ချင်းပြည်ဖွဲ့စည်းပုံအခြေခံဥပဒေအရ ချင်းပြည်အစိုးရဖွဲ့စည်းကြောင်း ချင်းပြည်ကောင်စီကြေညာ

RNA_ဖေဖော်ဝါရီ(၂)၊၂၀၂၄ခုနှစ်။

ချင်းပြည်ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ၉ နှင့် ပုဒ်မ ၃၂ (က) အရ ချင်းပြည်ကောင်စီမှ ချင်းပြည်အစိုးရအဖွဲ့ ဖွဲ့စည်းခဲ့ကြောင်း ၂၀၂၄ ခုနှစ် ဖော်ဖော်ဝါရီလ (၁) ရက်နေ့က ချင်းပြည် (Chinland) ကောင်စီ ဥက္ကဌ Pu Zing Cung လက်မှတ်ဖြင့် ထုတ်ပြန်ကြေညာခဲ့သည်။

ချင်းပြည်အစိုးရအဖွဲ့တွင် ဝန်ကြီးချုပ် Pu Pa Thang ဖြစ်ပြီး အစိုးရအဖွဲ့တွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနစသည်တို့ ပါဝင်သည်။



ချင်းပြည် ဖွဲ့စည်းပုံကို ၂၀၂၃ ခုနှစ်တွင် ထုတ်ပြန်ခဲ့ပြီး ဖွဲ့စည်းပုံအရ ချင်းပြည် (Chinland) ကောင်စီကို ဖွဲ့စည်းခဲ့ကြောင်း၊ ချင်းပြည်ဖွဲ့စည်းပုံတွင် နိဒါန်း၊ အခန်း ၁ အခြေခံမူများ၊ အခန်း (၂) ချင်းပြည် ဖွဲ့စည်းတည်ဆောက်ပုံ၊ အခန်း (၃) ချင်းပြည်ကောင်စီ၊ အခန်း (၄) ဥပဒေပြုရေး အပါအဝင် အခန်း (၁၀) ထိရှိကြောင်း၊ ချင်းပြည်အစိုးရအဖွဲ့ကို ချင်းပြည်ဖွဲ့စည်းပုံ အခန်း (၉) အရ ချင်းပြည်ကောင်စီက ရွေးချယ်တင်မြှောက်ခြင်း ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ဓာတ်ပုံ : ချင်းပြည်ကောင်စီဝင်များ ချင်းအမျိုးသားအလံ​တော်ကိုကိုင်စွဲ၍ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလအတွင်းက ကတိသစ္စာပြုစဉ်။

ချင်းပြည်အစိုးရအဖွဲ့သက်တမ်းကို တော်လှန်ရေးကာလနှင့် အသွင်ကူးပြောင်းရေးကာလဟူ၍ နှစ်ပိုင်းခွဲခြားသတ်မှတ်ပြီး တော်လှန်ရေးကာလပြီးဆုံးပါက ချင်းပြည် တော်လှန်ရေးကာလအစိုးရအဖွဲ့ကို အသွင်ကူးပြောင်းရေးကာလ ချင်ပြည် အစိုးရအဖွဲ့အဖြစ်ပြေင်းလဲဖွဲ့စည်းရမည်။ အသွင်းကူးပြောင်းရေးကာလ ချင်းပြည် အစိုးရအဖွဲ့ ဖွဲ့စည်းပြီးသည့်နေ့မှစ၍ တော်လှန်ရေးကာလ ချင်းပြည် အစိုးရအဖွဲ့အား ဖျက်သိမ်းပြီးဖြစ်သည်ဟု မှတ်ယူရမည်ဖြစ်ကြောင်း ချင်းပြည်ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၁၀) အထွေထွေပြဌာန်းချက်တွင် ဖော်ပြထားသည်။

ဓာတ်ပုံ : ချင်းပြည်ကောင်စီဝင်များ ချင်းအမျိုးသားအလံ​တော်ကိုကိုင်စွဲ၍ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလအတွင်းက ကတိသစ္စာပြုစဉ်။

#RedNewsAgency

By Editor