Video

ABSDF အမှတ် (၃) စစ်ကြောင်း ရဲဘော်များ၏ ယောဒေသနှင့် ချင်းတွင်းဒေသ စစ်ရေးလှုပ်ရှားမှု

ABSDF အမှတ် (၃) စစ်ကြောင်း ရဲဘော်များ၏ ယောဒေသနှင့် ချင်းတွင်းဒေသ စစ်ရေးလှုပ်ရှားမှု

RNA_စက်တင်ဘာ(၂၂)၊၂၀၂၃ ခုနှစ်။ မကွေးတိုင်း ယောဒေသနှင့် စစ်ကိုင်းတိုင်း ချင်းတွင်း ဒေသအတွင်း လှုပ်ရှားနေသည့် မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး - အမှတ် (၃) စစ်ကြောင်း (ABSDF Column-3) ရဲဘော်များ၏ စစ်ရေးလှုပ်ရှားမှုမှတ်တမ်းတချို့ကို ဖော်ပြလိုက်သည်။ ABSDF Column-3 ရဲဘော်များသည် ယောဒေသနှင့်ချင်းတွင်းဒေသရှိ NUG-MOD PDF များ၊ ပကဖ နှင့်​ ဒေသတွင်း တော်လှန်ရေးအင်အားစုများနှင့်ပူးပေါင်းကာ အကြမ်းဖက်အာဏာသိမ်းစစ်တပ်ကို လက်နက်ကိုင်တိုက်ပွဲများ၊ စခန်းသိမ်းတိုက်ပွဲများဖော်ဆောင်နေကြောင်း သိရသည်။ [embedyt] https://www.youtube.com/watch?v=Fpf-MaVa-58[/embedyt] ယခုဖော်ပြပါ ရုပ်သံသည် ABSDF Column-3 ရဲဘော်တဦးက စစ်ဆင်ရေးမှတ်တမ်းများအဖြစ်ရိုက်ကူးထားခြင်းဖြစ်ပြီး၊ နောက်ခံ ကျောင်းသားတပ်မတော်သီချင်းမှာ ABSDF ဒေါင်းတမာန်စခန်းမှ တေးရေး၊တေးဆို ရဲဘော်မိုးခါး သီဆိုထားခြင်းဖြစ်ကြောင်း အသိပေးအပ်ပါသည်။ Red…
Read More
စစ်ရာဇဝတ်မှုများ ကြိုတင်ဟန့်တားနိုင်ရေးအတွက် BNRA ဖွဲ့စည်းဟု ဗိုလ်နဂါးပြော

စစ်ရာဇဝတ်မှုများ ကြိုတင်ဟန့်တားနိုင်ရေးအတွက် BNRA ဖွဲ့စည်းဟု ဗိုလ်နဂါးပြော

စစ်ရာဇဝတ်မှုများ ကြိုတင်ဟန့်တားနိုင်ရေးနှင့် ပြည်သူကို ကာကွယ်နိုင်ရေးအတွက် BNRA ဖွဲ့စည်းဟု ဗိုလ်နဂါးပြော RNA_စက်တင်ဘာ(၉)၊၂၀၂၃ ခုနှစ်။ တော်လှန်ရေးအလွန်ကာလ ပြန်လည်ထူထောင်ရေးကာလမှာ ဖြစ်ပေါ်လာနိုင်သည့် လက်နက်ကိုင်များ၏ စစ်ရာဇဝတ်မှုများ ကြိုတင်ဟန့်တားနိုင်ရေးနှင့် ပြည်သူများအတွက် ရဲရဲဝံ့ဝဲ့ မားမားမတ်မတ်ရပ်တည်နိုင်ရေးအတွက် ပြည်သူ့တပ်မတော်ပေါ်ပေါက်လာရခြင်းဖြစ်သည်ဟု ဗိုလ်နဂါးက ပြောကြားထားသည်။ [embedyt] https://www.youtube.com/watch?v=XC1x5r3S7wI[/embedyt] ယနေ့ ပြုလုပ်သည့် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော်- Burma National Revolutionaty Army ( BNRA) ဖွဲ့စည်းခြင်းအခမ်းအနားတွင် ဗိုလ်နဂါးက ပြောကြားထားခြင်းဖြစ်ပြီး၊ ယင်းအဖွဲ့အစည်းတည်ထောင်ခြင်းနှင့်ပတ်သက်ပြီး NUG-MOD တာဝန်ရှိသူများနှင့်လည်း ဆွေးနွေးတိုင်ပင်ခဲ့ဖူးကြောင်း၊ တော်လှန်ရေးလိုအပ်ချက်အရ ပေါ်ပေါက်ခဲ့ခြင်းဖြစ်ကြောင်း ထည့်သွင်းပြောကြားထားသည်။ Red News Agency
Read More
ဗမာ့အမျိုးသားတော်လှန်ရေးတပ်မတော် ဖွဲ့စည်းကြောင်း​ကြေညာ  

ဗမာ့အမျိုးသားတော်လှန်ရေးတပ်မတော် ဖွဲ့စည်းကြောင်း​ကြေညာ  

RNA_စက်တင်ဘာ(၉)၊၂၀၂၃ ခုနှစ်။   ဗိုလ်နဂါးတို့အဖွဲ့နှင့်အခြားသော အင်အားစုများပါဝင်သည့် စစ်အာဏာရှင်ကို လက်နက်ကိုင်တိုက်မည့် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော်-BNRA အဖွဲ့စည်းကြောင်း ယနေ့ တရားဝင်ထုန်ပြန်ထားသည်။ [embedyt] https://www.youtube.com/watch?v=XC935iun-7I[/embedyt]   #RedNewsAgency https://youtu.be/XC935iun-7I
Read More
မင်းအောင်လှိုင်ကို NUG သမ္မတ သတိပေး

မင်းအောင်လှိုင်ကို NUG သမ္မတ သတိပေး

RNA_စက်တင်ဘာ(၇)၊၂၀၂၃ ခုနှစ်။   တိုင်းပြည်၏ အာဏာသည် ပြည်သူ့ထံမှ ဆင်းသက်တာဖြစ်သည့်အတွက် ပြည်သူ့အာဏာကို မင်းအောင်လှိုင်ဘယ်တော့မှမရရှိနိုင်ကြောင်း ယနေ့ကျရောက်သည့် ပြည်သူ့ခုခံစစ် ကြေညာခြင်း (၂) နှစ်ပြည့် အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလ၏ နိုင်ငံတော်အခြေပြမိန့်ခွန်းတွင် ထည့်သွင်းကာ သတိပေးထားသည်။ [embedyt] https://www.youtube.com/watch?v=8CR_KLPEdkA[/embedyt]   #RedNewsAgency
Read More
စစ်ကောင်စီတပ် ရိက္ခာနှင့်လက်နက်များတင်ဆောင်လာသည့် ရေယာဉ်အုပ်စု ပစ်ခတ်ခံရ

စစ်ကောင်စီတပ် ရိက္ခာနှင့်လက်နက်များတင်ဆောင်လာသည့် ရေယာဉ်အုပ်စု ပစ်ခတ်ခံရ

RNA_စက်တင်ဘာ(၃)၊၂၀၂၃ ခုနှစ်။ ဆင်ဖြူရှင်တံတားမှ ချင်းတွင်းမြစ်ကြောင်းအတိုင် းဆန်တက်လာသော စစ်ကောင်စီတပ်၏ ရိက္ခာနှင့်လက်နက်ပစ္စည်းများသယ်ဆောင်လာသည့် မော်တော်( ၈) စီးနှင့် သ‌င်္ဘော( ၃) စီးပါဝင်သည့် ရေယာဉ်အုပ်စုကို စစ်ကိုင်းတိုင်း၊ မုံရွာနှင့် ဆားလင်းကြီးအကြားတွင် MRDA နှင့်ပူးပေါင်းအဖွဲ့က ပစ်ခတ်ခဲ့ကြောင်း သိရသည်။ [embedyt] https://www.youtube.com/watch?v=VGp5DDo8MM0[/embedyt] စစ်ကောင်စီတပ် ရေယာဉ်အုပ်စုကို MRDA စေတန်တပ်ခွဲမှဦးဆောင်ပြီး ဒေသတွင်းမဟာမိတ်အဖွဲ့များဖြစ်သော မုံရွာခရိုင်၊ တပ်ရင်း( ၁၁) တပ်ခွဲ( ၃)၊ Royal Alliance အဖွဲ့များမှ ဩဂုတ်လ ၂ ရက်နေ့ နေလယ် ၃ နာရီဝန်းကျင်က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ထိတွေ့တိုက်ပွဲ (၁)နာရီခန့်ဖြစ်ပွားခဲ့ကြောင်း MRDA ‌စေတန် တပ်ခွဲမှူးထံမှ သိရသည်။ (more…)
Read More
လက်ခတ်တောင်တာဝါတိုင်ကုန်းစခန်းကို ယနေ့အထိ ကော်ဘရာစစ်ကြောင်း စိုးမိုးထား

လက်ခတ်တောင်တာဝါတိုင်ကုန်းစခန်းကို ယနေ့အထိ ကော်ဘရာစစ်ကြောင်း စိုးမိုးထား

RNA_စက်တင်ဘာ(၁)၊၂၀၂၃ ခုနှစ််။   ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ရှိ၊ လက်ခတ်တောင်တာဝါတိုင်ကုန်းစခန်းကို KNU/KNLA တပ်မဟာ (၆) ကော်ဘရာစစ်ကြောင်းနှင့် ပူးပေါင်းတပ်ဖွဲ့များက ယနေ့ ( စက်တင်ဘာလ ၁ ရက်) အထိ နယ်မြေထိန်းချုပ်ကာ စိုးမိုးထားသည်ဟု Cobra Column တပ်ခွဲ - ၃ က အသိပေးထားသည်။ [embedyt] https://www.youtube.com/watch?v=jK43wqrQzmI[/embedyt] "မိဘပြည်သူများ ပို့သတဲ့မေတ္တာနဲ့ အားပေးဝန်းရံဖေးမကူညီမှု့များကြောင့် ကောင်ဘရာစစ်ကြောင်းစစ်သည်ရဲဘော်များ ဘေးကင်းလုံခြုံစွာနဲ့ တော်လှန်ရေးတာဝန်များကို ကျေပြွန်စွာထမ်းရွက်လျှက်ရှိနေကြပါကြောင်း အသိပေးတင်ပြလိုက်ပါတယ်" ဟု Cobra Column တပ်ခွဲ - ၃ က ရုပ်သံနှင့်တကွ အသိပေးထားသည်။   #RedNewsAgency
Read More
ခင်ဦးဆေးရုံမှာ စစ်ကောင်စီလက်အောက်ခံ ၉ ဦးဆေးကုသမှုခံယူနေရ

ခင်ဦးဆေးရုံမှာ စစ်ကောင်စီလက်အောက်ခံ ၉ ဦးဆေးကုသမှုခံယူနေရ

RNA_စက်တင်ဘာ(၁)၊၂၀၂၃ ခုနှစ်။ စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ခင်ဦးမြို့နှင့်ကံသာယာရွာအကြားတွင် ခင်ဦး ပလဖ ရဲဘော်များ၊စေတန်ဦးဆောင်သည့် MRDA ရဲဘော်များနှင့် စစ်ကောင်စီတပ်သားများ ဩဂုတ်လ ၃၀ ရက်နေ့ ညနေ ၅ နာရီဝန်းကျင်က ပစ်ခတ်မှုဖြစ်ပွားရာ စစ်ကောင်စီတပ်သား ၄ ဦးသေဆုံးပြီး ၉ ဦး ဒဏ်ရာရရှိကာ ခင်ဦးမြို့ဆေးရုံတွင် ဆေးကုသမှု ခံယူနေရသည်ဟု MRDA စေတန်တပ်ခွဲမှ တပ်ခွဲမှူးက ပြောသည်။ [embedyt] https://www.youtube.com/watch?v=Acnrq5AUcf0[/embedyt] #RedNewsAgency
Read More
စစ်ကိုင်းတိုင်းမှာ AK 47 ထုတ်လုပ်အောင်မြင်

စစ်ကိုင်းတိုင်းမှာ AK 47 ထုတ်လုပ်အောင်မြင်

RNA_ဩဂုတ်(၃၁)၊၂၀၂၃ ခုနှစ်။   စစ်ကိုင်းတိုင်း၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ယင်းမာပင်ခရိုင် တပ်ရင်းအမှတ် (၃၂)၊ ရွှေတြိဂံပြည်သူ့ကာကွယ်ရေးတပ်ရင်း၊ တပ်ခွဲ (၁) Infinite Revolution Force -I.R.F က AK 47 ထုတ်လုပ်အောင်မြင်ခဲ့ကြောင်း သိရသည်။   “ထုတ်လုပ်သည့်သေနတ်အမျိုးအစားကို AK47ဟု ခေါ်ဆို၍ ထုတ်လုပ်သည့်နေရာသည် စစ်ကိုင်းတိုင်းဖြစ်ပါသည်။ ထို့ကြောင့် ကျွန်တော်တို့ထုတ်လုပ်ထားသော AK47ကို "AK47 MADE IN SAGAING” (သို့မဟုတ်) "SAGAING MADE AK 47” ဟုခေါ်ဆိုသွားပါမည်” ဟု Infinite Revolution Force ကထုတ်ဖော်ပြောကြားထားသည်။ [embedyt] https://www.youtube.com/watch?v=1nu23bVkAYo[/embedyt]   "AK 47 MADE…
Read More
စားအုန်းဆီ ၅၀ သားရရှိရေး ရန်ကုန်မြို့မှာ တန်းစီဝယ်နေရ

စားအုန်းဆီ ၅၀ သားရရှိရေး ရန်ကုန်မြို့မှာ တန်းစီဝယ်နေရ

RNA_ဩဂုတ်(၃၁)၊၂၀၂၃ ခုနှစ်။ ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ်၊ သံစျေးအနီးတဝိုက်မှာ လူတစ်ဦးကို စားအုန်းဆီ ၅၀ သားကို ၂၀၀၀ ကျပ်နှင့်ရောင်းချနေသည့်အတွက် ယနေ့ နံနက်ပိုင်းက တန်းစီဝယ်ခဲ့ကြရကြောင်း သိရသည်။ စားအုန်းဆီ တစ်ပိဿာကို ၁၁၀၀၀ ကျပ်အထိ စျေးတက်သွားခဲ့သည့်အတွက် ရန်ကုန်မြို့နယ်တော်တော်များများတွင် တစ်ပိဿာကို ၄၄၀၀ ကျပ်နှင့် ရောင်းချပေးနေသည့် သတင်းနှင့်အတူ တန်းစီဝယ်ယူနေကြကြောင်း၊ ယနေ့ သြဂုတ်လ ၃၁ ရက်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့၊ လမ်းမတော်သံစျေးအနီးတဝိုက်မှာ လူတစ်ဦးကို စားဆီ ၅၀ သား၊ ကျပ် ၂၂၀၀ဖြင့် နေရာ ၃ ခုလောက် ရောင်းချခဲ့ကြောင်း သိရသည်။ [embedyt] https://www.youtube.com/watch?v=GznMcuCZioA[/embedyt] "အခုက ဆီတစ်ဗူး ၅၀သားပေါ့၊…
Read More

စားအုန်းဆီ တပိဿာကို ၄၄၀၀ကျပ်နဲ့ ရောင်းချပေးနေ

RNA_ဩဂုတ်(၃၀)၊၂၀၂၃ ခုနှစ်။ ရန်ကုန်မြို့မှာ စားအုန်းဆီတပိဿာ ကျပ် တသောင်းအထိ မြင့်တက်လာချိန်မှာ ဒညှင်းကုန်းစျေးမှာတော့ တပိဿာကို ၄၄၀၀ကျပ်နဲ့ ရောင်းချပေးနေတာကြောင့် လူအများကြီးတန်းစီဝယ်ယူနေတဲ့ မြင်ကွင်းဖြစ်ပါတယ်။ [embedyt] https://www.youtube.com/watch?v=kkWRFK_tjJo[/embedyt] ဒီနေ့ သြဂုတ်လ၃၀ရက်မှာ‌တော့ စားအုန်းဆီ တပိဿာ ၉၀၀၀၊၉၅၀၀ကျပ်နဲ့ ၁၀ ပိဿာစျေးနှုန်းကို ၈၅၀၀ကျပ်အထိ ပြန်ကျသွားတယ်လို့ Red News Agencyက စုံစမ်းသိရှိရပါတယ်။ #RedNewsAgency
Read More