မြောက်ခင်ရန်းရွာ မီးရှို့သတ်ဖြတ်မှုကို စစ်ကောင်စီဖုံးကွယ်ရန် ကြိုးစားနေသည့်အတွက် သက်သေအထောက်အထားများကို BACS က ထုတ်ဖော်

RNA_ဖေဖော်ဝါရီ(၉)၊၂၀၂၄ခုနှစ်။

YDF ရဲဘော်နှစ်ဦးကို အကြမ်းဖက်စစ်ကောင်စီက မီးရှို့သတ်ဖြတ်ခဲ့သော်လည်း စစ်ကောင်စီနှင့်အတူ လော်ဘီများက ဖုံးကွယ် (ငြင်းဆို) ရန်ကြိုးစားနေသည့်အတွက် ဗမာ့ရေးရာနှင့် ပဋိပက္ခလေ့လာရေးအဖွဲ့ – BACS က အချက်အလက်များနှင့်တကွ ထုတ်ဖော်ထားသည်။

မကွေးတိုင်း၊ ဂန့်ဂေါနယ်၊ မြောက်ခင်ရန်းရွာ၊ ရွာမြောက်ဘက်အထွက်၊ ဆေးရုံရှေ့က ကုက္ကိုလ်ပင်မှာ YDF ရဲဘော် (၂) ဦးဖြစ်သည့် ရဲဘော် ဖိုးတေနှင့် ရဲဘော် သားထောင်တို့ (၂) ဦးကို စစ်ကောင်စီတပ်နှင့်လက်အောက်ခံ (ပျူ) များက ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ(၇) ရက်နေ့က နှိပ်စက်ပြီး အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။

မီးရှို့သတ်ဖြတ်သည့် ရုပ်သံကြည့်ရန်  >>>> နှလုံးရောဂါရှိသူများ၊ အသက်ငယ်သူများနှင့် ကျန်းမာရေးမကောင်းသူများ အရှင်လတ်လတ်မီးရှို့နေခြင်းဖြစ်သည့် အကြည့်ကြပါရန် အထူး မေတ္တာရပ်ခံအပ်ပါသည်။



စစ်ကောင်စီသည် ၎င်း၏ လက်အောက်ခံ လက်နက်ကိုင်အဖွဲ့များ စစ်ရာဇဝတ်မှု ကျူးလွန်ခြင်းနှင့်ပတ်သက်ပြီး အရေးယူရန်ပင်ဝေးစွ ၎င်းတို့ ပြုလုပ်ခြင်းမဟုတ်ကြောင်း မျက်နှာပြောင်တိုက်စွာ ငြင်းဆိုနေကြောင်း၊ စစ်ကောင်စီအနေဖြင့် မည်သို့ပင် ငြင်းဆိုနေစေကာမူ ၎င်းတို့ ပြုလုပ်ခဲ့ကြောင်း အထောက်အထားမှတ်တမ်းများသည် အွန်လိုင်း ပလက်ဖောင်းများတွင် ကျန်ရှိနေသည်ကို BACS က လေ့လာတွေ့ရှိခဲ့သည်ဟု အစီအရင်ခံစာကို ထုတ်ပြန်ထားသည်။

BACS မှ ထုတ်ဖော်ထားသည့် စစ်ကောင်စီ ဖုံးကွယ်ရန်ကြိုးစားနေသည့် မြောက်ခင်ရန်းရွာ မီးရှို့သတ်ဖြတ်မှု သက်သေအထောက်အထားများတွင် ရရှိထားသည့် လူမှုကွန်ရက် သက်သေအထောက်အထား (၁)၊ (၂)၊ (၃)၊ (၄)၊ (၅)၊ (၆) ခုတို့ဖြင့် ထုတ်ဖော်ထားသည်ကို တွေ့ရှိရသည်။



#RedNewsAgency

By Editor