Interview

မင်းအောင်လှိုင်ကို ဘာပြောချင်လဲ ?

မင်းအောင်လှိုင်ကို ဘာပြောချင်လဲ ?

မင်းအောင်လှိုင်ကို ဘာပြောချင်လဲ? ​NUG ကိုလာပြောချင်လဲ ? စစ်အာဏာရှင်ကို လုံးဝအုပ်ချုပ်ခွင့် မရစေရဆိုတဲ့ သန္ဓိဌာန်နဲ့ မြန်မာပြည်သူလူထုတစ်ရပ်လုံးရဲ့ တော်လှန်စိတ်၊ တော်လှန်မာန်တွေဟာ တော်လှန်ရေး (၂)နှစ်ပြည့်ချိန်ထိ ပြင်းထန်အားကောင်းနေဆဲ ဖြစ်ပါတယ်။ အာဏာရှင်တွေ ဘယ်လောက် သက်ဆိုးရှည်ရှည် လူထုကတော့ စက္ကန်နဲ့အမျှ ဆန့်ကျင်နေဖို့ တွေးတောကြံဆနေဆဲ၊ ဆန္ဒရှိနေဆဲဖြစ်ပါတယ်။ [embedyt] https://www.youtube.com/watch?v=0hUI1Fanz2U[/embedyt] စစ်အာဏာရှင်များအနေဖြင့် အယုတ်မာဆုံး နည်းလမ်းများနဲ့ လူထုကို နှိပ်စက်ညှင်းပမ်းလေ လူထုဆီက ခါးသီးတဲ့ အမုန်းတွေနဲ့ တော်လှန်ပုန်ကန်လိုစိတ်ကိုရလေပါပဲ။ လူထုဟာ စစ်အာဏာရှင် လှမ်းလာမဲ့ တရားမဝင် အတုအယောင် နိုင်ငံရေးလမ်းကြောင်းမှန်သမျှ၊ ခြေလှမ်းမှန်သမျှကိုလည်း နည်းနည်လေးမှ ‘မသတီ’လျက်ရှိနေပါတယ်။ ပြည်သူလူထုအနေဖြင့် လွတ်လပ်စွာ ထုတ်ဖော်ဆန့်ကျင်နိုင်မဲ့ အခွင့်အရေးသာ ရမည်ဆိုပါက လူထုရဲ့…
Read More
အလယ်ရှိုကျေးရွာ မီးရှို့ဖျက်ဆီးခံရမှုအတွင်း အရပ်သား ပြည်သူ (၉) ဦးသေဆုံးခဲ့ရ

အလယ်ရှိုကျေးရွာ မီးရှို့ဖျက်ဆီးခံရမှုအတွင်း အရပ်သား ပြည်သူ (၉) ဦးသေဆုံးခဲ့ရ

 RNA_ဇန်နဝါရီ(၂၄)၊၂၀၂၃ ခုနှစ်။ စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့နယ်၊ အလယ်ရှိုကျေးရွာ စစ်ကောင်စီတပ်နှင့် ပျူစောထီးများပါအဝင်သည့် အင်အား ၁၀၀ ကျော်ဝန်းကျင်က ပစ်ခတ်ဝင်ရောက်စီးနင်းမှုအတွင်း အိမ်ခြေ ၁၀၀ ကျော််မီးရှို့ဖျက်ဆီးခံရပြီးအရပ်သား ပြည်သူ (၉) ဦးသေဆုံးခဲ့ရသည်ဟု NUG လူ့အခွင့်အရေးဝန်ကြီးဌာနက ယနေ့ ထုတ်ပြန်ထားသည်။ " ရွှေဘိုလေ့ကျင့်ရေး အမှတ် (၈) တပ်၊ ဇီးကုန်းသကြားစက်အတွင်း တပ်စွဲထားသည့် တပ်နှင့် ပျူစောထီး ပူးပေါင်းအင်အား ၁၀၀ကျော်သည် အလယ်ရှိုကျေးရွာကို လက်နက်ကြီး လက်နက်ငယ်များဖြင့် အကြမ်းဖက်ဝင်ရောက်ပိတ်ဆို့ခဲ့ပြီး ထွက်မပြေးနိုင်သည့်ရွာသားများကို လူသားဒိုင်းအဖြစ်အသုံးပြုကာ ကျေးရွာအတွင်းရှိ ရွာသူ ရွာသားများအား အကြမ်းဖက်သတ်ဖြတ်ခဲ့သည်။ အဆိုပါ အကြမ်းဖက်မှုကြောင့် အရပ်သားပြည်သူ (၉)ဦး အသက်ဆုံးရှုံးခဲ့ပြီး အိမ်ခြေ (၁၀၀) နီးပါး…
Read More
ရေတာရှည်မြို့နယ်၊ နဂျပ်ကျေးရွာအနီးတိုက်ပွဲတွင် စစ်ကောင်စီတပ်က (၂၂) ဦးသေဆုံးဟု ထုတ်ပြန်ထား

ရေတာရှည်မြို့နယ်၊ နဂျပ်ကျေးရွာအနီးတိုက်ပွဲတွင် စစ်ကောင်စီတပ်က (၂၂) ဦးသေဆုံးဟု ထုတ်ပြန်ထား

RNA_ဇန်နဝါရီ(၂၄) ၂၀၂၃ ခုနှစ်။ ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ နဂျပ်ကျေးရွာသို့ ပိတ်ဆို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို ရေတာရှည် PDF တပ်ရင်း ( ၃၅၀၁) တပ်ခွဲ(၄) ပါအဝင် ရေနီလေ့ကျင့်ရေး(၅) တပ်နှင့် နေပြည်တော် တပ်ပေါင်းစု စစ်ကြောင်းမှတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား (၂၂) ဦး သေဆုံးပြီး ၁၅ ဦးအပြင်းအထန်ဒဏ်ရာရရှိသွားသည်ဟု Northern Thandaung Defence Force (Special Region) က ထုတ်ပြန်ထားသည်။ ဇန်နဝါရီလ(၁၆-၁၇)ရက်နေ့က Northern Thandaung Defence Force(Special Region) ၏ လက်အောက်တွင် ခေတ္တခိုလှုံသည့်တပ်ရင်းဖြစ်သော တောင်ငူခရိုင်၊ရေတာရှည် PDF တပ်ရင်း ( ၃၅၀၁) တပ်ခွဲ(၄)…
Read More
ခုခံတော်လှန်စစ် ဒီထက်အောင်မြင်အောင် ကြိုးပမ်းရမည်ဟု NUG ယာယီသမ္မတပြော

ခုခံတော်လှန်စစ် ဒီထက်အောင်မြင်အောင် ကြိုးပမ်းရမည်ဟု NUG ယာယီသမ္မတပြော

RNA_ဇန်နဝါရီ(၂၄)၊၂၀၂၃ ခုနှစ်။ နွေဦးတော်လှန်ရေး ခုခံစစ်ကို ဒီထက်အောင်မြင်အောင် ကြိုးပမ်းကြရမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ -NUG ယာယီသမ္မတ ဒူဝါလရှီးလ က ယနေ့ ပြုလုပ်သည့် NUG (၄) ကြိမ်မြောက် အစိုးရအဖွဲ့အစည်းဝေးမှာ ပြောကြားခဲ့သည်။ " ခုခံတော်လှန်စစ်ကို ဒီထက်အောင်မြင်အောင်လည်း ကြိုးပမ်းလုပ်ဆောင်ရမယ်၊ အဆုံးသတ် အဖြစ်နဲ့ အပြုတ်တိုက်ရမယ့် တိုက်ပွဲအတွက်လည်း အစစအရာရာ စနစ်တကျ ပြင်ဆင်ထားရမယ်၊ တော်လှန်ရေး သက်လုံတွေ မြှင့်ထားရမယ်၊ အဆုံးသတ် တိုက်ပွဲကို ဦးတည်နိုင်မှ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ်ကို မျှော်လင့်နိုင်မယ်" ဟု ယာယီသမ္မတက ပြောကြားခဲ့ပါတယ်။ (more…)
Read More
ရွေးကောက်ပွဲ လက်မခံကြောင်း ကျေးရွာ (၅) ရွာအတွင်း လှည့်လည် ဆန္ဒပြ

ရွေးကောက်ပွဲ လက်မခံကြောင်း ကျေးရွာ (၅) ရွာအတွင်း လှည့်လည် ဆန္ဒပြ

RNA_ဇန်နဝါရီ(၂၂)၊၂၀၂၃ ခုနှစ်။ အာဏာသိမ်း စစ်ကောင်စီက ပြုလုပ်မည့် ရွေးကောက် ပွဲကို လက်မခံကြောင်း မကွေးတိုင်း၊ ရေစကြိုမြို့နယ် ဒေသခံပြည်သူများက ယနေ့နံနက်ပိုင်းတွင် ကျေးရွာ (၅) ရွာအတွင်း လှည့်လည်ကာ  ဆန္ဒပြခဲ့ကြသည်။ မြို့ပြနေပြည်သူများအနေဖြင့် စစ်ကောင်စီနှင့် ပူးပေါင်းခြင်း မပြုလုပ်ရန်နှင့် မြို့ပြပျောက်ကြား လှုပ်ရှားမှုများ ဖော်ဆောင်ခြင်းဖြင့် မြို့ပြနိုင်ငံရေးအရှိန်မြှင့်ဖို့ လိုအပ်နေကြောင်း ဆန္ဒပြပွဲတွင်ပါဝင်သည့် ပြည်သူတဦးက ပြောသည်။ (more…)
Read More
ဖားကန့် စုပေါင်းရုံးတိုက်ခိုက်ခံရ

ဖားကန့် စုပေါင်းရုံးတိုက်ခိုက်ခံရ

RNA_ဖားကန့်၊ဇန်နဝါရီ(၂၁)၊၂၀၂၃ ခုနှစ်။ စစ်ကောင်စီ၏ တရားမဝင်ရွေးကောက်ပွဲအတွက် လူဦးရေစာရင်းပြုစုနေသည့် ထွေ/အုပ်၊ ရဲတပ်ဖွဲ့နှင့် လဝကရုံးများရှိရာ ဖားကန့်မြို့ စုပေါင်းရုံးအား တော်လှန်ရေးအင်အားစုများက ယနေ့ညနေ (၅) နာရီခန့်က ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ယနေ့ ညနေ ဖားကန့် စုပေါင်းရုံး တိုက်ခိုက်ခံရမှုကြောင့် ထိခိုက်သေဆုံးမှုအခြေအနေကို လတ်တလော အတည် ပြုနိုင်ခြင်းမရှိသေးကြောင်း၊ အကြမ်းဖက်အာဏာသိမ်း စစ်ကောင်စီက လူထုလက်မခံသည့် ရွေးကောက်ပွဲကို ပြုလုပ်ရန် ဖားကန့်မြို့နယ်တွင် အိမ်ထောင်စုစာရင်းများ‌နှင့် လူဦးရေစာရင်း ကောက်ယူနေကြောင်း သိရသည်။ (more…)
Read More
စခန်းသိမ်းတိုက်ပွဲတွင် နက်လက်ခဲယမ်း အများအပြားသိမ်းဆည်းရမိ

စခန်းသိမ်းတိုက်ပွဲတွင် နက်လက်ခဲယမ်း အများအပြားသိမ်းဆည်းရမိ

RNA_ဇန်နဝါရီ(၂၁)၊၂၀၂၃ ခုနှစ်။ ကရင်နီ(ကယား)ပြည်၊ ဘောလခဲမြို့နယ်၊ နန်းဖဲကျေးရွာအနီးရှိ မယ်စလောင်းတောင်ကုန်းပေါ်တွင် အခိုင်အမာတပ်ချထားသော စစ်ကောင်စီတပ်စခန်းကို KNDF၊PDF ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်း ပိုက်ရာလက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရမိခဲ့သည်။ မယ်စလောင်းတောင်ကုန်းပေါ်ရှိ စစ်ကောင်စီ တပ်စခန်းအား ဇန်နဝါရီလ (၂၀)ရက် ၊ နံနက် (၇း၅၀) မှ (၉) နာရီ (၃၀) မိနစ်ဝန်းကျင်အထိ Karenni Commando၊ KA၊ KNDF B(15)၊ KNDF B(16)၊ KNDF B (09)၊ Loikaw PDF၊ DMO PDF တို့ပူးပေါင်းကာ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး၊ နယ်မြေရှင်းလင်းစဉ် စစ်ကောင်စီတပ်သား (၅) ဦးသေဆုံးပြီး၊ ကျန်တပ်သားနှင့် အရာရှိများ ထွက်ပြေးကြကြောင်း…
Read More
စစ်ကောင်စီပြုလုပ်မည့် ရွေးကောက်ပွဲ ဆန့်ကျင်ရေး ဖားကန့်မှာပြုလုပ် 

စစ်ကောင်စီပြုလုပ်မည့် ရွေးကောက်ပွဲ ဆန့်ကျင်ရေး ဖားကန့်မှာပြုလုပ် 

RNA_ဖားကန့်၊ဇန်နဝါရီ(၂၀)၊၂၀၂၃ ခုနှစ်။ အာဏာသိမ်းစစ်ကောင်စီက ၂၀၂၃ ခုနှစ်တွင် ကျင်းပမည်ဟုပြောထားသည့် ရွေးကောက်ပွဲကို လက်မခံကြောင်း ယနေ့ ဖားကန့်မြို့နယ်မှာ လှုပ်ရှားမှု ပြုလုပ်ခဲ့သည်။ ဖားကန့်မြို့၊ လုံးခင်းကျေးရွာအုပ်စု၊ မှော်စီစာကျေးရွာဈေးထိပ်၊ ဖားကန့်နှင့်လုံးခင်းသွားလမ်းမကြီးပေါ်တွင် ယနေ့ နံနက်က "တရားမဝင်တဲ့ရွေးကောက်ပွဲ လူထုအားနဲ့တိုက်ဖျက်ကြ၊ ပါဝင်ပါတ်သက်သူတိုင်းဟာ သမိုင်းတရားခံဖြစ်သည်"ဟုရေးသားထားသည့် စာတန်းကို ဖားကန့် သပိတ်ကော်မတီမှ ချိတ်ဆွဲထားသည်။ (more…)
Read More
တိုက်ပွဲအတွင်း စစ်ကောင်စီလက်အောက်ခံ အရာရှိ (၃) ဦးအပါအဝင် (၄၀) ဝန်းကျင်သေဆုံး

တိုက်ပွဲအတွင်း စစ်ကောင်စီလက်အောက်ခံ အရာရှိ (၃) ဦးအပါအဝင် (၄၀) ဝန်းကျင်သေဆုံး

တောင်ငူခရိုင် PDF နှင့်တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီလက်အောက်ခံ အရာရှိ (၃) ဦးအပါအဝင် (၄၀) ဝန်းကျင်သေဆုံး   RNA_ဇန်နဝါရီ(၁၈)၊၂၀၂၃ ခုနှစ်။   ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်အတွင်း စစ်ကြောင်းထိုး ချီတက်လာသော အကြမ်းဖက်စစ်ကောင်စီတပ်များနှင့် တောင်ငူခရိုင် PDF တပ်ရင်း (၃၅၀၁) တပ်ခွဲ (၄) နှင့်ပူးပေါင်းအဖွဲ့တို့ တိုက်ပွဲ(၃)ကြိမ်ဖြစ်ပွားရာ စစ်ကောင်စီတပ်လက်အောက်ခံ အရာရှိ (၃) ဦးအပါအဝင် (၄၀) ဝန်းကျင်သေဆုံးကြောင်း ယနေ့ ထုတ်ပြန်ထားသည်။   စစ်ကောင်စီတပ်အင်အား (၁၀၀) ဝန်းကျင်ရှိ တပ်ဖွဲ့သည် ဇန်နဝါရီလ ၁၆ ရက်နေ့က နဂျပ်တောင်ဖက်သို့ ချဉ်းကပ်လာစဉ် တောင်ငူခရိုင် PDF တပ်ခွဲ(၄) တပ်စု(၂) က…
Read More
“တရားမဝင်တဲ့ ရွေးကောက်ပွဲ လူထုအားနဲ့တိုက်ဖျက်ကြ”

“တရားမဝင်တဲ့ ရွေးကောက်ပွဲ လူထုအားနဲ့တိုက်ဖျက်ကြ”

ထောင်ချီသည့်လူထုက “ တရားမဝင်တဲ့ ရွေးကောက်ပွဲ လူထုအားနဲ့တိုက်ဖျက်ကြ” ကြွေးကြော်သံများနှင့်အတူဆန္ဒပြ   RNA_ဇန်နဝါရီ(၁၈)၊၂၀၂၃ ခုနှစ်။ [embedyt] https://www.youtube.com/watch?v=ECTFLCTBIgc[/embedyt]   အာဏာသိမ်းစစ်ကောင်စီကပြုလုပ်မည့် ရွေးကောက်ပွဲကို မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှ ထောင်ချီသည့် လူထုက “ တရားမဝင်တဲ့ ရွေးကောက်ပွဲ လူထုအားနဲ့တိုက်ဖျက်ကြ” စာတန်းများ၊ စစ်အာဏာရှင်ဆန့်ကျင်ရေး ကြွေးကြော်သံများနှင့် ယနေ့ ရေစကြိုမြို့နယ် ကျေးရွာများတွင် လှည့်လည် ဆန္ဒပြခဲ့ကြသည်။   #RedNewsAgency  
Read More