကောင်စီလက်အောက်ခံ (၆) ဦး အလင်းဝင်ခဲ့ပြီး၊ စစ်ကောင်စီတပ်ဖွဲ့ဝင် (၄)ဦးအား အရှင်ဖမ်းဆီးရမိခဲ့သည်ဟု အမှတ် (၁) စစ်ဒေသက ထုတ်ပြန်ထားသည်။

    ဆောမြို့မရဲစခန်းမှ လောင်းရှည်တိုက်နယ် ရဲစခန်းသို့ ထွက်လာသော စစ်ကြောင်းမှ စစ်ကောင်စီအဖွဲ့ဝင် (၅) ဦးသည် ဇန်နဝါရီလ (၆) ရက်တွင် MA-1 (၁) လက်၊ MA-3 (၁) လက်၊ MA ကျည် (၄၃၂) တောင့်၊ လက်ပစ်ဗုံး (၃) လုံး၊ MA ကျည်အိမ် (၉) ခုဖြင့် ဂန့်ဂေါခရိုင် တပ်ရင်း (၃၊ ၅) ထံသို့ အလင်းဝင်ရောက်ခဲ့ပြီး၊ ဇန်နဝါရီလ (၂) ရက်ကလည်း ဆောမြို့မရဲစခန်းမှ ရဲတပ်သား (၁) ဦးလည်း ဂန့်ဂေါခရိုင် တပ်ရင်း-၂ ထံသို့ G-3 (၁) လက်၊ 7.62 ကျည် (၅၀) တောင့်၊ ကျည်အိမ် (၂) ခုဖြင့် အလင်းဝင်ရောက်ခဲ့ကြောင်း သိရသည်။

    (more…)

  • ဆောမြို့နယ်က ၆ ရက်တာတိုက်ပွဲ

    ဆောမြို့နယ်က ၆ ရက်တာတိုက်ပွဲ

    “ဒဏ်ရာရတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ အလောင်းတွေကို သုသာန်ကိုသယ်လာပြီးမှ အလောင်းတွေကို သင်္ဂြိုလ်ကာ ဒဏ်ရာရတွေကို ဆောမြို့ပေါ်ကို သယ်ဆောင်သွားတာပါ။ ဆောမြို့ပေါ်ကို သယ်ဖို့အရေး စစ်ကောင်စီက ငါးနာရီလောက်စောင့်ဆိုင်းခဲ့ရပြီး ညနက်ပိုင်းမှသာ သယ်ယူပို့ဆောင်ခဲ့တာ”

    ကျော်ရဲစံ

    မကွေးတိုင်း ပခုက္ကူကနေ ဆိပ်ဖြူ-ဆင်ဖြူကျွန်း-စလင်း-စေတုတ္တရာဘက်ကို ဇူလိုင်လ ၇ ရက်နေ့က သံချပ်ကာကား ၃ စီးအပါအဝင် အစီးရေ သုံးဆယ်ကျော်ရှိတဲ့ အကြမ်းဖက်အာဏာသသိမ်းတပ်က စစ်ကြောင်းထွက်လာပါတယ်။ ဇူလိုင်လ ၁၀ ရက်နေ့မှာတော့ ခြေလျင်အင်အား ၃၀၀ ဝန်းကျင်ဟာ စေတုတ္တရာမြို့နယ်ကို ရောက်ရှိလာတာပါ။

    ခြေလျင် အင်အားနဲ့ စစ်ကြောင်းက စေတုတ္တရာ ကျွန်းတောကနေ လောင်းရှည် က.ပ.စ ၂၅ အဲဒီကနေမှ ချင်းပြည်နယ် ကျင်ဒွေးဘက်ကို ရိက္ခာပို့သွားကြတာ ဖြစ်ပါတယ်။ ကြားထဲမှာလည်း လောင်းရှည်ဒေသမှာ ဆောဘက်ကို ထိုးမယ့် အင်အား ၁၂၀ စစ်ကြောင်းရှိနေပါတယ်။ ပြောရရင်တော့ စစ်ကြောင်း ၂ ကြောင်းပါ တကြောင်းက ရိက္ခာပို့ တကြောင်းက နယ်မြေရှင်းလင်းရေးပေါ့။

    ဓာတ်ပုံ – ချင်းပြည်နယ်နှင့် မကွေးတိုင်းစေတုတ္တရာမြို့နယ် နယ်စပ်တွင် ခေါ်နူးတပ်ရင်း (CDF-KANPETLET) နှင့် ပူးပေါင်းတပ်ဖွဲ့များ ၂၀၂၂ ခုနှစ်​ အောက်တိုဘာလအတွင်းက နယ်မြေရှင်းလင်းရေးဆောင်ရွက်နေစဉ်။

    ခြေလျင်အင်အား ၃၀၀ ဝန်းကျင်က ရှေ့ပြေးအနေနဲ့ လောင်းရှည်ဒေသကို ဇူလိုင်လ ၁၁ ရက်နေ့မှာ ရောက်ရှိပြီးတော့ ဇူလိုင်လ ၁၂ ရက်မှာ ကျင်ဒွေးဘက်ကို ​ရှေ့ပြေးစစ်ကြောင်းထိုးပါတယ်။ လောင်းရှည် ဘက်က အင်အား ၁၂၀ ပါတဲ့ စစ်ကြောင်းကလည်း ဆောမြို့ဘက်ကိုစတင်စစ်ကြောင်းထိုးလာပါတယ်။

    (more…)

  • ဆောမြို့နယ်တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်က အနည်းဆုံး ၂၀ ဦးသေ

    ဆောမြို့နယ်တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်က အနည်းဆုံး ၂၀ ဦးသေ

    RNA_ဇူလိုင် (၁၉)၊၂၀၂၃ ခုနှစ်။

    မကွေးတိုင်း ဆောမြို့အနီးဝန်းကျင်ထိ ဇူလိုင် ၁၃ ရက်နေ့မှ ၁၈ ရက်နေ့အထိ စစ်ကောင်စီတပ်စစ်ကြောင်းနှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ နေ့စဉ် တိုက်ပွဲဖြစ်ပွားရာတွင် စစ်ကောင်စီဘက်မှ ၂၀ ဦးအနည်းဆုံးသေဆုံးပြီး ဒဏ်ရာရရှိသူများပြားကြောင်း ဒေသခံများထံမှ သိရသည်။

    “ကျွန်တော်တို့ ဒေသမှာထိတာတော့ အလွန်ဆုံး ဆယ်ယောက်ပေါ့။ သူတို့ဂျမ်မာကားတွေလည်းပါတယ်လေ။ စုပြုံပြီးတက်လာတာမဟုတ်ဘူး” ဟု ဆောနှင့် ချင်းပြည်နယ်အစပ်က ဒေသခံတစ်ဦးက ပြောသည်။

    ဇူလိုင်လ ၁၈ ရက်နေ့မှာ ဆောနှင့် ကန်ပက်လက်ကြားမှာ ကာကွယ်ရေးအဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်လို့ စစ်ကောင်စီဘက် လက်အောက်ခံများ မြေပြင်တွင် ၁၀ ဦးဝန်းကျင် သေဆုံးကြောင်း၊ ဆောမြို့ အနီးတိုက်ပွဲတွင် စစ်ကောင်စီလက်အောက်ခံ ၁၀ ဦးထက်မနည်းသေဆုံးနိုင်ကြောင်း၊ ယခုရက်ပိုင်း တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သားများ ဒဏ်ရာရရှိမှု များပြားသော်လည်း သေဆုံးမှုမှာ ၂၀ ဝန်းကျင်သာရှိကြောင်း သိရသည်။

    NUG ကကွယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လောင်းရှည်ဒေသတိုက်ပွဲရုပ်သံမှ

    (more…)