RNA_နိုဝင်ဘာ(၇)၊၂၀၂၃ ခုနှစ်။
ရဲစခန်းသိမ်းတိုက်ပွဲဆင်နွှဲခံရချိန် စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့မှ တပွင့်ဗိုလ်အေးမင်းစိုးနှင့် တပ်သားတဦးတို့ ၎င်းတို့ အဘများထံ လေကြောင်းပစ်ကူတောင်းခဲ့သော်လည်း လေယာဉ်လေထဲ တက်နေပြီ၊ ၁၅ မိနစ်အတွင်း ရောက်မည်ဟု ပြောကြားခဲ့သော်လည်း စခန်းတခုလုံး အသိမ်းခံရသည့်အချိန်ထိ လေယာဉ်ပစ်ကူ မရခဲ့ကြကြောင်း သိရသည်။
[embedyt] https://www.youtube.com/watch?v=nBxYZCdHYrY[/embedyt]
ဂန့်ဂေါမြို့နယ်၊ မင်းရွာရှိ ရဲစခန်းသိမ်းတိုက်ပွဲကို ခရိုင် PDF တပ်ခွဲဲများ၊ ABSDF၊ Hyper UAV Force၊ နယ်မြေခံ ပကဖပူးပေါင်းအဖွဲ့မှ နိုဝင်ဘာ ၃ ရက်နေ့က တိုက်ခိုက်ခဲ့ကြောင်း၊ စစ်ကောင်စီလက်အောက်ခံ ဗိုလ်အေးမင်းစိုးအပါအဝင် (၆) ဦးသေဆုံးကြောင်း၊ (၁၁) ဦးလက်နက်ချ အညံ့ခံကာ ၄ ဦးထွက်ပြေးကြောင်း၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကာ စခန်းကို ဖျက်ဆီးခဲ့ကြောင်း သိရသည်။
#RedNewsAgency