
Category: အင်တာဗျူး
-

၁ နှစ်အတွင်း ဒရုန်းစစ်ဆင်ရေး (၃၄၇)ကြိမ်ပျံသန်းမှုဖြင့် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား (၂၀၀) ဝန်းကျင်သေဆုံး
RNA_ဇန်နဝါရီ (၅)၊၂၀၂၃ ခုနှစ်။Federal Wings ဒရုန်းတပ်ဖွဲ့၏ ၂၀၂၂ ခုနှစ် (၁) နှစ်တာအတွင်း ဒရုန်းစစ်ဆင်ရေး ပျံသန်းမှု (၃၄၇) ကြိမ်ပျံသန်းပြီး စစ်ကောင်စီတပ်သားများကို တိုက်ခိုက်ခဲ့ရာတွင် စစ်ကောင်စီတပ်သား (၂၀၀) ဝန်းကျင် သေဆုံးကြောင်း သိရသည်။
ကရင်ပြည်နယ်အတွင်း KNU တပ်မဟာ (၃) နှင့် တပ်မဟာ (၆) နယ်အတွင်းရှိ ထိတွေ့တိုက်ပွဲများနှင့် စခန်းသိမ်းတိုက်ပွဲကြီးများတွင် သက်ဆိုင်ရာတပ်ရင်းတပ်ဖွဲ့ စစ်ကြောင်းများနှင့် ပူးတွဲတိုက်ပွဲဝင်နိုင်ခဲ့ကြောင်း၊ ယခုရက်ပိုင်း ဖြစ်ပွားနေသည့် ကြာအင်းဆိပ်ကြီးတိုက်ပွဲ၊ ကော့ကရိတ်တိုက်ပွဲ၊ တောင်စွန်း တိုက်ပွဲတို့တွင်လည်း မဟာမိတ်များဖြင့် ပူးပေါင်းတိုက်ခိုက်နေကြောင်း သိရသည်။ -

လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြင့် အကျဉ်းသား အကျဉ်းသူ ၇၀၁၂ ဦး လွှတ်ပေးဟု စစ်ကောင်စီကြေညာ
RNA_ဇန်နဝါရီ (၄)၊၂၀၂၃ ခုနှစ်။ယနေ့ကျရောက်သည့် (၇၅) နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် အကျဉ်းထောင်၊ အချုပ်ထောင်၊ စခန်းအသီးသီးမှ ပြစ်ဒဏ်ကျခံနေရသူ အကျဉ်းသား အကျဉ်းသူ ၇၀၁၂ ဦးကို ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ ၁ အရ လွတ်ပေးကြောင်း စစ်ကောင်စီအတွင်းရေးမှူး အောင်လင်းဒွေးကလက်မှတ်ဖြင့် ထုတ်ပြန်ကြေညာထားသည်။
-

အားကောင်းသည့် တပ်မဟာ ၁ ခုကို ၁ နှစ်အတွင်း MNDAA အကောင်အထည်ဖော်နိုင်ခဲ့
RNA_ဇန်နဝါရီ (၄)၊၂၀၂၃ ခုနှစ်။မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ဝင်တခုဖြစ်သည့် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်က ၁ နှစ်အတွင်း တပ်မဟာ (၆၁၁) ကို တပ်သားသစ်စုဆောင်းခြင်း သင်တန်းပေးခြင်းစသည့် တည်ဆောက် အကောင်အထည်ဖော်ခြင်းနှင့် လက်နက်အပြည့်အစုံ တပ်ဆင်ပေးနိုင်ခဲ့ကြောင်း သိရသည်။
၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့က စတင်ဖွဲ့စည်းခဲ့သည့် တပ်မဟာ (၆၁၁) သည် တနှစ်အတွင်း သင်တန်းများပြုလုပ်နိုင်ခဲ့ပြီး ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ အပတ်စဉ် (၂) သင်တန်းဆင်းပွဲ ပြုလုပ်ကာ တပ်မဟာ တခုလုံး တိုက်ပွဲဝင်နိုင်သည့် အနေအထားဖြစ်သည့်အတွက် လက်နက်များ တပ်ဆင်ပေးခဲ့ကြောင်း ကိုးကန့်သတင်းကွန်ရက်က ထုတ်ပြန်ကြေညာထားသည်။ -

လွတ်လပ်ရေးနေ့တွင် ဖောက်ခွဲရေးလုပ်မည့် နေပြည်တော် တပ်ကုန်းPDF (၃)ဦး ဖမ်းဆီးရမိဟု စစ်ကောင်စီထုတ်ပြန်
RNA_ဇန်နဝါရီ (၄)၊၂၀၂၃ခုနှစ်။လွတ်လပ်ရေးနေ့တွင် တပ်ကုန်းမြို့နယ်တွင်းရှိ နေရာတော်တော်များများကို ဖောက်ခွဲရေးပြုလုပ်မည့် တပ်ကုန်းမြို့နယ် PDF (၃) ဦးကို ဖမ်းဆီးရမိခဲ့သည့်ဟု စွပ်စွဲကာ အကြမ်းဖက်အာဏာသိမ်း စစ်ကောင်စီက ယနေ့ ထုတ်ပြန်ထားသည်။
-

၂၀၂၃ ခုနှစ်သည် တော်လှန်ရေး နိဂုံးနှစ်ဖြစ်ကြောင်း အလုပ်နှင့် သက်သေပြမည်
RNA_ဇန်နဝါရီ (၂)၊၂၀၂၃ ခုနှစ်။
၂၀၂၃ ခုနှစ်သည် အာဏာရှင်အမြစ်ဖြတ် တော်လှန်ရေ းခရီးအတွက် နောက်ဆူံပိတ် နိဂုံးနှစ်ဖြစ်ကြောင်း အလုပ်နှင့် သတ်သေပြမည်ဟု စစ်ကိုင်းတိုင်းအခြေ စိုက် ဟုမ္မလင်း PDF မှ ထုတ်ပြန်ကြေညာထားသည်။

Photo : HPDF -124 တော်လှန်ရေးခရီးတွင် မိဘပြည်သုများနှင့်အတူတကွ ပူးပေါင်းမှသာ ခရီးတွင်မည်ဖြစ်ကြောင်း၊ ကျွန်ုပ်တို့ တော်လှန်ရေး ရဲဘော်များအနေဖြင့် နှစ်ဟောင်းကထက် မြဲမြံသည့် တော်လှန်ရေးစိတ်ဓာတ်ဖြင့် ကြိုးစားအားထုတ် တော်လှန်သွားပါမည်ဟု မိဘပြည်သူများအား သစ္စာ အဓိဋ္ဌာန်ပြုပါသည်ဟုထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
-

မြောက်ပိုင်းမှာ အားကောင်းနေသည့် TNLA အရာရှိနှင့် ဗိုလ်သင်တန်းဆင်းပွဲ ပြုလုပ်
RNA_ဇန်နဝါရီ ၂၊၂၀၂၃ ခုနှစ်။ရှမ်းပြည်နယ် မြောက်ပိုင်းတွင် အားကောင်းနေသည့် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA က ယနေ့ နံနက်ပိုင်းက နမ့်ဆန်မြို့နယ်မှာ အလုပ်သင်အရာရှိနှင့် ဗိုလ်သင်တန်းကျောင်းဆင်းပွဲအခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။
PSLF/TNLA ၏ ယနေ့ ကျင်းပပြုလုပ်သည့် အပတ်စဉ် (၃) သင်တန်းဆင်းပွဲတွင် အလုပ်သင်အရာရှိသင်တန်းမှ သင်တန်းသား (၁၀၅)ဦးကို အရာရှိအဖြစ်ခန့်အပ်ခဲ့ကြောင်း၊ အပတ်စဉ် (၂) ဗိုလ်လောင်းသင်တန်းဆင်းပွဲမှ ဗိုလ်လောင်း (၅၁) ဦးကို အရာရှိအဖြစ် ခန့်အပ်တာဝန်ပေးအပ်ခဲ့သည်။ -

စစ်ကောင်စီပြုလုပ်မည့် ရွေးကောက်ပွဲ ဆန့်ကျင်ကြဖို့ အသိပညာပေးဟောပြော
RNA_ဇန်နဝါရီ ၂၊၂၀၂၂ ခုနှစ်။အကြမ်းဖက် အာဏာသိမ်းစစ်တပ်က ပြုလုပ်မည့် ရွေးကောက်ပွဲကို ဆန့်ကျင်ကြရန်အတွက် စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ရှိ ကျေးရွာတရွာ၏ စာသင် ကျောင်းတွင် ယင်းမာပင် ဆားလင်းကြီး ရွာပေါင်းစုံ သပိတ်ဦးဆောင်ကော်မတီက ယနေ့ နံနက်ပိုင်းက အသိပညာပေး ဟောပြောမှုများ ပြုလုပ်ခဲ့ကြသည်။
“တရားမဝင် ရွေးကောက်ပွဲဖြင့် ဖက်ဆစ်စစ်တပ်ကို ထွက်ပေါက်မပေးကြေး” စာတန်းပါ ဗွီနိုင်းဖြင့် ကမ်ပိန်းများပြုလုပ်ခဲ့ကြောင်း၊ စစ်ကောင်စီက ၂၀၂၃ ခုနှစ်အတွင်း ပြုလုပ်မည်ဟု ကြေညာထားသည့် ရွေးကောက်ပွဲကို ဆန့်ကျင်ကြရန် တိုက်တွန်းထားခြင်းဖြစ်သည်။ -

ပျူစောထီးခေါင်းဆောင်များနေအိမ်တချို့ကို ဝင်ရောက် စီးနင်း
RNA_ဇန်နဝါရီ ၁၊၂၀၂၃ ခုနှစ်။
တနင်္သာရီတိုင်း၊လောင်းလုံးမြို့နယ်အတွင်းရှိ စစ်ကောင်စီလက်အောက်ခံ ပျူစောထီးခေါင်းဆောင်နေအိမ်များကို ဝင်ရောက်စီးနင်းကာ နယ်မြေရှင်းလင်းရေးပြုလုပ်ခဲ့ရာ စစ်ရေးမှတ်တမ်းများနှင့် လက်လုပ်သေနတ်များ သိမ်းဆည်းရခဲ့မိကြောင်း သိရသည်။

-

မကွေး PRA က စစ်ကောင်စီတပ်သားများကို ပဒေသာမိုင်းဆွဲ တိုက်ခိုက်
RNA_ဇန်နဝါရီ ၁၊ ၂၀၂၃ ခုနှစ်။
မကွေးတိုင်းအခြေစိုက် People’s Revolution Alliance ( PRA – Magway) တပ်ဖွဲ့က ငဖဲမြို့နယ်၊ ဂုတ်ကြီးကျေးရွာနှင့် မြေလတ်ကျေးရွာ အကြားတွင် အမှတ် (၉၀၅) အမြောက်တပ်မှ တပ်သားများလိုက်ပါလာသည့်ယာဉ်ကို ယနေ့ နံနက် (၈) နာရီ (၃၀) မိနစ်ဝန်းကျက်က ပဒေသာမိုင်းဖြင့်တိုက်ခိုက်ခဲ့ကြောင်း စစ်ကောင်စီတပ် အသေအဆုံးကို စုံစမ်းနေကြောင်း သိရသည်။

People’s Revolution Alliance ( PRA – Magway) တပ်ဖွဲ့က ၂၀၂၂ ခုနှစ် နိုဝင်ဘာလ (၁) ရက်နေ့ နေ့လည်ပိုင်းကလည်း ဂုတ်ကြီးကျေးရွာ ရဲစခန်းမှ လုံခြုံရေး စစ်ကြောင်းကို ခြုံခိုတိုက်ခိုက်ခဲ့ရာ ရဲတပ်ကြပ်တဦးသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း ယနေ့ ထုတ်ပြန်ထားသည်။

