စစ်အာဏာသိမ်းမှု (၃) နှစ်ပြည့်

နွေဦးတော်လှန်ရေး (၃) နှစ်ပြည့် စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှု

နွေဦးတော်လှန်ရေး (၃) နှစ်ပြည့် စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှု

RNA_ဖေဖော်ဝါရီ(၁)၊၂၀၂၄ ခုနှစ်။ စစ်ကိုင်းတိုင်း၊ ယင်းမာပင် ဆားလင်းကြီး ရွာပေါင်းစုံသပိတ်စစ်ကြောင်း၊ အမျိုးသမီး မဟာမိတ်အင်အားစု WAB၊ မကွေးလူထုတိုက်ပွဲ​ကော်မတီ၊ ကနီမြို့နယ် သပိတ်ဦးဆောင်ကော်မတီ၊ မုံရွာလူထုသပိတ်တိုက်ပွဲဥဦးဆောင်ကော်မတီတို့နှင့် ဒေသတွင်း သပိတ်အင်အားစုများနှင့် ပူးပေါင်းကာ ယနေ့ကျရောက်သည့် နွေဦးတော်လှန်ရေး (၃) နှစ်ပြည့် နံနက်ပိုင်းက ငြိမ်းချမ်းစွာ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ် ပြုလုပ်ခဲ့သည်။ #RedNewsAgency
Read More
နွေဦးတော်လှန်ရေး (၃) နှစ်ပြည့် လူထုတိုက်ပွဲတွင် ဖားကန့်မြို့ပါဝင်

နွေဦးတော်လှန်ရေး (၃) နှစ်ပြည့် လူထုတိုက်ပွဲတွင် ဖားကန့်မြို့ပါဝင်

RNA_ဖေဖော်ဝါရီ(၁)၊၂၀၂၄ခုနှစ်။ နေ့စဉ်သွားလာလှုပ်ရှားမှုထူထပ်သည့် ကချင်ပြည်နယ်၊ ကျောက်စိမ်းမြို့တော်၊ ဖားကန့်မြို့ပြည်သူများသည် ပြည်သူ့နွေဦးတော်လှန်ရေး (၃) နှစ်ပြည့် လူထုတိုက်ပွဲဖြစ်သည့် "အပြင်မထွက်၊ အသံတိတ်သပိတ်" (Silent Strike)တွင် ပါဝင်လှုပ်ရှားခဲ့ကြကြောင်း သိရသည်။ ပြည်သူ့အစိုးရထံမှ လက်နက်အားကိုးဖြင့် စစ်တပ်မှ အကြမ်းဖက်အာဏာသိမ်းခဲ့သည်မှာ ယနေ့ ( ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်) ၃ နှစ်ပြည့်မြောက်ပြီဖြစ်ကြောင်း၊ ယနေ့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးအတွက် တော်လှန်ရေးအင်အားစုများက လူထုတိုက်ပွဲပုံဖော်သည့်အနေဖြင့် "အပြင်မထွက်၊ အသံတိတ်သပိတ်" (Silent Strike)၊ "အဖြူရောင် လှုပ်ရှားမှု" (White Campaign) တို့ပြုလုပ်ရန် မေတ္တာရပ်ခံထားသည်။ (more…)
Read More