အင်းစိန်ထောင်မှ ဖမ်းဆီးခံထားရသူ (၅၀၀) ဝန်းကျင် သာယာဝတီထောင်နှင့်ဒိုက်ဦးထောင်ပြောင်းရွေ့

Written by

in

RNA_ဇန်နဝါရီ(၁၆)၊၂၀၂၃ ခုနှစ်။
 
ရန်ကုန်မြို့၊ အင်စိန်အကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူ အမျိုးသမီး (၁၀၀) ဝန်းကျင်နှင့် အမျိုးသား (၄၀၀) ဝန်းကျင်ကို ကား ၄ စီးဖြင့် သာယာဝတီထောင်နှင့် ဒိုက်ဦးထောင်ကို ဇန်နဝါရီ (၁၄) ရက်နေ့ နံနက်ကိုင်းက ပြောင်းရွေ့ခဲ့ကြောင်း သိရသည်။
 
“ထောင်ပြောင်းသွားတာ အကုန် ၅၀၀ နီးပါးရှိတယ်လို့ ဒီနေ့ ရုံးထုတ်လာသူတွေဆီကနေသိရတယ်၊ အခုရက်ပိုင်းမှနော် အမျိုးသမီးက ၁၀၀ လောက်ပါတယ်၊ သာယာဝတီထောင်ကို အများဆုံးပြောင်းတယ်တဲ့ မိသားစုတွေကတော့ မသိရသေးဘူး ဘယ်သူတွေပြောင်းတဲ့အထဲပါလည်းဆိုတာလေ” ဟု နိုင်ငံရေးအကျဉ်းသားဟောင်းတဦးကပြောသည်။

နွေဦးတော်လှန်ရေးကာလအတွင်း ၂၀၂၃ ခုနှစ် ဇန်နဝါရီလ (၁၃) ရက်နေ့အထိ မတရားဖမ်းဆီးခံရသူ(၁၃၄၉၅) ဦးရှိပြီး (၂၀၅၇)ကို ထောင်ဒဏ်ချမှတ်ခြင်းခံထားရကြောင်း၊ ဖမ်းဆီးခံထားရပြီး သေဒဏ်ချမှတ်ခံထားရသူ (၁၀၀) ဦးရှိပြီး မျက်ကွယ်သေဒဏ်ချမှတ်ခံရသူ (၄၂) ဦးရှိကြောင်း၊ စစ်ကောင်စီတပ်၏ သတ်ဖြတ်ခံရသူ (၂၇၃၄) ဦးရှိကြောင်း AAPP က ထုတ်ပြန်ထားသည်။
 
Red News Agency