နွေဦးတော်လှန်ရေး (၃) နှစ်ပြည့် လူထုတိုက်ပွဲတွင် ဖားကန့်မြို့ပါဝင်

RNA_ဖေဖော်ဝါရီ(၁)၊၂၀၂၄ခုနှစ်။

နေ့စဉ်သွားလာလှုပ်ရှားမှုထူထပ်သည့် ကချင်ပြည်နယ်၊ ကျောက်စိမ်းမြို့တော်၊ ဖားကန့်မြို့ပြည်သူများသည် ပြည်သူ့နွေဦးတော်လှန်ရေး (၃) နှစ်ပြည့် လူထုတိုက်ပွဲဖြစ်သည့် “အပြင်မထွက်၊ အသံတိတ်သပိတ်” (Silent Strike)တွင် ပါဝင်လှုပ်ရှားခဲ့ကြကြောင်း သိရသည်။

ပြည်သူ့အစိုးရထံမှ လက်နက်အားကိုးဖြင့် စစ်တပ်မှ အကြမ်းဖက်အာဏာသိမ်းခဲ့သည်မှာ ယနေ့ ( ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်) ၃ နှစ်ပြည့်မြောက်ပြီဖြစ်ကြောင်း၊ ယနေ့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးအတွက် တော်လှန်ရေးအင်အားစုများက လူထုတိုက်ပွဲပုံဖော်သည့်အနေဖြင့် “အပြင်မထွက်၊ အသံတိတ်သပိတ်” (Silent Strike)၊ “အဖြူရောင် လှုပ်ရှားမှု” (White Campaign) တို့ပြုလုပ်ရန် မေတ္တာရပ်ခံထားသည်။

 

ဖားကန့်မြို့အပါအဝင် ရန်ကုန်မြို့နှင့် အခြားသော တိုင်းနှင်ပြည်နယ်မှမြို့များ၊ ကျေးရွာများတွင် လူထုတိုက်ပွဲတွင်ပါဝင်လှုပ်ရှားနေကြကြောင်း၊ စစ်ကောင်စီသည် ယင်းကိစ္စအောင်မည်သွားမည်စိုးသဖြင့် အကြမ်းဖက်စစ်ကောင်စီထောက်ခံသည့် ပါတီတချို့နှင့် ဘာသာရေးအစွန်းရောက်များကို လမ်းပေါ်ထွက်အောင်ပြုလုပ်ထားကြောင်း၊ ရန်ကုန်မြို့ ဆူးလေတဝိုက်တွင်လည်း အင်္ကျီအဖြူဝတ်သွားလာသူတချိုု့ကို စစ်ကောင်စီလက်အေက်ခံ လက်နက်ကိုင်များက စောင့်ကြည့်မှုများရှိကြောင်း စုံစမ်းသိရှိရသည်။

 

#RedNewsAgency

By Editor