Tag: Myanmar Defense Force

  • တိုက်ပွဲအတွင်း ဖမ်းဆီးခံလိုက်ရသော ရဲဘော် (၄) ဦးကျဆုံး

    တိုက်ပွဲအတွင်း ဖမ်းဆီးခံလိုက်ရသော ရဲဘော် (၄) ဦးကျဆုံး

    RNA_ဇွန်(၂၅)၊၂၀၂၅ခုနှစ်။

    ပဲခူးတိုင်း (အနောက်ခြမ်း)၊ မင်းလှမြို့နယ်၊ တောင်ပြတ်ကျေးရွာတိုက်ပွဲတွင် သာယာဝတီခရိုင်တပ်ရင်း – ၃ (Myanmar Defense Force) ၃၈၀၃ မှ ရဲဘော် (၄) ဦးသည် စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းခံလိုက်ရပြီးနောက် ကျဆုံးသွားပြီဟု သိရသည်။

    ဆင်အာချောင်းပေါက်ကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်သည် စစ်ကြောင်း (၃) ကြောင်းခွဲကာ တော်လှန်ရေးအင်အားစုများရှိသည့် တောင်ပြတ်ကျေးရွာကို ဇွန်လ (၂၀) ရက်နေ့ နံနက်စောစောပိုင်းတွင် စစ်ကြောင်းထိုးလာပြီး အနီးကပ် တိုက်ပွဲဖြစ်ပွားချိန် သာယာဝတီခရိုင်တပ်ရင်း – ၃ – ၃၈၀၃ မှ ရဲဘော် (၄) ဦး ဖမ်းဆီးခံလိုက်ရကြောင်း၊ တပ်ရင်း ၃၇၀၁ တပ်ခွဲ (၅) မှရဲဘော် (၁) ဦးမှာတိုက်ပွဲအတွင်း ကျဆုံးခဲ့ရသည်ဟု သာယာဝတီခရိုင်တပ်ရင်း – ၃ တာဝန်ရှိသူတစ်ဦးက Red News Agencyကို ပြောပြသည်။

    (more…)

  • တိုက်ပွဲပြန် PDF များကို အိုးစည်ဒိုးပတ် အကများဖြင့် ပြည်သူများက ဝမ်းသာအားရ ကြိုဆို

    တိုက်ပွဲပြန် PDF များကို အိုးစည်ဒိုးပတ် အကများဖြင့် ပြည်သူများက ဝမ်းသာအားရ ကြိုဆို

    စစ်ကောင်စီတပ်သား (၅၀) ကျော်သေဆုံးသည့် တိုက်ပွဲအပြန် PDF များကို အိုးစည်ဒိုးပတ် အကအခုန်များဖြင့် ပြည်သူများက ဝမ်းသာအားရ ကြိုဆို

    RNA_ဇန်နဝါရီ (၁၃)၊၂၀၂၃ ခုနှစ်။

    စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ချင်းတွင်းမြစ်ကြောင်းတလျှောက် ကုန်းကြောင်း၊ ရေကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို ဒေသခံမဟာမိတ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်ရာ စစ်ကောင်စီတပ်က (၅၀) ဝန်းကျင်သေဆုံးသည့် တိုက်ပွဲအပြန် PDF ရဲဘော်များကို ဒေသခံပြည်သူများက အိုးစည်ဒိုးပတ် အကအကုန်များ အစားအသောက်များဖြင့် အားရဝမ်းသာစွာ များဖြင့် ကြိုဆိုကြောင်း သိရသည်။

    “ ထိတွေ့တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ၅၀ကျော် ကျဆုံးပြီး၊ စစ်ကောင်စီတပ်သားများထံမှ လက်နက်ကြီး၊ငယ်များ၊လည်း သိမ်းဆည်းရမိကြသည်။ စစ်ကောင်စီတပ်များ အရှုံးနှင့်ပြန်ဆုတ်သွားပြီး‌နောက် အောင်ပွဲဖြင့်ပြန်လာကြသည့် တော်လှန်ရေးတပ်ဖွဲ့များကို ကနီမြို့နယ်အတွင်းရှိ ကျေးရွာ ၂၀နီးပါးမှ ပြည်သူ ထောင်ချီဟာ စုရပ် (၇)ခုမှာ စုဝေးကာ အောင်သပြေပန်းများ၊ အိုးစည်ဒိုးပတ် အကအခုန်များစွာဖြင့် သောင်းသောင်းဖြဖြကြိုဆိုကြပြီး၊ အစားအသောက်များ ဧည့်ခံ ကျွေးမွေးခြင်းနှင့်တော်လှန်ရေးထောက်ပံ့ငွေများလည်း လှူဒါန်းကြပါသည်” ဟု Myanmar Defense Force – MDF-ဗဟိုပြန်ကြားရေးကော်မတီက ယမန်နေ့က ထုတ်ပြန်ပြောကြားထားသည်။

    [embedyt] https://www.youtube.com/watch?v=IIGZZbDQovU[/embedyt]

    အာဏာသိမ်းစစ်ကောင်စီတပ်ကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဖြစ်သည့် Myanmar Defense Force နှင့် ရွှေဘိုခရိုင်တပ်ရင်း ၂၆၊ ခရိုင် တပ်ရင်း ၁၊၂၊ ကျောင်းသားလက်ရုံးတပ်၊ KPDF၊ ဒေသခံပကဖများ၊ ပြည်သူ့ကာကွယ်ရေတပ်ဖွဲ့စသည်တို့က တိုက်ခိုက်ခဲ့ကြပြီးအပြန် ပြည်သူထောင်ချီပြီး ဆိုကြိုခဲ့ကြသည်ဟု သိရသည်။

    Red News Agency