Tag: နယ်မြေရဲစခန်း

  • ဖားကန့်ရှိ စစ်ကောင်စီ၏ အဓိကကျသည့်စခန်းနှစ်ခုအား KIA/KPDF များ သိမ်းပိုက်ရရှိထား

    ဖားကန့်ရှိ စစ်ကောင်စီ၏ အဓိကကျသည့်စခန်းနှစ်ခုအား KIA/KPDF များ သိမ်းပိုက်ရရှိထား

    RNA_ဖားကန့် ဇန်နဝါရီလ ၆ ရက်၊၂၀၂၃ ခုနှစ်။

    ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၌ ယနေ့နံနက်ပိုင်းက စစ်ကောင်စီ၏ အထိုင်စခန်းများဖြစ်သည့် ဖားကန့်-မိုးကောင်း ကားလမ်းမကြီးပေါ်ရှိ နမ့်တိန်း‌ကျေးရွာ စခန်းကုန်းနှင့် ဝှေခါ‌ကျေးရွာအပိုင်းရှိ ဗျူဟာကုန်းနှင့်ရဲစခန်းကုန်းတို့အား KIA/KPDF များက တိုက်ခိုက်ခဲ့ပြီး နမ့်တိန်းစစ်တပ်စခန်းကုန်းနှင့် ဝှေခါကျေးရွာမှ ရဲစခန်းကုန်းတို့အား သိမ်းပိုက်ရရှိထားကြောင်း သိရသည်။

    “နမ့်တိန်းက စစ်ကောင်စီရဲ့ အဓိကကျတဲ့အထိုင်စခန်းကို ရထားပါပြီ၊ ဝှေခါအပိုင်းက ရဲစခန်းကုန်းရထားပါပြီ၊ ရဲစခန်းမှူးကို အရှင်မိပါတယ်”ဟု KPDF ရဲဘော်တစ်ဦးက အတည်ပြုသည်။

    (more…)

  • ABSDF ရဲဘော် မြေမြုပ်မိုင်း ရှင်းလင်းနေသည့်မြင်ကွင်း

    ABSDF ရဲဘော် မြေမြုပ်မိုင်း ရှင်းလင်းနေသည့်မြင်ကွင်း

    RNA_နိုဝင်ဘာ(၆)၊၂၀၂၃ ခုနှစ်။

    မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် တောင်ခင်ရန်း ရဲစခန်းတွင်းမှ စစ်ကောင်စီလက်အောက်ခံများ မြေမြုပ်မိုင်းများထောင်ပြီး ထွက်ပြေးသွားသည့်အတွက် ယနေ့ နယ်မြေရှင်းလင်းစဉ် မိုင်းကျွမ်းကျင်သူ ABSDF Column – 3 ရဲဘော်များ ရှင်းလင်းခဲ့ရကြောင်း သိရသည်။

    [embedyt] https://www.youtube.com/watch?v=9QkhwTNfQ3k[/embedyt]

    တောင်ခင်ရန်း ရဲစခန်းကို ABSDF အမှတ် ၁၂ တပ်ရင်းနှင့် မဟာမိတ် PDF တပ်ရင်းများမှ ဝင်ရောက်ရှင်းလင်းစဉ် ABSDF အမှတ်(၃) စစ်ကြောင်း၊ စစ်ကြောင်းမှူး ရဲဘော်မင်းဌေးကိုယ်တိုင် ဦးစီးခဲ့ကြောင်း၊ စစ်ကောင်စီလက်အောက်ခံများ ထောင်သွားသည့် မြေမြုပ်မိုင်း ၁၀ လုံးကျော် ရရှိကြောင်း ABSDF Column – 3 ပြန်ကြားရေးတာဝန်ခံ ထံမှ သိရသည်။

    #RedNewsAgency

  • စစ်ကောင်စီလက်အောက်ခံ နယ်မြေရဲစခန်းတိုက်ခိုက်ခံရပြီး ရဲ (၃) ဦးသေ

    စစ်ကောင်စီလက်အောက်ခံ နယ်မြေရဲစခန်းတိုက်ခိုက်ခံရပြီး ရဲ (၃) ဦးသေ

    RNA_ဇန်နဝါရီ (၁၉)၊၂၀၂၃ ခုနှစ်။
    မွန်ပြည်နယ်၊ သိမ်ဖြူဇရပ်မြို့နယ်၊ ထင်ရှူးကျေးရွာအခြေစိုက် နယ်မြေရဲစခန်းကို ရေးပြောက်ကျား တပ်ဖွဲ့ဝင်များက ဝင်ရောက်တိုက်ခိုက်ရာ ရဲ (၃) ဦး သေဆုံးပြီး (၅) ဦး ဒဏ်ရာရရှိကြောင်း သတင်းထုတ်ပြန်ထားသည်။
    ထင်ရှူးကျေးရွာအခြေစိုက် နယ်မြေရဲစခန်းမှာ ရဲအင်အား (၁၀) ဦးဝန်းကျင်သာရှိပြီး ဇန်နဝါရီလ ( ၁၈) ရက်နေ့ ညနေ (၆) နာရီက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အချိန်အကန့်အသတ်ကြောင့် ပြည်သူ့ကာကွယ်ရေး ရဲဘော်များ အောင်မြင်စွာ ဆုတ်ခွါခဲ့ရကြောင်း သိရသည်။
    ရေးပြောက်ကျားတပ်ဖွဲ့သည် မွန်ပြည်နယ်၊ လမိုင်းမြို့နယ်၊ နှစ်ကရင်ကျေးရွာရှိ နယ်မြေရဲစခန်းမှာ ရဲများစခန်းစွန့်ခွါ ထွက်ပြေးသည့်အတွက် ဇန်နဝါရီ လ (၁၁) ရက်နေ့က စခန်းတွင်းဝင်ရောက်ကာ အဆောက်အဦများကို မီးရှို့ ဖျက်ဆီးခဲ့သည်။