စခန်းသိမ်းပြီး ပြန်လာသည့် ရဲဘော်များကို ပြည်သူများ အားရဝမ်းသာ အောင်သပြေနှင့် ကြိုဆို 

RNA_နိုဝင်ဘာ(၅)၊၂၀၂၃ ခုနှစ်။

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် မင်းရွာရှိ စစ်ကောင်စီလက်အောက်ခံ ရဲစခန်းသိမ်းတိုက်ပွဲဆင်နွှဲပြီး ပြန်လာသည့် ဒေသတွင်းတော်လှန်ရေးရဲဘော်များကို ယနေ့တွင် ပြည်သူများက အားရဝမ်းသာ အောင်သပြေများဖြင့် ပျော်ရွှင်စွာ ကြိုဆိုခဲ့ကြသည်။

မင်းရွာရဲစခန်းသိမ်းတိုက်ပွဲကို ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) ဂန့်ဂေါခရိုင် အမှတ် (၁/၇/၁၁/၁၂/၁၄/၁၉) တပ်ရင်းများ၊ မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး – ABSDF Column – 3 ၊ Hyper UAV Force၊ ရပ်ကျေး ပ.က.ဖ အဖွဲ့များက နိုဝင်ဘာလ ၃ ရက်နေ့က တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်း ဖြစ်သည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ (၆) ဦး သေဆုံး၊ စစ်သုံ့ပန်းအဖြစ် (၁၁) ဦး လက်နက်ချ အညံ့ခံခဲ့ကြောင်း၊ သေနတ် (၁၇)လက် အပါအဝင် လက်နက်ကြီး၊ ကျည်ဆံများနှင့်စစ်အသုံးအဆောင်များ သိမ်းဆည်းရရှိခဲ့ကြသည်။

#RedNewsAgency

By RNA Editor