“၁၀၂၇ စစ်ဆင်ရေး” စခန်းသိမ်းတိုက်ပွဲများတွင် KNDF ရဲဘော်များ ပူးပေါင်းပါဝင်နေ

RNA_နိုဝင်ဘာ(၃)၊၂၀၂၃ ခုနှစ်။

ညီနောင် မဟာမိတ် (၃) ဖွဲ့ဖြစ်သည့် ကိုးကန့် (MNT JP/ MNDAA)၊ တအောင်း (PSLF / TNLA)၊ ရက္ခိုင် (ULA/ AA) တို့ ဦးဆောင်၍ ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ဆောင်ရွက်နေသော “၁၀၂၇ စစ်ဆင်ရေး “တွင် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ၏ တပ်ရင်းအမှတ် (၆၀၆) ရဲဘော်များ စခန်းသိမ်းတိုက်ပွဲများတွင် ပူးပေါင်းပါဝင်နေကြောင်း သိရသည်။

ညီနောင် မဟာမိတ် (၃)ဖွဲ့မှ ဦးဆောင်၍ အောက်တိုဘာလ (၂၇) ရက်နေ့တွင် စတင်ခဲ့သော Operation 1027 (၁၀၂၇ စစ်ဆင်ရေး) အား KNDF အနေဖြင့်ထောက်ခံကြိုဆိုပြီး လက်ရှိတွင်လည်း စစ်ဆင်ရေးများတွင် ထိထိရောက်ရောက် ပါဝင်ဆောင်ရွက်လျှက်ရှိပြီး စစ်ရေးရည်မှန်းချက်များ အောင်မြင်သည်ထိ ပူးပေါင်း တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း KNDF ဗဟိုသတင်းနှင့်ပြန်ကြားရေးဌာနက ယနေ့ နံနက်ပိုင်းမှာ ထုတ်ပြန်ထားသည်။

#RedNewsAgency

By Editor