Chinland Defense Force-Zotung Cdf-Zotung

တိုက်ပွဲ ၄ ရက်အတွင်း ရေဇွာမြို့ကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့

တိုက်ပွဲ ၄ ရက်အတွင်း ရေဇွာမြို့ကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့

RNA_နိုဝင်ဘာ(၃၀)၊၂၀၂၃ ခုနှစ်။ ချင်းပြည်နယ်၊ ရေဇွာမြို့ရှိ စစ်ကောင်စီလက်အောက်ခံများကို ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်ရာ နိုင်ဝင်ဘာ ၂၅ ရက်နေ့ကစတင်ပြီး နိုဝင်ဘာ ၂၉ ရက်နေ့ နံနက် ၁၀ နာရီဝန်းကျင်တွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့သည်ဟု သိရသည်။ မြို့သိမ်းတိုက်ပွဲကို ZZLMS Operation ဟု အမည်ပေးထားကြောင်း၊ ZZLMS ညီနောင်များနှင့်အတူ ချင်းအမျိုးသားတပ်ဦး CNA၊ CDF-MATUP တို့မှ ပါဝင်ပူးပေါင်းပါဝင် တိုက်ခိုက်ခဲ့ပြီး အလုံးစုံထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း၊ စခန်းသိမ်းတိုက်ပွဲတွင် စစ်သုံ့ပန်းများ ဖမ်းဆီးရမိပြီး လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရမိသည်ဟု Chinland Defense Force-Zotung Cdf-Zotung က ထုတ်ပြန်ထားသည်။ #RedNewsAgency
Read More