တောင်ခင်ရမ်း

ABSDF ရဲဘော် မြေမြုပ်မိုင်း ရှင်းလင်းနေသည့်မြင်ကွင်း

ABSDF ရဲဘော် မြေမြုပ်မိုင်း ရှင်းလင်းနေသည့်မြင်ကွင်း

RNA_နိုဝင်ဘာ(၆)၊၂၀၂၃ ခုနှစ်။ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် တောင်ခင်ရန်း ရဲစခန်းတွင်းမှ စစ်ကောင်စီလက်အောက်ခံများ မြေမြုပ်မိုင်းများထောင်ပြီး ထွက်ပြေးသွားသည့်အတွက် ယနေ့ နယ်မြေရှင်းလင်းစဉ် မိုင်းကျွမ်းကျင်သူ ABSDF Column - 3 ရဲဘော်များ ရှင်းလင်းခဲ့ရကြောင်း သိရသည်။ တောင်ခင်ရန်း ရဲစခန်းကို ABSDF အမှတ် ၁၂ တပ်ရင်းနှင့် မဟာမိတ် PDF တပ်ရင်းများမှ ဝင်ရောက်ရှင်းလင်းစဉ် ABSDF အမှတ်(၃) စစ်ကြောင်း၊ စစ်ကြောင်းမှူး ရဲဘော်မင်းဌေးကိုယ်တိုင် ဦးစီးခဲ့ကြောင်း၊ စစ်ကောင်စီလက်အောက်ခံများ ထောင်သွားသည့် မြေမြုပ်မိုင်း ၁၀ လုံးကျော် ရရှိကြောင်း ABSDF Column - 3 ပြန်ကြားရေးတာဝန်ခံ ထံမှ သိရသည်။ #RedNewsAgency
Read More