Red News Agency

Independent Journalism for Justice and Human Rights.

Category: အင်တာဗျူး

  • ရပ်/ကျေး NLD ပါတီ ရုံးဖွင့်ထားသူ မိသားစု(၈) ဦး အသတ်ခံရ

    ရပ်/ကျေး NLD ပါတီ ရုံးဖွင့်ထားသူ မိသားစု(၈) ဦး အသတ်ခံရ

    RNA_ဇန်နဝါရီ (၁၅)၊၂၀၂၃ ခုနှစ်။

    အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်- NLD ပါတီ ရပ်/ကျေးရုံး ဖွင့်လှစ်ထားသည့် စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ငါးမြောင်ရွာတွင် အသက် (၆) နှစ်အရွယ် ကလေးငယ် (၁) ဦးအပါအဝင် ဦးကျော်လှိုင်တို့ မိသားစု (၈) ဦး သတ်ခံရကြောင်း သိရသည်။

    ” ကျေးရွာနေ NLD ပါတီ ထောက်ခံသည့်မိသားစုများ ဖြစ်ကြသည့် ဦးကျော်လှိုင်နှင့် ဒေါ်မြညွှန့်တို့ နှစ်ဦးအပါ အဝင် မိသားစုဝင် ရှစ်ဦးအား ဓားဖြင့် မွှမ်းထားသည့် ဒဏ်ရာများအပြင် လည်လှီးထားသည့်ပုံစံများဖြင့် ရက်စက်စွာ သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်” ဟု ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင် က ယနေ့ ထုတ်ပြန်ထားသည်။

    (more…)

  • အင်းစိန်ထောင်မှာ ရွေးကောက်ပွဲအတွက် မဲစာရင်းကောက်နေပြီး အကျဉ်းသားတချို့ကို ထောင်ပြောင်း

    အင်းစိန်ထောင်မှာ ရွေးကောက်ပွဲအတွက် မဲစာရင်းကောက်နေပြီး အကျဉ်းသားတချို့ကို ထောင်ပြောင်း

    RNA_ဇန်နဝါရီ(၁၄)၊၂၀၂၃ ခုနှစ်။
     
    ရန်ကုန်မြို့၊ အင်းစိန်ထောင်တွင် ၂၀၂၃ ခုနှစ်အတွင်း စစ်ကောင်စီက ကျင်းပမည့် ရွေးကောက်ပွဲအတွက် မဲစာရင်းကောက်ခဲ့ပြီး အကျဉ်းသားတချို့ကို ပြီးခဲ့သည့်ညပိုင်းက ထောင်ပြောင်းရွေ့မှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
     
    “ ပြီးခဲ့တဲ့ ရက်ပိုင်းက ထောင်ဝန်ထမ်းတွေကို စာရင်းကောက်တာတွေလုပ်တယ်၊ ရွေးကောက်ပွဲအတွက်​ေ ပြင်ဆင်နေတာပေါ့၊ တနေ့က ပြည်ထဲရေးဝန်ကြီး လာသွားတယ်၊ မနေ့ညကတော့ အကျဉ်းသားတချို့ကိုထောင်ပြောင်းတယ်” ဟု အင်းစိန်အကျဉ်းဦးစီဌာနနှင့် နီးစပ်သူ တစ်ဦးက Red News Agency ကို်ပြောသည်။
     
    အကြမ်းဖက်အာဏာသိမ်းခဲ့သည့် မင်းအောင်လှိုင်ဦးဆောင်သည့် စစ်ကောင်စီသည် ၂၀၂၃ ခုနှစ်အတွင်း ရွေးကောက်ပွဲပြုလုပ်ရန် မဲစာရင်းများကို ပြုစုနေကြောင်း၊ မင်းအောင်လှိုင်ဦးဆောင်ပြုလုပ်မည့် ရွေးကောက်ပွဲကို နွေဦးတော်လှန်ရေးအင်အားစုများက လက်မခံကြောင်း၊ ရွေးကောက်ပွဲတွင် ပြည်သူများမပူးပေါင်းကြရန် တိုက်တွန်းထားကြပြီး လုံခြုံရေးအပြည့်ဖြင့် မဲစာရင်းကောက်သည့်အဖွဲ့တချို့ တိုက်ခိုက်ခံရမှုများရှိကြောင်း သိရသည်။
     
    Red News Agency

  • စစ်ကိုင်းတိုင်းက “စစ်ခွေးနိဂုံး 2023” ကြွေးကြော်သံ

    စစ်ကိုင်းတိုင်းက “စစ်ခွေးနိဂုံး 2023” ကြွေးကြော်သံ

    “စစ်ခွေးနိဂုံး ၂၀၂၃” ၊ “ဆိတ်ခေါင်းချိ်တ်ပြီး ခွေးသားရောင်းတဲ့ ရွေးကောက်ပွဲ”

    RNA_ ဇန်နဝါရီ (၁၄)၊၂၀၂၃ ခုနှစ်။

    စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်အတွင်းနှင့် စစ်ကိုင်းတိုင်းအတွင်းကျေးရွာများအထိရောက်ရှိပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး၊ ဒေသခံစစ်ဘေးရှောင်များ ကူညီရေးနှင့် ဒေသခံ PDF များဖြင့် ပူးပေါင်း ဆန္ဒပြပွဲများ ဖော်ဆောင်နေသည့် အညာပစ်တိုင်းထောင်လေးများအဖွဲ့ ဆန္ဒပြပွဲရုပ်သံများကို ဖော်ပြလိုက်ပါသည်။

    [embedyt] https://www.youtube.com/watch?v=cxm5MZSeOEQ[/embedyt]

    မုံရွာမြို့နယ်တဝိုက်မှာ “စစ်ခွေးနိဂုံး ၂၀၂၃” “ဆိတ်ခေါင်းချိ်တ်ပြီး ခွေးသားရောင်းတဲ့ ရွေးကောက်ပွဲ” စသည့် စာတန်းများ ကြွေးကြော်သံများဖြင့် အညာပစ်တိုင်းထောင်လေးများအဖွဲ့က ဆန္ဒပြခဲ့ကြသည်။

    စစ်ကိုင်းတိုင်းအတွင်း စစ်အာဏာရှင်ဆန့်ကျင်ရေး လက်နက်ကိုင်တိုက်ပွဲများ ဝင်ရောက်နေသလို လမ်းမထက်က ဆန္ဒပြပွဲများမှာလည်း ယနေ့အချိန်ထိအားကောင်းနေပြီး စစ်ကောင်စီတပ်ကလည်း စစ်ကြောင်းများထိုးကာ ဒေသခံပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များကို နေ့စဉ်ဖျက်ဆီးနေသည်။

    Red News Agency

  • “တရားမဝင်သည့် အတုယောင်ရွေးကောက်ပွဲ လူထုအားနဲ့ တိုက်ဖျက်ကြ”

    “တရားမဝင်သည့် အတုယောင်ရွေးကောက်ပွဲ လူထုအားနဲ့ တိုက်ဖျက်ကြ”

    RNA_ဇန်နဝါရီ (၁၃)၊၂၀၂၃ ခုနှစ်။

    နွေဦးတော်လှန်ရေး မန္တလေးသပိတ်ခေါင်းဆောင် ဒေါက်တာတေဇာဆန်းက “တရားမဝင်သည့် အတုယောင်ရွေးကောက်ပွဲ လူထုအားနဲ့ တိုက်ဖျက်ကြ” ကြွေးကြော်သံဖြင့် စစ်ကောင်စီပြုလုပ်မည့် တရားမဝင် အတုအယောင်ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး ပြည်သူများကို အသိပေး ပြောကြားထားခြင်းဖြစ်သည်။

    [embedyt] https://www.youtube.com/watch?v=Kd-35WhzEEI[/embedyt]

    #RedNewsAgency

  • ညီညွတ်ရေးနှင့် အောင်ပွဲခံမည့် မဟာဗျူဟာများဖြင့် တိုက်ပွဲဝင်ရမည့် အချိန်ဟု TNLA ကြေညာ

    ညီညွတ်ရေးနှင့် အောင်ပွဲခံမည့် မဟာဗျူဟာများဖြင့် တိုက်ပွဲဝင်ရမည့် အချိန်ဟု TNLA ကြေညာ

    RNA_ဇန်နဝါရီ(၁၂)၊၂၀၂၃ ခုနှစ်။

    နွေဦးတော်လှန်ရေးမှပေါက်ဖွားလာသည့် အင်အားစုအသီးသီးမှအဖွဲ့အစည်းများ၊ တိုင်းရင်းသားတော်လှန်ရေးအင်အားစုများသည် အမျိုးမျိုးသော ဝိဝါဒကွဲပြားမှုကို ကျော်လွှားပြီး ပိုမိုခိုင်မာသည့် ညီညွတ်ရေးနှင့် အောင်ပွဲခံမည့်မဟာဗျူဟာများဖြင့် တော်လှန်တိုက်ပွဲဝင်ရန် အရေးကြီးသော အချိန်ကာလဖြစ်သည်ဟု PSLF/TNLA က ကြေညာထားသည်။

    ဓာတ်ပုံ – (၅၉) နှစ်ပြည့် တအာင်းအမျိုးသားတော်လှန်ရေးနေ့ ကျင်းပခဲ့သည့် မြင်ကွင်း 

    (more…)

  • နွေဦးတော်လှန်ရေးက ဖက်ဒရယ်ပြည်ထောင်စုကို အရောက်လှမ်းနိုင်မလား

    နွေဦးတော်လှန်ရေးက ဖက်ဒရယ်ပြည်ထောင်စုကို အရောက်လှမ်းနိုင်မလား

    RNA_ဇန်နဝါရီ (၇)၊ ၂၀၂၃ ခုနစ်။
     
    နွေဦးတော်လှန်ရေးအောင်ပွဲနှင့်အတူ ဖက်ဒရယ်ပြည်ထောင်စုကို အရောက်လှမ်းနိုင်မလား၊ ဘာတွေလုပ်ဆောင်သင့်သလဲ ဘယ်လိုတွေ ဖြစ်လာနိုင်မလဲဆိုတာ ဗကသ ဥက္ကဌဟောင်း ဆိုရှယ်ဒီမိုကရက်တစ် ညီညွတ်ရေးတပ်ဦး – Social Democratic United Front မှ ကိုကျော်ကျော်ကို၏ သဘောထားများကို ဖော်ပြလိုက်သည်။
    [embedyt] https://www.youtube.com/watch?v=0MqoMH2N6Wc[/embedyt]
    #RedNewsAgency

  • အသက် ၅၆ ရှိအဖိုးဆိုလာ လက်နက်ကိုင်တော်လှန်ရေးမှာ ပါဝင်တိုက်ခိုက်နေ

    အသက် ၅၆ ရှိအဖိုးဆိုလာ လက်နက်ကိုင်တော်လှန်ရေးမှာ ပါဝင်တိုက်ခိုက်နေ

    RNA_ဒီဇင်ဘာ(၇)၊၂၀၂၃ ခုနှစ်။

    ကရင်ပြည်နယ် တောင်ပိုင်းတိုင်းစစ်ဒေသတွင် စစ်ကောင်စီတပ်ကို လက်နက်ကိုင်တိုက်ခိုက်နေသည့် ကျားဖြူစစ်ကြောင်းက အသက် (၅၆) နှစ်ရှိ အဖိုးဆိုလာက နောင်လာနောင်သားများအတွက် တတိယအရွယ်ရောက်နေသည့်တိုင် လက်နက်ကိုင်တိုက်ခိုက်နေရသည်ဟု ရဲဘော်သစ်နောင်နောင်ကို ပြောကြားထားသည်။

    [embedyt] https://www.youtube.com/watch?v=syjNBsP6WvM[/embedyt]

    #RedNewsAgency

  • မဟာမိတ်အဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား (၉၀) ကျော်သေဆုံး

    မဟာမိတ်အဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား (၉၀) ကျော်သေဆုံး

    RNA_ဇန်နဝါရီ (၆)၊၂၀၂၃ ခုနှစ်။
     
    ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးဒေသနှင့် ကော့ကရိတ်ဒေသတလျှောက် စစ်ကောင်စီတပ်နှင့် K.T.L.A (Lion Battalion Commando-ဗျူဟာစစ်ကြောင်း )၊ S.O.F၊ ပူးပေါင်းမဟာမိတ်အဖွဲ့များ (၆) ရက်ကြာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်လက်အောက်ခံ စခန်း (၂) ခုကျပြီး (၉၀) ကျော်သေဆုံးခဲ့သည်ဟု K.T.L.A – Lion Battalion Commando-ဗျူဟာစစ်ကြောင်းက ထုတ်ပြန်ထားသည်။

    (more…)

  • တော်လှန်ရေးအင်အားစုများ၏ တိုက်ခိုက်မှုကြောင့် ၁ နှစ်အတွင်း စစ်ကောင်စီတပ်သား (၇၉၇) ဦးသေဆုံးပြီး (၁၁) ဦး အရှင်ဖမ်းခံရ

    တော်လှန်ရေးအင်အားစုများ၏ တိုက်ခိုက်မှုကြောင့် ၁ နှစ်အတွင်း စစ်ကောင်စီတပ်သား (၇၉၇) ဦးသေဆုံးပြီး (၁၁) ဦး အရှင်ဖမ်းခံရ

    RNA_ဇန်နဝါရီ (၆)၊၂၀၂၃ ခုနှစ်။
     
    ကရင်နီ (ကယား) ပြည်နယ်နှင့် အနီးတဝိုက်တွင် KNDF၊ KA နှင့် အခြားမဟာမိတ်တပ်များ၏ တိုက်ခိုက်မှုကြောင့် ၂၀၂၂ ခုနှစ် (၁) နှစ်အတွင်း စစ်ကောင်စီတပ်သား (၇၉၇) ဦးသေဆုံးပြီး (၁၁) ဦးအရှင်ဖမ်းခံရကာ (၉၃) ဦးထိခိုက်ဒဏ်ရာရရှိသွားကြောင်း သိရသည်။
     
    “၂၀၂၂ ခုနှစ်အတွင်း KNDF မှ ကရင်နီပူးပေါင်းတပ်ဖွဲ့များနှင့်အတူ တိုက်ပွဲပေါင်း (၃၄၁) ကြိမ် ဖော်ဆောင်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့၏ ရှေ့တန်းတပ်စခန်း အချို့ကိုလည်း သိမ်းပိုက်နိုင်ခဲ့ပါသည်။ အဆိုပါတိုက်ပွဲများအတွင်း အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင် (၇၉၇) ဦး သေဆုံးခဲ့ပြီး ၊ (၉၃) ဦး ထိခိုက်ဒဏ်ရာရခဲ့ပါသည်။ အကြမ်းဖက် စစ်ကောင်စီတပ်မှ ၂၀၂၂ခုနှစ် အတွင်း လေကြောင်းတိုက်ခိုက်မှု အကြိမ်ပေါင်း (၁၅၀) ကျော် ပြုလုပ်ခဲ့ပြီး လက်နက်ကြီးဖြင့် အကြိမ်ပေါင်းမြောက်များစွာ ပစ်ခတ်တိုက်ခိုက်ခဲ့ပါသည်။ တိုက်ပွဲများအတွင်း KNDF မှ လက်နက်ငယ် (၃၃) လက်နှင့် လက်နက်ကြီး (၇) လက် အပြင် ခဲယမ်းအမြောက်အများကို သိမ်းဆည်းရမိခဲ့ပါသည်” ဟု ယနေ့ KNDF က ထုတ်ပြန်ထားသည်။

    (more…)

  • စစ်ဦးစီးချုပ်ဗိုလ်ချုပ်ခိုင်စိုးမြ အပါအဝင် (၃) ဦးကို AA လုပ်ကြံသတ်ဖြတ်ဟု ALP ထုတ်ပြန်

    စစ်ဦးစီးချုပ်ဗိုလ်ချုပ်ခိုင်စိုးမြ အပါအဝင် (၃) ဦးကို AA လုပ်ကြံသတ်ဖြတ်ဟု ALP ထုတ်ပြန်

    RNA_ဇန်နဝါရီ (၅)၊၂၀၂၃ ခုနှစ်။
     
    ရခိုင်ပြည်လွတ်မြောက်ရေးတပ်မတော် – Arakan Liberation Army ( ALP) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ခိုင်စိုးမြ၊ အမှတ် (၁၀၁) တပ်ရင်းမှူး ဒုတိယ ဗိုလ်မှူးကြီး ခိုင်ကျော်စိုးနှင့် ဗိုလ်ကြီး ခိုင်သူရိန္ဒတို့ကို ရခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် (ULA/AA)မှ အကြမ်းဖက် လုပ်ကြံခဲ့သည်ဟု ရခိုင်ပြည်လွတ်မြောက်ရေးပါတီ က ယနေ့ ထုတ်ပြန်ထားသည်။
     
    ရခိုင်ပြည်နယ်၊ စစ်တွေမြို့၌ ဇန်နဝါရီလ (၄) ရက်နေ့က ALP စစ်ဦးစီးချုပ် ဗိုလ်ချုပ်ခိုင်စိုးမြ၊ အမှတ် (၁၀၁) တပ်ရင်းမှူး ဒုတိယ ဗိုလ်မှူးကြီး ခိုင်ကျော်စိုးနှင့် ဗိုလ်ကြီး ခိုင်သူရိန္ဒတို့ ကားဖြင့်သွားလာနေစဉ် သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရခြင်းဖြင့် ကွယ်လွန်သွားခဲ့သည်။

    (more…)