ဆားလင်းကြီးမြို့နယ်(မြောက်ခြမ်း) ကျေးရွာ (၁၀)ရွာမှပြည်သူ (၇၀၀၀)ကျော် စစ်ဘေးရှောင်နေရ

Written by

in

RNA_ဇန်နဝါရီ (၁၂)၊၂၀၂၃ ခုနှစ်။

စစ်ကောင်စီတပ် စစ်ကြောင်းက ကျေးရွာများအတွင်း ပစ်ခတ်ဝင်ရောက် မီးရှိုါဖျက်ဆီးနေသည့်မတွက် စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်(မြောက်ခြမ်း) ကျေးရွာ (၁၀) ရွာမှ ပြည်သူ (၇၀၀၀) ကျော် စစ်ဘေးရှောင်နေရသည်။

Photo : Aung Khant Zaw

အင်အား၇၀ခန့်ပါသည့် စစ်ကာင်စီတပ်စစ်ကြောင်းက ယနေ့ နံနက်ပိုင်းက ပိုင်းတောင်ကြီးကျေးရွာနှင့် ကျောက်မှော်ကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့ပြီး၊ နေ့လည်ပိုင်းမှာ ဖောင်ကထာကျေးရွာရှိ နေအိမ်များကို ထပ်မံမီးရှို့ ဖျက်ဆီးခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီတပ်စစ်ကြောင်း ဝင်ရောက်လာမှုကြောင့် ဆားလင်းကြီးမြို့နယ် (မြောက်ခြမ်း)ရှိ ပိုင်းတောင်ကြီး၊ ကျောက်မှော်၊ ထန်းပု၊ ထန်းဇင်၊ မယ်ဇလီကန်၊ ဥသျှစ်ပြား၊ ဖောင်းကထာ ၊သဲကောကြီး၊ အေးကုန်း၊ လယ်တီ၊ ဆည်တည်း၊ တုံကျေးရွာ အစရှိသည့်ကျေးရွာများမှ ပြည်သူများ စစ်ဘေးရှောင်နေကြရသည်။

Photo : Aung Khant Zaw
Photo : Aung Khant Zaw
Photo : Aung Khant Zaw

ဇန်နဝါရီ (၁၀) ရက်နေ့က ချင်းတွင်းမြစ်ကြောင်းမှ စုန်လာသော စစ်ကောင်စီ ရေယာဉ်ကို ကာကွယ်ရေးတပ်များမှ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား (၂၀) ခန့်သေဆုံးခဲ့သောကြောင့် အနီးနားကျေးရွာများကိုစစ်ကြောင်းထိုးဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း၊ ဇန်နဝါရီ (၆) ရက်နေ့ကလည်း ဆားလင်းကြီးမြို့နယ် ( မြောက်ခြမ်း) မှ ကျေးရွာ (၅) ရွာကိုမီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ခဲ့သည်။

Photo : Aung Khant Zaw

#RedNewsAgency