နယ်မြေရဲစခန်း

ဖားကန့်ရှိ စစ်ကောင်စီ၏ အဓိကကျသည့်စခန်းနှစ်ခုအား KIA/KPDF များ သိမ်းပိုက်ရရှိထား

ဖားကန့်ရှိ စစ်ကောင်စီ၏ အဓိကကျသည့်စခန်းနှစ်ခုအား KIA/KPDF များ သိမ်းပိုက်ရရှိထား

RNA_ဖားကန့် ဇန်နဝါရီလ ၆ ရက်၊၂၀၂၃ ခုနှစ်။ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၌ ယနေ့နံနက်ပိုင်းက စစ်ကောင်စီ၏ အထိုင်စခန်းများဖြစ်သည့် ဖားကန့်-မိုးကောင်း ကားလမ်းမကြီးပေါ်ရှိ နမ့်တိန်း‌ကျေးရွာ စခန်းကုန်းနှင့် ဝှေခါ‌ကျေးရွာအပိုင်းရှိ ဗျူဟာကုန်းနှင့်ရဲစခန်းကုန်းတို့အား KIA/KPDF များက တိုက်ခိုက်ခဲ့ပြီး နမ့်တိန်းစစ်တပ်စခန်းကုန်းနှင့် ဝှေခါကျေးရွာမှ ရဲစခန်းကုန်းတို့အား သိမ်းပိုက်ရရှိထားကြောင်း သိရသည်။ "နမ့်တိန်းက စစ်ကောင်စီရဲ့ အဓိကကျတဲ့အထိုင်စခန်းကို ရထားပါပြီ၊ ဝှေခါအပိုင်းက ရဲစခန်းကုန်းရထားပါပြီ၊ ရဲစခန်းမှူးကို အရှင်မိပါတယ်"ဟု KPDF ရဲဘော်တစ်ဦးက အတည်ပြုသည်။ (more…)
Read More
ABSDF ရဲဘော် မြေမြုပ်မိုင်း ရှင်းလင်းနေသည့်မြင်ကွင်း

ABSDF ရဲဘော် မြေမြုပ်မိုင်း ရှင်းလင်းနေသည့်မြင်ကွင်း

RNA_နိုဝင်ဘာ(၆)၊၂၀၂၃ ခုနှစ်။ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် တောင်ခင်ရန်း ရဲစခန်းတွင်းမှ စစ်ကောင်စီလက်အောက်ခံများ မြေမြုပ်မိုင်းများထောင်ပြီး ထွက်ပြေးသွားသည့်အတွက် ယနေ့ နယ်မြေရှင်းလင်းစဉ် မိုင်းကျွမ်းကျင်သူ ABSDF Column - 3 ရဲဘော်များ ရှင်းလင်းခဲ့ရကြောင်း သိရသည်။ တောင်ခင်ရန်း ရဲစခန်းကို ABSDF အမှတ် ၁၂ တပ်ရင်းနှင့် မဟာမိတ် PDF တပ်ရင်းများမှ ဝင်ရောက်ရှင်းလင်းစဉ် ABSDF အမှတ်(၃) စစ်ကြောင်း၊ စစ်ကြောင်းမှူး ရဲဘော်မင်းဌေးကိုယ်တိုင် ဦးစီးခဲ့ကြောင်း၊ စစ်ကောင်စီလက်အောက်ခံများ ထောင်သွားသည့် မြေမြုပ်မိုင်း ၁၀ လုံးကျော် ရရှိကြောင်း ABSDF Column - 3 ပြန်ကြားရေးတာဝန်ခံ ထံမှ သိရသည်။ #RedNewsAgency
Read More
စစ်ကောင်စီလက်အောက်ခံ နယ်မြေရဲစခန်းတိုက်ခိုက်ခံရပြီး ရဲ (၃) ဦးသေ

စစ်ကောင်စီလက်အောက်ခံ နယ်မြေရဲစခန်းတိုက်ခိုက်ခံရပြီး ရဲ (၃) ဦးသေ

RNA_ဇန်နဝါရီ (၁၉)၊၂၀၂၃ ခုနှစ်။ မွန်ပြည်နယ်၊ သိမ်ဖြူဇရပ်မြို့နယ်၊ ထင်ရှူးကျေးရွာအခြေစိုက် နယ်မြေရဲစခန်းကို ရေးပြောက်ကျား တပ်ဖွဲ့ဝင်များက ဝင်ရောက်တိုက်ခိုက်ရာ ရဲ (၃) ဦး သေဆုံးပြီး (၅) ဦး ဒဏ်ရာရရှိကြောင်း သတင်းထုတ်ပြန်ထားသည်။ ထင်ရှူးကျေးရွာအခြေစိုက် နယ်မြေရဲစခန်းမှာ ရဲအင်အား (၁၀) ဦးဝန်းကျင်သာရှိပြီး ဇန်နဝါရီလ ( ၁၈) ရက်နေ့ ညနေ (၆) နာရီက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အချိန်အကန့်အသတ်ကြောင့် ပြည်သူ့ကာကွယ်ရေး ရဲဘော်များ အောင်မြင်စွာ ဆုတ်ခွါခဲ့ရကြောင်း သိရသည်။ ရေးပြောက်ကျားတပ်ဖွဲ့သည် မွန်ပြည်နယ်၊ လမိုင်းမြို့နယ်၊ နှစ်ကရင်ကျေးရွာရှိ နယ်မြေရဲစခန်းမှာ ရဲများစခန်းစွန့်ခွါ ထွက်ပြေးသည့်အတွက် ဇန်နဝါရီ လ (၁၁) ရက်နေ့က စခန်းတွင်းဝင်ရောက်ကာ အဆောက်အဦများကို…
Read More