Tag: ရဲတပ်ဖွဲ့
-

စခန်းသိမ်းခံနေရစဉ် အဘများထံ လေကြောင်းပစ်ကူတောင်းခဲ့သော်လည်း မရခဲ့ကြ
RNA_နိုဝင်ဘာ(၇)၊၂၀၂၃ ခုနှစ်။ရဲစခန်းသိမ်းတိုက်ပွဲဆင်နွှဲခံရချိန် စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့မှ တပွင့်ဗိုလ်အေးမင်းစိုးနှင့် တပ်သားတဦးတို့ ၎င်းတို့ အဘများထံ လေကြောင်းပစ်ကူတောင်းခဲ့သော်လည်း လေယာဉ်လေထဲ တက်နေပြီ၊ ၁၅ မိနစ်အတွင်း ရောက်မည်ဟု ပြောကြားခဲ့သော်လည်း စခန်းတခုလုံး အသိမ်းခံရသည့်အချိန်ထိ လေယာဉ်ပစ်ကူ မရခဲ့ကြကြောင်း သိရသည်။[embedyt] https://www.youtube.com/watch?v=nBxYZCdHYrY[/embedyt]ဂန့်ဂေါမြို့နယ်၊ မင်းရွာရှိ ရဲစခန်းသိမ်းတိုက်ပွဲကို ခရိုင် PDF တပ်ခွဲဲများ၊ ABSDF၊ Hyper UAV Force၊ နယ်မြေခံ ပကဖပူးပေါင်းအဖွဲ့မှ နိုဝင်ဘာ ၃ ရက်နေ့က တိုက်ခိုက်ခဲ့ကြောင်း၊ စစ်ကောင်စီလက်အောက်ခံ ဗိုလ်အေးမင်းစိုးအပါအဝင် (၆) ဦးသေဆုံးကြောင်း၊ (၁၁) ဦးလက်နက်ချ အညံ့ခံကာ ၄ ဦးထွက်ပြေးကြောင်း၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကာ စခန်းကို ဖျက်ဆီးခဲ့ကြောင်း သိရသည်။#RedNewsAgency -

နိုင်ငံရေးအမှုဖြင့် ရဲစခန်းတွင် ဖမ်းဆီးခံထားရသည့် အမျိုးသမီးကို ရဲတပ်သားက အချုပ်ခန်းဖောက်ကာ ခေါ်ထုတ်သွား
RNA_ဇူလိုင် ၁၁၊၂၀၂၂ခုနှစ်။
မိတ္ထီလာခရိုင်|မလှိုင်မြို့နယ်|မြို့မရဲစခန်းတွင် စစ်ကောင်စီတပ်လက်အောက်ခံ ရဲတပ်ဖွဲ့က ဖမ်းဆီးထားစဉ် ဇူလိုင်လ ၁၀ ရက်နေ့ နံနက် (၅) နာရီ ၃၀ မိနစ်ဝန်းကျင်တွင် ရဲတပ်သားက အချုပ်ခန်းသော့ခိုးယူကာ ခေါ်ထုတ်သွားကြောင်း ရဲတပ်ဖွဲ့အသိုင်းအဝန်းနှင့် နီးစပ်သူတချို့က လူမှုကွန်ယက်တွင် ဖော်ပြထားကြသည်။
မလှိုင်မြို့ ရပ်ကွက်ကြီး (၁) နယ်မြေ (၈) တွင် နေထိုင်သူ မအိသန္တာအောင်သည် ဥပဒေ ပုဒ်မ (၅၀)ညဖြင့် ဖမ်းဆီးခံထားရသူဖြစ်ကြောင်း၊ မလှိုင်မြို့မရဲစခန်းမှ ရဲတပ်သားစိုးပိုင်က သော့ခိုးယူကာ ဖော်ထွက်သွားသည့်အတွက် ရဲတပ်ဖွဲ့က အလိုရှိနေသည်ဟု သိရသည်။
Red News Agency
-

အမှတ် (၉) လုံခြုံရေးတပ်ဖွဲ့ခွဲ၊ အမှတ် (၃) တပ်ခွဲ တပ်ခွဲမှူး ရဲအုပ်ဝင်းသန်းထွန်း ယနေ့ CDM ပြုလုပ်
လှိုင်သာယာမြို့နယ်ရှိ အမှတ် (၉) လုံခြုံရေးတပ်ဖွဲ့ခွဲ၊ အမှတ် (၃) တပ်ခွဲ တပ်ခွဲမှူး ရဲအုပ်ဝင်းသန်းထွန်း ယနေ့ CDM ပြုလုပ်
RNA ရန်ကုန်၊ မတ် ၆ ရက်။
အာဏာသိမ်းမှုနှင့် ပြည်သူများကို သေဆုံးမှုများနှင့်ပတ်သက်ပြီး မခံစားနိုင်တော့သည့်အတွက် ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်ရှိ အမှတ် (၉) လုံခြုံရေးတပ်ဖွဲ့ခွဲ အမှတ် (၃) တပ်ခွဲ တပ်ခွဲမှူးရဲအုပ်ဝင်းသန်းထွန်းသည် ယနေ့ (မတ်လ ၆ ရက်) နံနက်ပိုင်းမှစတင်ကာ CDM ( Civil Diosobedience Movement) ပြုလုပ်လိုက်ပြီဟု Red News Agency ကို ပြောသည်။
” အွန်လိုင်းမှာကြည့်နေ မြင်နေရတာက ဒါတွေ တွေ့နေရတယ် သေသွားပြန်ပြီ ကလေးလေး၊ တစ်ယောက် မှန်သွားပြန်ပြီ၊ မြောက်ဥက္ကလာလို ဖြစ်စဉ်မျိုးဆို တော်တော်ခံစားရတယ်၊ ကျွန်တော်ထင်တယ် တပ်ဖွဲ့မှာလဲ ပြိုကွဲမှုက တော်တော်များပါတယ်။ ဒီဖြစ်စဉ်ဖြစ်ပြီးတော့ တပ်ဖွဲ့တွေ တော်တော်ခံစားရတယ်။ ဖြစ်လာခဲ့တဲ့ ကာလတစ်လျှောက်မှာ မြောက်ဥက္ကလာ ဖြစ်စဉ်က တော်တော်ဆိုးတယ်။ ကျွန်တော်တို့ရဲ့ ရင်ထဲ တပ်ဖွဲ့ဝင်တော်တော်များ၏ ရင်ထဲမှာ မခံစားနိုင် ကျတော့ဘူး “ ဟု အမှတ် (၉) လုံခြုံရေးတပ်ဖွဲ့ခွဲ အမှတ် (၃) တပ်ခွဲ တပ်ခွဲမှူး ရဲအုပ်ဝင်းသန်းထွန်းက ပြောသည်။ [embedyt] https://www.youtube.com/watch?v=pZ6gFlq4enQ[/embedyt]ယခုရက်ပိုင်းအတွင်း ရဲတပ်ဖွဲ့ဝင်အများအပြားသည် ပြည်သူနှင့်တူ ပူးပေါင်းကာ CDM ပြုလုပ်လာသူ များပြားနေသည်။
Red News Agency
-

ရဲဝန်ထမ်း တချို့က ထမင်းဆိုင်ထဲဝင်ကာ ရိုက်နှက်ခြင်း၊ သေနတ်နှင့်ချိန်ကာ ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့သည်ဟု ဆိုင်ပိုင်ရှင် ပြောကြားသည့်အပေါ် မကွေးမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်လွင် ပြန်လည်ရှင်းလင်း
ရိုက်ကူး၊ ဒီလှိုင်း၊ မကွေး၊ ဇွန် ၁၉ ရက်။
မကွေးမြို့ ရန်ဝေးရပ်ကွက်၊ ပြည်တော်သာလမ်းရှိ ရွှေလမင်း ထမင်းဆိုင်ထဲဝင်ကာ မကွေးမြို့ အမှတ် (၁) ရဲစခန်းမှ ယူနီဖောင်းဝတ် ရဲ ၁ ဦးအပါအဝင် ယူနီဖောင်း မဝတ်သည့် ရဲတို့က ဆိုင်ရှင်အပါအဝင် တွေ့ရှိသူများကို တုတ်ဖြင့်ရိုက်ခြင်း၊သေနတ်နှင့် ချိန်ကာ သတ်ပစ်လိုက်မည်ဟု ခြိမ်းခြောက်မှုများပြု လုပ်ခဲ့သည့်ကို CCTV မှတ်တမ်းနှင့် ပြောပြခဲ့ခြင်းများနှင့် ပတ်သက်ပြီး မကွေးမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်လွင်က ဖြစ်စဉ်ကို ရှင်းပြထားသည်။
ရဲလုပ်ထုံး လုပ်နည်းနှင့်အညီ မလုပ်ခဲ့သည့်အတွက် ဇွန်လ ၁၄ ရက်နေ့ ည ၁ နာရီဝန်းကျင်က ဖြစ်စဉ်တွင် ပါဝင်ခဲ့သည့်ရဲများကို အရေးယူမည်ဖြစ်ကြောင်း၊ အထက်လူကြီးများကိုလည်း ဖြစ်စဉ်ကို သတင်းမပို့ခဲ့ကြောင်း ဖြစ်စဉ်များနှင့် ပတ်သက်ပြီး ရဲမှူးမြင့်လွင်က ဇွန်လ ၁၈ ရက်နေ့က မကွေးသတင်းထောက်များကို ရဲစခန်းတွင်ခေါ်ကာ ရှင်းလင်းခဲ့ခြင်းဖြစ်သည်။
ယင်းကိစ္စနှင့်ပတ်သက်ပြီး သေနတ်နှင့်ချိန်ကာ ခြိမ်းခြောက်မှုများ၊ ရိုက်နှက်မှုများ ပြုလုပ်သွားသူရဲများကို အရေးယူနိုင်ရေး ထမင်းဆိုင်ပိုင်ရှင်က နိုင်ငံတော်အတိုင်ပင်ခံအပါအဝင် ဝန်ကြီးချုပ်၊ ရဲချုပ် စသည်တို့ကို CCTV မှတ်တမ်းနှင့်တကွ တိုင်ကြားစာပေးပို့ထားကြောင်း သိရသည်။[embedyt] https://www.youtube.com/watch?v=lr2x-f14WJw[/embedyt]
Red News Agency
-

မကွေးမြို့ အမှတ် (၁) ရဲစခန်းမှ ရဲ ၁၀ ယောက်ဝန်းကျင်က ထမင်းဆိုင်ထဲဝင်ကာ ရိုက်နှက်ခြင်း၊ သေနတ်နှင့်ချိန်ကာ ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့
ရိုက်ကူး၊ ဒီလှိုင်း ၊ မကွေး၊ ဇွန် ၁၇ ရက်။
မကွေးမြို့ ရန်ဝေးရပ်ကွက်၊ ပြည်တော်သာလမ်းရှိ ရွှေလမင်း ထမင်းဆိုင်ထဲဝင်ကာ မကွေးမြို့ အမှတ် (၁) ရဲစခန်းမှ ယူနီဖောင်းဝတ် ရဲ ၁ ဦးအပါအဝင် ယူနီဖောင်း မဝတ်သည့် ရဲ ၁၀ ဦးဝန်းကျင်က ဆိုင်ရှင်အပါအဝင် တွေ့ရှိသူများကို အသင့်ပါလာသည့် တုတ်များဖြင့် ရိုက်နှက်ပြီးကြောင်း၊ သေနတ်နှင့် ချိန်ကာ သတ်ပစ်လိုက်မည်ဟု ခြိမ်းခြောက်မှုများ ဇွန်လ ၁၄ ရက်နေ့ ည ၁ နာရီဝန်းကျင်က ပြုလုပ်သွားကြောင်း ထမင်းဆိုင်ပိုင်ရှင် ဒေါ်နွယ်နွယ်ဖြိုးက ဇွန်လ ၁၇ ရက်နေ့တွင် ပြောသည်။
ယင်းကိစ္စနှင့်ပတ်သက်ပြီး သေနတ်နှင့်ချိန်ကာ ခြိမ်းခြောက်မှုများ၊ ရိုက်နှက်မှုများ ပြုလုပ်သွားသူများကို အရေးယူနိုင်ရေး နိုင်ငံတော်အတိုင်ပင်ခံအပါအဝင် ဝန်ကြီးချုပ်၊ ရဲချုပ် စသည်တို့ကို CCTV မှတ်တမ်းနှင့်တကွ တိုင်စာပေးပို့ထားသည်။[embedyt] https://www.youtube.com/watch?v=Hf8t4_5pW9E[/embedyt]
Red News Agency