မင်းရွာရဲကင်းစခန်းအား ဒေသခံပူးပေါင်းတပ်ဖွဲ့များ ရာနှုန်းပြည့် တိုက်ခိုက်သိမ်းပိုက်

RNA_နိုဝင်ဘာ(၃)၊၂၀၂၃ ခုနှစ်။
 
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ မင်းရွာရဲကင်းစခန်းကို ယနေ့ နံနက်ပိုင်းက ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များစုပေါင်းပြီး သွားရောက်တိုက်ခိုက်ရာ စခန်းသိမ်းနိုင်ခဲ့ပြီး လက်နက်ခဲယမ်းများ ရရှိခဲ့ကြောင်း သိရသည်။
 
မင်းရွာ နယ်မြေခံရဲစခန်းအား ရာနှုန်းပြည့် သိမ်းနိုင်ခဲ့ပြီး စခန်းကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ တပွင့်ဗိုလ် အေးမင်းစိုးအပါအဝင် သေဆုံးမှုများရှိကြောင်း၊ စစ်သုံ့ပန်း အချို့လည်း ဖမ်းဆီးရမိကြောင်း၊ လက်နက်ငယ် ၃၀ ကျော်နှင့် လက်နက်ကြီးများလည်း သိမ်းဆည်းရမိကြောင်း ဒေသတွင်း သတင်းရင်းမြစ်ထံမှ သိရသည်။

 
မင်းရွာ ရဲကင်းစခန်းသိမ်းတိုက်ပွဲကို ပြည်သူ့ကာကွယ်ရေးတပ် ဂန့်ဂေါခရိုင် တပ်ရင်း အမှတ် (၁)၊ ရင်း (၇)၊ ရင်း (၁၁)၊ ရင်း (၁၂)၊ ရင်း (၁၄)၊ ရင်း (၁၉)၊ABSDF (ယောဒေသ) နှင့် ရပ်ကျေး ပ.က.ဖ အဖွဲ့တို့ ပူးပေါင်း၍ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
 
ယနေ့ ( နိုဝင်ဘာ ၃ ရက်) နံနက် ပိုင်းတွင် စစ်ကောင်စီတပ်စခန်းများနှင့် ရဲစခန်းများကို မကွေးတိုင်း၊ စစ်ကိုင်းတိုင်းနှင့် ရှမ်းမြောက်တွင် တော်လှန်ရေးအင်အားစုများက တိုက်ခိုက်သိမ်းပိုက်မှုများရှိကြောင်း သိရသည်။
 
#RedNewsAgency
RNA: Website – https://rednewsagency.com/
By Editor