ယာယီသမ္မတ

တော်လှန်ရေးကာလအတွင်း ကိုယ်ကျိုးစီးပွားနှင့် လိင်အမြတ်ထုတ်မှုများကိစ္စ ယာယီသမ္မတပြောကြား 

တော်လှန်ရေးကာလအတွင်း ကိုယ်ကျိုးစီးပွားနှင့် လိင်အမြတ်ထုတ်မှုများကိစ္စ ယာယီသမ္မတပြောကြား 

RNA_အောက်တိုဘာ (၃)၊၂၀၂၃ ခုနှစ်။ တော်လှန်ရေးကာလအတွင်း ကိုယ်ကျိုးစီးပွားအသုံးချမှုအပါအဝင် လုံခြုံရေးအခြေအနေကို အသုံးချပြီး လိင်အမြတ်ထုတ်မှုများ မရှိစေရေး၊ ယင်းကိစ္စများကို တရားမျှတမှုနှင့် ပွင့်လင်းမြင်သာမှုရှိစွာဆောင်ရွက်နိုင်ရေး အလေးထားရမည်ဟု NUG ယာယီသမ္မတက ပြောကြားထားသည်။ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ ယနေ့ပြုလုပ်သည့် အစည်းအဝေးတွင် ယာယီသမ္မတ ဒူဝါလရှီးလ ပြောကြားသည့် မိန့်ခွန်းမှ လိင်အမြတ်ထုတ်မှု၊ အကြမ်ဖက်ခံရမှု၊ တော်လှန်ရေးတွင် ပါဝင်နေမှု စသည်တို့နှင့် ပတ်သက်ပြီး ကောက်နုတ်တင်ပြလိုက်ပါသည်။ #RedNewsAgency
Read More
စစ်ကိုင်းတိုင်းအတွင်းက အဖွဲ့အစည်းများနှင့် ညှိနှိုင်းရေးရာတွင် “မိတ်ဆွေများကို ရန်သူ မလုပ်ရေးမူ” အခြေခံသင့်ဟု NUG ယာယီသမ္မတပြော

စစ်ကိုင်းတိုင်းအတွင်းက အဖွဲ့အစည်းများနှင့် ညှိနှိုင်းရေးရာတွင် “မိတ်ဆွေများကို ရန်သူ မလုပ်ရေးမူ” အခြေခံသင့်ဟု NUG ယာယီသမ္မတပြော

RNA_စက်တင်ဘာ(၂၁)၊၂၀၂၃ ခုနှစ်။ စစ်ကိုင်းတိုင်းအတွင်းက အဖွဲ့အစည်းများနှင့် တွေ့ဆုံညှိနှိုင်းရေးကို အကောင်အထည်ဖော်သည့်အခါ အထူးသတိထားသင့်ပြီး “မိတ်ဆွေများကို ရန်သူ မလုပ်ရေးမူ” ကို အခြေခံသင့်သည်ဟု စက်တင်ဘာလာ ၂၀ ရက်နေ့က FSCC အစည်းအဝေးတွင် NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားထားသည်။ “စစ်ကိုင်းတိုင်းဧရိယာအတွင်းက အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံညှိနှိုင်းရေးကို အကောင်အထည်ဖော်တဲ့ အခါမှာ အထူး သတိမူသင့်တဲ့ အချက်တချို့ကို ပြောချင်ပါတယ်။ အထူးသဖြင့် “မိတ်ဆွေများကို ရန်သူ မလုပ်ရေးမူ” အပေါ်မှာ အခြေခံသင့်တယ်လို့ ယူဆပါတယ်။ ကျွန်တော်တို့ဟာ တော်လှန်ရေး အင်အားစုအသီးသီးရဲ့ အင်အားတွေကို စုစည်းယူရမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် မိမိတို့နဲ့ မိတ်ဖက် အစုအဖွဲ့တွေထဲမှာ ရန်သူ အသစ် မမွေးမိဖို့…
Read More
ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီဖွဲ့စည်းနိုင်မှု ဂုဏ်ယူဦးညွှတ်ဟု NUG ယာယီသမ္မတပြော

ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီဖွဲ့စည်းနိုင်မှု ဂုဏ်ယူဦးညွှတ်ဟု NUG ယာယီသမ္မတပြော

RNA_ဇွန်(၁၂)၊၂၀၂၃ ခုနှစ်။ ကရင်နီပြည်ကြားကလအုပ်ချုပ်ရေးကောင်စီဖွဲ့စည်းနိုင်မှုကို ဂုဏ်ယူဦးညွှတ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ -NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားခဲ့သည်။ "ကရင်နီပြည်နယ်မှာ အခုလို ကြားကာလအုပ်ချုပ်ရေးကောင်စီဖွဲ့စည်းနိုင်ဖို့ဆိုတာက တောင်ယုံတန်ယုံနဲ့ဖြစ်လာတာမဟုတ်ဘူးလို့ ကျနော်အနေနဲ့ယူဆပါတယ်။ ကရင်နီပြည်နယ်မှာ အသက်သွေးချွေးပေါင်း မြောက်များစွာနဲ့ ရင်းနှီးပေးဆပ်ပြီးမှ ဒီလိုအခြေ အနေမျိုးဖြစ်လာတာလို့ ကျနော်အနေနဲ့သိရပါတယ်။ အဲဒါကြောင့် ကျနော်အနေနဲ့ ဂုဏ်ယူဦးညွှတ်ကြောင်း ပထမဦးဆုံး ပြောကြားလိုပါတယ်" ဟု နံနက်ပိုင်းက အွန်လိုင်းမှ ပြုလုပ်ခဲ့သည့် ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီဖွဲ့စည်းခြင်း အခမ်းအနားတွင် ပြောကြားခဲ့သည်။ (more…)
Read More
စစ်အုပ်စု၏ သတ်ဖြတ်မှုများကို တားဆီးဆောင်ရွက်ပေးရန် တရုတ်နိုင်ငံအပေါ် ယာယီသမ္မတ တိုက်တွန်း 

စစ်အုပ်စု၏ သတ်ဖြတ်မှုများကို တားဆီးဆောင်ရွက်ပေးရန် တရုတ်နိုင်ငံအပေါ် ယာယီသမ္မတ တိုက်တွန်း 

RNA_မတ်(၂၁)၊၂၀၂၃ ခုနှစ်။ တရုတ်နိုင်ငံအနေဖြင့် စစ်ကောင်စီတပ်မှ မြန်မာနိုင်ငံအနှံ့အပြားမှာ လူမဆန်စွာ သတ်ဖြတ်နေမှု စသည်တို့ကို တားဆီးနိုင်ရေး ပိုမိုလုပ်ဆောင်ပေးရန် အမျိုးသားညီညွတ်ရေးအစိုးရ - NUG ယာယီသမ္မတ ဒူဝါလရှီးလမှ တိုက်တွန်းလိုက်သည်။ အမျိုးသားညီညွတ်ရေးအစိုးရ၏ (၁၁) ကြိမ်မြောက် အစိုးရအဖွဲ့အစည်းအဝေးကို ယနေ့ နံနက် (၁၀) နာရီတွင် ပြုလုပ်ခဲ့ပြီး၊ အစည်းအဝေးတွင် ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ပြည်ထောင်စုဝန်ကြီးများ၊ ဒုဝန်ကြီးများစသည်တို့ တက်ရောက်ခဲ့ပြီ ယာယီသမ္မတ ဒူဝါလရှီးလက တရုတ်နိုင်ငံအပေါ် တိုက်တွန်းမှု၊ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့များကိစ္စအပါအဝင် နိုင်ငံရေး၊ စစ်ရေးကိစ္စများကို အဖွင့်မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။ (more…)
Read More