နှစ်ပေါင်း ၁၂၀ ကျော် “ကောင်းကင်ဘုံသို့ပင့်ဆောင်ခြင်းခံရသော မယ်တော်သ္ခင်မဘုရားကျောင်း” မီးရှို့ခံရ

Written by

in

RNA_ဇန်နဝါရီ(၁၅)၊၂၀၂၃ ခုနှစ်။

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရေဦးမြို့နယ်၊ ချမ်းသာရွာမှ နှစ်ပေါင်း ၁၂၉ နှစ်ရှိ “ကောင်းကင်ဘုံသို့ပင့်ဆောင်ခြင်းခံရသော မယ်တော်သ္ခင်မဘုရားကျောင်း”ကို ယနေ့ နံနက်က စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားကြောင်း သိရသည်။

ခရစ်ယာန်ကက်သလစ်သာသနာ ဗိမာန်တော်ဘုရား ရှိခိုးကျောင်းတော်ကြီးနှင့် ရေဦးနယ်အတွင်း အဝေးမှ လှမ်းမြင်နိုင်သော ဘုရားကျောင်းခေါင်းလောင်းစင်ကြီး အပါ အဝင်ဘုရားကျောင်းဝင်းအတွင်းရှိ မကြာသေးခင်က အသစ်မွမ်းမံ ပြန်လည်တည်ဆောက်ထားသည့် Fr. ဘုန်းတော်ကြီးကျောင်းတိုက်၊ သမိုင်းဝင် ရာပြည့် Sr.သီလရှင်ကျောင်းတိုက်တို့ကို စစ်ကောင်စီတပ်သားများ မီးရှို့ဖျက်ဆီးသွားသည့်အတွက် ဘုရား ရှိခိုးကျောင်းခေါင်းလောင်း စင်ကြီးပါပြာကျသွားကြောင်း သိရသည်။

“ကောင်းကင်ဘုံသို့ပင့်ဆောင်ခြင်းခံရသော မယ်တော်သ္ခင်မဘုရားကျောင်း” ကို ၁၈၉၄ ခုနှစ်တွင် စတည်တည် ဆောက်ခဲ့ပြီး၊ မန္တလေးကက်သလစ်သနာမှ ချမ်းသာ ရွာကို ကက်သလစ်သနာသာသနာ ရောက်ရှိလာခဲ့တာ နှစ်ပေါင်း ၄၀၀ ကျော်ပြီဖြစ်ကြောင်း၊ ချမ်းသာ ကျေးရွာသည် ပေါ်တူဂီနွယ်ဖွားတို့ နေ ရှေထိုင်ရာ ဟောင်းသမိုင်းဝင် ရွာကြီးတစ်ရွာဖြစ်ပြီး ခရစ်ယာန်ဘာသာဝင်အများစုရှိပြီး ဗုဒ္ဓ ဘာသာဝင်ရပ်ကွက် (၂) ခုပါအဝင် အိမ်မခြ (၈၀၀) ကျော်ရှိသည့် ရွာကြီးတရွာဖြစ်ကြောင်း၊ ယနေ့မီးရှို့ခံရသည့် ဓာတ်ပုံများနှင့်အတူ People’s Defense Comrada က အသိပေးထားသည်။

 

စစ်ကောင်စီတပ် မော်လိုက်အခြေစိုက် ခမရ(၃၆၄)နှင့် မှော်ဘီထူးကြီးအခြေစိုက် ခလရ(၇၀၁) တပ် စသည်တို့ကို ချမ်းသာရွာကို ၂၀၂၂ခု မေလ (၇)ရက်နေ့က ပထမအကြိမ်နှင့် ဇွန်လ (၇) ရက်နေ့က ဒုတိယအကကြိမ် မီးရှို့ဖျက်ဆီးခဲ့သည့်အတွက် နေအိမ် (၁၃၅) လုံး ပျက်စီး ဆုံးရှုံးခဲ့ရကြောင်း၊ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ (၁၄) နေ့ကလည်း မီးရှို့ဖျက်ဆီးခဲ့ပြီး ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁၄ ရက်နေ့က ဘုရားကျောင်းတွင် စစ်ကောင်စီတပ်အထိုင်ချပြီး ကျေးရွာကို မီးရှို့ပြီး ယနေ့နံနက်မှာ ကျေးရွာမှအထွက် ဘုရားကျောင်းကို မီးရှို့ဖျက်ဆီးသွားခဲ့သည်ဟု သိရသည်။

Red News Agency