09
Feb
RNA_ဖေဖော်ဝါရီ(၉)၊၂၀၂၄ခုနှစ်။ YDF ရဲဘော်နှစ်ဦးကို အကြမ်းဖက်စစ်ကောင်စီက မီးရှို့သတ်ဖြတ်ခဲ့သော်လည်း စစ်ကောင်စီနှင့်အတူ လော်ဘီများက ဖုံးကွယ် (ငြင်းဆို) ရန်ကြိုးစားနေသည့်အတွက် ဗမာ့ရေးရာနှင့် ပဋိပက္ခလေ့လာရေးအဖွဲ့ - BACS က အချက်အလက်များနှင့်တကွ ထုတ်ဖော်ထားသည်။ မကွေးတိုင်း၊ ဂန့်ဂေါနယ်၊ မြောက်ခင်ရန်းရွာ၊ ရွာမြောက်ဘက်အထွက်၊ ဆေးရုံရှေ့က ကုက္ကိုလ်ပင်မှာ YDF ရဲဘော် (၂) ဦးဖြစ်သည့် ရဲဘော် ဖိုးတေနှင့် ရဲဘော် သားထောင်တို့ (၂) ဦးကို စစ်ကောင်စီတပ်နှင့်လက်အောက်ခံ (ပျူ) များက ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ(၇) ရက်နေ့က နှိပ်စက်ပြီး အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။ မီးရှို့သတ်ဖြတ်သည့် ရုပ်သံကြည့်ရန် >>>> နှလုံးရောဂါရှိသူများ၊ အသက်ငယ်သူများနှင့် ကျန်းမာရေးမကောင်းသူများ အရှင်လတ်လတ်မီးရှို့နေခြင်းဖြစ်သည့်…