White Campaign

နွေဦးတော်လှန်ရေး (၃) နှစ်ပြည့် လူထုတိုက်ပွဲတွင် ဖားကန့်မြို့ပါဝင်

နွေဦးတော်လှန်ရေး (၃) နှစ်ပြည့် လူထုတိုက်ပွဲတွင် ဖားကန့်မြို့ပါဝင်

RNA_ဖေဖော်ဝါရီ(၁)၊၂၀၂၄ခုနှစ်။ နေ့စဉ်သွားလာလှုပ်ရှားမှုထူထပ်သည့် ကချင်ပြည်နယ်၊ ကျောက်စိမ်းမြို့တော်၊ ဖားကန့်မြို့ပြည်သူများသည် ပြည်သူ့နွေဦးတော်လှန်ရေး (၃) နှစ်ပြည့် လူထုတိုက်ပွဲဖြစ်သည့် "အပြင်မထွက်၊ အသံတိတ်သပိတ်" (Silent Strike)တွင် ပါဝင်လှုပ်ရှားခဲ့ကြကြောင်း သိရသည်။ ပြည်သူ့အစိုးရထံမှ လက်နက်အားကိုးဖြင့် စစ်တပ်မှ အကြမ်းဖက်အာဏာသိမ်းခဲ့သည်မှာ ယနေ့ ( ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်) ၃ နှစ်ပြည့်မြောက်ပြီဖြစ်ကြောင်း၊ ယနေ့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးအတွက် တော်လှန်ရေးအင်အားစုများက လူထုတိုက်ပွဲပုံဖော်သည့်အနေဖြင့် "အပြင်မထွက်၊ အသံတိတ်သပိတ်" (Silent Strike)၊ "အဖြူရောင် လှုပ်ရှားမှု" (White Campaign) တို့ပြုလုပ်ရန် မေတ္တာရပ်ခံထားသည်။ (more…)
Read More