News

ဆေးပေးခန်းအပါအဝင် နေအိမ်အဆောက်အဦ (၆၉၀) ခန့် စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး

ဆေးပေးခန်းအပါအဝင် နေအိမ်အဆောက်အဦ (၆၉၀) ခန့် စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး

RNA_ဇွန်(၃)၊၂၀၂၃ ခုနှစ်။ မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသကို စစ်ကောင်စီတပ် (၃) ရက်တာ စစ်ကြောင်းထိုး ဝင်ရောက်မှုအတွင်း ကျေးရွာ (၂၇) ရွာမှ ကျေးလက်‌ဆေးပေးခန်းအပါအဝင် နေအိမ်အဆောက်အဦ (၆၉၀) ခန့် မီးရှို့ဖျက်ဆီးသွားကြောင်း သိရသည်။ စစ်ကောင်စီတပ် စစ်ကြောင်းသည် ရေလယ်ကျွန်းဒေသကို ၂၀၂၃ ခုနှစ် မေလ ၂၆ ရက်နေ့မှ ၂၈ ရက်နေ့အထိ စစ်ကြောင်းထိုးဝင်ရောက်ပြီး နေအိမ်အဆောက်အဦများ မီးရှို့ခံရမှုနှင့်အတူ ကောက်ပဲသီးနှံနှင့် ဆန်စပါးများ မီးလောင်ဆုံးရှုံးခဲ့ရကြောင်း၊ မီးရှို့ဖျက်ဆီးမှုများအတွင်း ပြည်သူ (၅) ဦးကို သတ်ဖြတ်သွားကြောင်း ရေစကြိုမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။ (more…)
Read More
ဗိုလ်မှူးကြီးဗထူးကျဆုံးခြင်း (၇၈) နှစ်မြောက် အခမ်းအနားပြုလုပ်

ဗိုလ်မှူးကြီးဗထူးကျဆုံးခြင်း (၇၈) နှစ်မြောက် အခမ်းအနားပြုလုပ်

RNA_‌ဇွန်(၂)၊၂၀၂၃ ခုနှစ်။ ယနေ့ ကျရောက်သည့် ဗိုလ်မှူးကြီးဗထူး ကျဆုံးခြင်း (၇၈) နှစ်မြောက် "ဗထူးနေ့ " အခမ်းအနားကို ဗိုလ်မှူးကြီးဗထူး မွေးရပ်ဇာတိဖြစ်သည့် ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ လေးသွန်းခံရွာရှိ ဗထူးပန်းခြံ၌ ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ (DDMSC) မှ ဦးဆောင်၍ ယနေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။ ဗိုလ်မှူးကြီးဗထူးသည် ၁၉၄၁ ခုနှစ်တွင် ဗမာ့လွတ်လပ်ရေး‌ တပ်မတော် (BIA) သို့ စတင်ဝင်ရောက်ခဲ့ပြီး၊ ၁၉၄၅ ဇွန်လ ၂ ရက်နေ့တွင် ကျဆုံးသွားခဲ့ရသည့် ထားဝယ်တိုင်းရင်းသား သူရဲကောင်းတစ်ဦးဖြစ်‌သည်။ [embedyt] https://www.youtube.com/watch?v=aWniZ8jvL2A[/embedyt] "ဗထူးနေ့" အခမ်းအနားတွင် သမဂ္ဂခွပ်ဒေါင်းအလံတော်အား အလေးပြုခြင်း၊ ဗိုလ်မှူးကြီးဗထူးနှင့်တကွ ကျဆုံးသွားခဲ့ကြသော…
Read More
မီးဘေးသင့် ရေလယ်ကျွန်းဒေသပြည်သူများကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ကူညီပေးနေ

မီးဘေးသင့် ရေလယ်ကျွန်းဒေသပြည်သူများကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ကူညီပေးနေ

RNA_ဇွန်(၂)၊၂၀၂၃ ခုနှစ်။   မကွေးတိုင်း၊ ရေလယ်ကျွန်းဒေသရှိ​ ကျေးရွာများကို ပခုက္ကူအခြေစိုက် စစ်ကောင်စီတပ်သားများ အပါအဝင် စစ်ကောင်စီလက်အောက်ခံများက ပြီးခဲ့သည့် တစ်ပတ်အတွင်း မီးပတ်ရှို့ခဲ့သည့်အတွက် ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ကူညီပေးနေကြရကြောင်း၊ စစ်ဘေးရှောင် မီးဘေးသင့်ပြည်သူများအတွက် လိုအပ်ချက်များရှိနေသေးကြောင်း သိရသည်။   ရေလယ်ကျွန်းဒေသတွင်း စစ်ကောင်စီတပ်စစ်ကြောင်းသည် ၂၀၂၃ ခုနှစ် မေလ ၂၆ ရက်နေ့မှ စတင်ကာ ကျေးရွာများကို မီးရှို့ဖျက်ဆီးခဲ့ရာ မေလ ၂၉ ရ ရက်နေ့အထိ ကျေးရွာ (၂၆) ရွာမီးရှို့ခံခဲ့ကြောင်း၊ ဒေသခံပြည်သူ ထောင်ချီပြီး စစ်ဘေးရှောင်နေကြရကြောင်း သိရသည်။ (more…)
Read More
KNDF ကို မြောက်ပိုင်းညီနောင်မဟာမိတ် (၃) ဖွဲ့က လက်နက်နှင့် စစ်ရေးအကူအညီများပေးခဲ့

KNDF ကို မြောက်ပိုင်းညီနောင်မဟာမိတ် (၃) ဖွဲ့က လက်နက်နှင့် စစ်ရေးအကူအညီများပေးခဲ့

RNA_မေ(၃၁)၊၂၀၂၃ ခုနှစ်။ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ကို မြောက်ပိုင်းမဟာမိတ် (၃) ဖွဲ့က လက်နက်အပါအဝင် စစ်ရေးအကူအညီများ ပေးခဲ့ကြောင်း ယနေ့ကျရောက်သည့် KNDF (၂) နှစ်ပြည့် အထိမ်းအမှတ်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)၊ တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)၊ ရက္ခိုင့်တပ်တော် (AA) တို့သည် နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် စစ်အာဏာရှင်ဆန့်ကျင်ရေး လက်နက်ကိုင်အဖွဲ့အစည်းများကို ကူညီပေးမှုများစွာရှိခဲ့ကြောင်း ထုတ်ဖော်ပြောကြားထားကြသည်။ (more…)
Read More
ဟားခါးမြို့နယ် သီးမစ်တိုက်ပွဲတွင် ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ ရဲဘော် ၁၁ ဦးကျဆုံး

ဟားခါးမြို့နယ် သီးမစ်တိုက်ပွဲတွင် ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ ရဲဘော် ၁၁ ဦးကျဆုံး

RNA_မေ(၃၁)၊၂၀၂၃ ခုနှစ်။   ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၊ သီးမစ်တိုက်ပွဲတွင် စစ်ကောင်စီတပ်လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုအတွင်း ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ ရဲဘော် ၁၁ ဦးကျဆုံးခဲ့ရကြောင်း သိရသည်။   မေလ ၂၉ ရက်နေ့တွင် သီးမစ်တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီလေကြောင်းဗုံးကြဲတိုက်ခိုက်မှုအတွင်း CDF -ဟားခါးမှ ရဲဘော် ၈ ဦး၊ CDF -ဇိုးဖိုင်မှ ရဲဘော် ၁ ဦးနှင့် ချင်းအမျိုးသားတပ်ဦး(CNA) မှ ရဲဘော် ၂ ဦးတို့ ကျဆုံးခဲ့ရပြီး၊ CDF -ခွန်ကျုံး၊ CDF -ဇိုးဖိုင်၊ CDF-ဟာခါး နှင့် CNAတို့မှ ရဲဘော်များ ဒဏ်ရာရရှိခဲ့ကြကြောင်း သိရသည်။ (more…)
Read More
လွိုင်ကော်မြို့နယ်၊ ကုန်းသာကျေးရွာ တိုက်ပွဲတွင် KNDF ရဲဘော် (၃) ဦး ကျဆုံးခဲ့ရ

လွိုင်ကော်မြို့နယ်၊ ကုန်းသာကျေးရွာ တိုက်ပွဲတွင် KNDF ရဲဘော် (၃) ဦး ကျဆုံးခဲ့ရ

RNA_မေ(၃၁)၊၂၀၂၃ ခုနှစ်။ စစ်ကောင်စီတပ်နှင့် တိုက်ပွဲပြင်းထန်နေသည့် ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ ကုန်းသာကျေးရွာတိုက်ပွဲတွင် ကရင်နီအမျိုးသားကာကွယ်ရေးတပ်၊ တပ်ရင်း (၂) မှ ရဲဘော်ပီတယ်၊ ရဲဘော်မာတီးနိုနှင့် ရဲဘော်ဖရန်စစ္စကိုတို့သည် မေလ (၂၇) ရက်နေ့က ဖယ်ဒရယ်ဒီမိုကရေစီရရှိရေးအတွက် တိုက်ပွဲဝင်ရင်း မြင့်မြတ်စွာကျဆုံးခဲ့ရကြောင်း သိရသည်။   စစ်အာဏာရှင်စနစ်ကိုတော်လှန်ရင်း မြင့်မြတ်စွာ ကျဆုံးခဲ့ရသည့် အာဇာနည်ရဲဘော်များဖြစ်သည့် ရဲဘော်ပီတယ်၊ ရဲဘော်မာတီးနိုနှင့် ရဲဘော်ဖရန်စစ္စကိုတို့အား အာဇာနည်ဗိမ္မာန်သို့ပို့ဆောင်ကာ ကောင်းမွန်စွာ သင်္ဂြိုလ်ပေးခဲ့ကြောင်း၊ သူရဲကောင်းသုံးဦးအား ကရင်နီအမျိုးသားများကာကွယ်ရေးတပ်၊ တပ်ရင်း အမှတ် (၂) အနေဖြင့် အာဇာနည်များအဖြစ် မှတ်တမ်းတင်ဂုဏ်ပြုအပ်သည်ဟု ထုတ်ပြန်ထားသည်။ (more…)
Read More
အခွန်(ခ)ဆက်ကြေးမပေးသည့် ကျောက်စိမ်းလုပ်ကွက် နှစ်ခုကို စစ်ကောင်စီတပ် ဝင်စီး

အခွန်(ခ)ဆက်ကြေးမပေးသည့် ကျောက်စိမ်းလုပ်ကွက် နှစ်ခုကို စစ်ကောင်စီတပ် ဝင်စီး

RNA_ဖားကန့် မေလ ၃၀ ရက်၊ ၂၀၂၃ ခုနှစ်။ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်း‌ကျေးရွာအုပ်စု၊ ဆန်ခါကျေးရွာအနီးရှိ စစ်ကောင်စီကိုအခွန် (ခ) ဆက်ကြေးမပေးပဲ တူးဖော်နေသည့် ကျောက်ကျင်းလုပ်ကွက် နှစ်ခုကို စစ်ကောင်စီတပ်အင်အား(၃၀)ခန့်ဖြင့် မေလ ၂၉ ရက် ညဦးပိုင်းက ဝင်ရောက်စီးနင်း ဖမ်းဆီးခဲ့ကြောင်း သိရသည်။ စစ်ကောင်စီတပ်ကို ဆက်ကြေးမပေးသည့်အတွက် အဲဗားရေဝင်းနားလုပ်ကွက်ဟောင်းရေကန်၊ ငိုးပင်းကုမ္ပဏီလုပ်ကွက်‌မြေနေရာဟောင်း မြေစာပုံဈေးတန်းအနီး၊ တောက်ပကြယ် လုပ်ကွက်ဟောင်း ကမ်းပါးနေရာတို့ကို ဝင်ရောက်စီးနင်းကာ စက်ယန္တရားများနှင့် လုပ်ကွက်ဝန်ထမ်းအားလုံးနီးပါးကို ဖမ်းဆီးထားကြောင်း မျက်မြင်တွေ့ရှိသူကများက ပြောကြားထားသည်။ ဝင်ရောက်စီးနင်းခံရသည့် လုပ်ကွက်တွင် ကချင်တိုင်းရင်းသားများဖွံ့ဖြိုးတိုးတက်ရေး ကုမ္မဏီ KNDPC ဟု နာမည်ခံထားပြီး အဆိုပါကုမ္မဏီ၏ပိုင်ရှင်မှာ တရုတ်လူမျိုး ဦးကွေပင်းဖြစ်ပြီး၊ မူးယစ်ယာဇာ အဖြစ်နာမည်ကြီးသူဟုကျော်ကြားကာ…
Read More
စစ်ကိုင်းတိုင်းအနေဖြင့် ဖက်ဒရယ်ယူနစ်တခုအဖြစ်ပါဝင်နိုင်ရန် KNU မျှော်လင့် 

စစ်ကိုင်းတိုင်းအနေဖြင့် ဖက်ဒရယ်ယူနစ်တခုအဖြစ်ပါဝင်နိုင်ရန် KNU မျှော်လင့် 

RNA_မေ(၃၀)၊၂၀၂၃ ခုနှစ်။ ယနေ့ အွန်လိုင်းမှတဆင့် ကျင်းပပြုလုပ်သည့် "စစ်ကိုင်းဖိုရမ်" သို့ ကေအဲန်ယူ- ကရင်အမျိုးသားအစည်းအရုံး ဗဟိုဌာနချုပ်မှ ပေးပို့သည့်သဝဏ်လွှာတွင် ဖက်ဒရယ်ပြည်ထောင်စုသစ်တည်ဆောက်ရေးလုပ်ငန်းစဉ်တွင် စစ်ကိုင်းတိုင်းအနေဖြင့် ဖက်ဒရယ်ယူနစ်တခုအဖြစ်ပါဝင်နိုင်ရန် မျှော်လင့်ကြောင်း ပြောကြားထားသည်။ "နွေဦးတော်လှန်ရေး၏ ပထမဆုံးသောလက်နက်ကိုင်တော်လှန်ရေးစတင်ရာဖြစ်သည့် စစ်ကိုင်းတိုင်းဒေသကို ဦးဆောင်သောခေါင်းဆောင်များ၏ နိုင်ငံရေးရည်မှန်း ချက်ခိုင်မာမှု၊ အမျှော်အမြင် ရှိမှုနှင့်အတူ မိမိကြမ္မာ မိမိဖန်တည်းခွင့်ကို ကျင့်သုံးပြီး မတူကွဲပြားမှုများကို အင်အားအဖြစ်စုစည်းကာ ဤဖိုရမ်အပါအဝင် ညှိနှိုင်းဆွေးနွေးမှုအဆင့်ဆင့်ဖြင့် ဖက်ဒရယ်ယူနစ်တခုအဖြစ် ဖွဲ့စည်းနိုင်ရေးအတွက်ကိုလည်းတိုက်တွန်းပါကြောင်း၊ ဖက်ဒရယ်ပြည်ထောင်စုသစ်တည်ဆောက်ရေးလုပ်ငန်းစဉ်တွင် စစ်ကိုင်းတိုင်းအနေဖြင့် ဖက်ဒရယ်ယူနစ်တခုအဖြစ်ပါဝင်နိုင်ရန်ကိုလည်း KNU က မျှော်လင့်ပါကြောင်း မိမိတို့၏သဘောထားကို ဖော်ပြအပ်ပါသည်" ဟု သဝဏ်လွှာတွင် ဖော်ပြထားသည်။ (more…)
Read More
သာယာဝတီအကျဉ်းထောင်တွင် မဲကြီး (ခေါ်) ကိုပြည့်ဖြိုးဝင်း ညှင်းပမ်းနှိပ်စက် သတ်ဖြတ်ခံရ

သာယာဝတီအကျဉ်းထောင်တွင် မဲကြီး (ခေါ်) ကိုပြည့်ဖြိုးဝင်း ညှင်းပမ်းနှိပ်စက် သတ်ဖြတ်ခံရ

RNA_မေ(၂၉)၊၂၀၂၃ ခုနှစ်။   ရန်ကုန်မြို့ အင်းစိန်ထောင်မှ ပဲခူးတိုင်း အနောက်ခြမ်း သာယာဝတီ အကျဉ်းထောင်သို့ ပြောင်းရွှေ့ခံလိုက်ရပြီးနောက် မဲကြီး (ခေါ်) ကိုပြည့်ဖြိုးဝင်းသည် သာယာဝတီထောင်အတွင်း ညှင်းပမ်းနှိပ်စက်ခံရသည့် ဒဏ်ရာများကြောင့် မေလ ၂၁ ရက်နေ့က ကျဆုံးသွားခဲ့ကြောင်း သိရသည်။   ရန်ကုန်တိုင်း၊ တောင်ဒဂုံမြို့နယ်မှ မဲကြီး(ခေါ်) ကိုပြည့်ဖြိုးဝင်းသည် ကျန်းမာရေးကောင်းမွန်နေသည့်ကြားမှ ယခုလိုသေဆုံးခဲ့ခြင်းကို သာယာဝတီထောင်အဏာပိုင်များက အဆုတ်ပိုးဝင်ပြီး သေဆုံးသည်ဟု မိသားစုကို ပြောကြားထားကြောင်း၊ မိသားစုသည် သာယာဝတီထောင်သို့ မေလ ၂၂ ရက်နေ့က လိုက်သွားခဲ့ရာ ကိုပြည့်ဖြိုးဝင်း၏ ရုပ်အလောင်း မျက်နှာအား မြင်တွေ့ခွင့်ရခဲ့ကြောင်း၊ ထောင်အာဏာပိုင်များက ဆေးရုံတင်ပြီး ၄ ရက်မြောက်မှ သေဆုံးခဲ့သည်ဟု မိသားစုကို အသိပေးခဲ့ကြောင်း…
Read More
တရုတ်ကျောက်သူဌေး ဦးအားတီနေအိမ် ဓါးပြတိုက်ခံရပြီး ရွှေချောင်း၊ ကျောက်ရိုင်းတုံးနှင့်ကားများပါသွား

တရုတ်ကျောက်သူဌေး ဦးအားတီနေအိမ် ဓါးပြတိုက်ခံရပြီး ရွှေချောင်း၊ ကျောက်ရိုင်းတုံးနှင့်ကားများပါသွား

RNA_ဖားကန့် မေလ ၂၉ ရက်၊ ၂၀၂၃ ခုနှစ်။   ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာ၊ ရှမ်းကုန်းဈေးအနီးရှိ တရုတ်ကျောက်သူဌေး ဦးအားတီ၏နေအိမ်ကို မေလ ၂၈ ရက်နေ့ညပိုင်းက ဓားပြ (၆) ယောက်အဖွဲ့မှ ခြိမ်းခြောက်တိုက်ခိုက်ပြီး ရွှေချောင်းများ၊ ကျောက်ရိုင်းတုံးများနှင့် မော်ဒမြင့်ကားနှစ်စီးပါ ယူသွားကြောင်း သိရသည်။   စစ်ကောင်စီက အာဏာသိမ်းပြီးနောက် ဖားကန့်မြို့မှ ရွှေဆိုင် ဓါးပြတိုက်ခံရမှု၊ လုံးခင်းကျေးရွာမှ ဖုန်းဆိုင်တစ်ခုအတွင်း AK 47 ဟုယူဆရသည့် သေနတ်ကိုင်ဆောင်ကာ ဓါးပြတိုက်မှု၊ ဆိပ်မူကျေးရွာ နှီးဘုရားကုန်းအနီး ဓါပြတိုက်ခံရမှုများ ဖြစ်ပွားခဲ့ကြောင်း၊ ဆိပ်မူကျေးရွာ နှီးဘုရားကုန်းအနီး ဓါးပြမှုမှ ပါဝင်သူများကို ဖားကန့် KPDF မှ ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ကြောင်း…
Read More