Tag: ရေဦး

  • ရေဦး ပလဖ အချုပ်ထောင် လေကြောင်းတိုက်ခိုက်ခံရပြီး တာဝန်ခံအပါအဝင် (၃) ဦးကျဆုံး

    ရေဦး ပလဖ အချုပ်ထောင် လေကြောင်းတိုက်ခိုက်ခံရပြီး တာဝန်ခံအပါအဝင် (၃) ဦးကျဆုံး

    RNA_ဒီဇင်ဘာ(၁၉)၊၂၀၂၅ခုနှစ်။

    အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ (ပလဖ) အချုပ်ထောင် ဒီဇင်ဘာ ၁၈ ရက်နေ့ ညနေပိုင်းက လေကြောင်းတိုက်ခိုက်ခံရသည့်အတွက် အချုပ်ထောင် တာဝန်ခံ အပါအဝင် (၃) ဦးကျဆုံးခဲ့ရကြောင်း သိရသည်။

    ရေဦးမြို့နယ် ပလဖ အချုပ်ထောင် တာဝန်ခံနှင့် ရဲဘော် (၂) ဦးကျဆုံးခဲ့ရကြောင်း၊ ထိခိုက်ဒဏ်ရာရရှိသူများရှိသော်လည်း အတိအကျမသိရှိရသေးကြောင်း၊ မင်းကင်း ပလဖ ၏ ဖမ်းဆီးခြင်းခံထားရသော CDM ဆရာဝန် ဒေါက်တာဒေါ်ခင်သူသူလွင်ကိုလည်း ရေဦးမြို့နယ် တရားရုံးတွင် ပြောင်းရွေ့စစ်ဆေးနေသည့်အတွက် ရေဦး ပလဖ အချုပ်ထောင်တွင် ချုပ်နှောင်ထားသည်ဟု ယူဆရကြောင်း ဒေသခံထံက သိရသည်။

    (more…)

  • နှစ်ပေါင်း ၁၂၀ ကျော် “ကောင်းကင်ဘုံသို့ပင့်ဆောင်ခြင်းခံရသော မယ်တော်သ္ခင်မဘုရားကျောင်း” မီးရှို့ခံရ

    နှစ်ပေါင်း ၁၂၀ ကျော် “ကောင်းကင်ဘုံသို့ပင့်ဆောင်ခြင်းခံရသော မယ်တော်သ္ခင်မဘုရားကျောင်း” မီးရှို့ခံရ

    RNA_ဇန်နဝါရီ(၁၅)၊၂၀၂၃ ခုနှစ်။

    စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရေဦးမြို့နယ်၊ ချမ်းသာရွာမှ နှစ်ပေါင်း ၁၂၉ နှစ်ရှိ “ကောင်းကင်ဘုံသို့ပင့်ဆောင်ခြင်းခံရသော မယ်တော်သ္ခင်မဘုရားကျောင်း”ကို ယနေ့ နံနက်က စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားကြောင်း သိရသည်။

    ခရစ်ယာန်ကက်သလစ်သာသနာ ဗိမာန်တော်ဘုရား ရှိခိုးကျောင်းတော်ကြီးနှင့် ရေဦးနယ်အတွင်း အဝေးမှ လှမ်းမြင်နိုင်သော ဘုရားကျောင်းခေါင်းလောင်းစင်ကြီး အပါ အဝင်ဘုရားကျောင်းဝင်းအတွင်းရှိ မကြာသေးခင်က အသစ်မွမ်းမံ ပြန်လည်တည်ဆောက်ထားသည့် Fr. ဘုန်းတော်ကြီးကျောင်းတိုက်၊ သမိုင်းဝင် ရာပြည့် Sr.သီလရှင်ကျောင်းတိုက်တို့ကို စစ်ကောင်စီတပ်သားများ မီးရှို့ဖျက်ဆီးသွားသည့်အတွက် ဘုရား ရှိခိုးကျောင်းခေါင်းလောင်း စင်ကြီးပါပြာကျသွားကြောင်း သိရသည်။

    (more…)

  • ရေဦးမြို့နယ် ယနေ့ တိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ၇ ဦးကျ 

    ရေဦးမြို့နယ် ယနေ့ တိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ၇ ဦးကျ 

    RNA_ဇန်နဝါရီ ၂၁ ရက်၊ ၂၀၂၂ ခုနှစ်။

    စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ ရွာမိဿကျေးရွာအနီး ယနေ့ နံနက်တွင် စစ်ကောင်စီတပ်၊ ပျူစောထီးများနှင့် ပြည်သူ့ကာကွယ်ရေးတပ်များ တိုက်ပွဲပြင်းထန်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့မှ (၇) ဦးကျဆုံးခဲ့သည်ဟု သိရသည်။

    ” ယနေ့မနက်ပိုင်း ရေဦးမြို့နယ် ရွာမိဿရွာအနီး စစ်ခွေးများနှင့်ထိတွေ့မှုဖြစ်စဉ်တွင် စစ်ခွေးများလည်း မူးပေါင်ပေါ်မှဆွဲချရသည်အထိ ဖြစ်ခဲ့ပြီး ပြည်သူများ၏ ပကဖ/PDF များလည်း ကျဆုံးခဲ့ရသည့်အတွက်များစွာ ဝမ်းနည်းကြေကွဲရပါတယ်။ ရဲဘော်တို့ ဖက်ဒရယ်ဒီမိုကရေစီအတွက် တာဝန်ကျေပွန်စွာထမ်းဆောင်ခဲ့ပြီးဖြစ်သည့်အတွက် ငြိမ်းချမ်းစွာအနားယူပါတော့ ပြည်သူချစ်ရဲဘော်တို့ရယ်” ဟု ပကဖ(ရေဦး)/ PDF(YEU)က အသိပေးထားသည်။

    ယနေ့ ရေဦးမြို့နယ် တိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ (၇) ဦးကျဆုံးခဲ့ပြီး၊ စစ်ကောင်စီတပ်နှင့် ပျူစောထီးများဘက်မှလည်း အကျအဆုံးရှိခဲ့ကြောင်း၊တိုက်ပွဲဖြစ်ပွားရာအနီးရှိ ရွာက နေအိမ်တချို့ကို စစ်ကောင်စီတပ်က မီးရှို့မှုများရှိကြောင်း၊ ဇေယျဝတီကျေးရွာဘက်ကို စစ်ကောင်စီတပ်က လက်နက်ကြီးများနှင့် ပစ်ခတ်မှုများရှိပြီး ဒေသခံများ ထွက်ပြေး တိမ်းရှောင်နေကြရကြောင်း ဒေသခံထံမှ သိရသည်။

    Red News Agency

  • ရွာအတွင်း စစ်ကောင်စီတပ် တပ်စွဲစဉ် ပြည်သူ (၃) ဦးအထက် ရက်ရက်စက်စက် သတ်ဖြတ်ခံရ

    ရွာအတွင်း စစ်ကောင်စီတပ် တပ်စွဲစဉ် ပြည်သူ (၃) ဦးအထက် ရက်ရက်စက်စက် သတ်ဖြတ်ခံရ

    RNA_ဒီဇင်ဘာ ၂၄ ရက်၊ ၂၀၂၁ ခုနှစ်။

    စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ ရေမျက်ရွာတွင် စစ်ကောင်စီတပ် (၃) ရက် တပ်စွဲပြီး ပြည်သူ (၄) ဦးကို ရက်ရက်စက်စက်သတ်ပြီး နေအိမ်များမီးရှို့သွားကြောင်း သိရသည်။

    နေအိမ်များကို မီးရှို့ထားသည့် မြင်ကွင်း

    ရေမျက်ရွာအတွင်း စစ်ကောင်စီတပ် (၃) ရက်ကြာ တပ်စွဲအပြီး ဒီဇင်ဘာလ ၂၃ ရက်နေ့က ထွက်ခွါသွားရာတွင် အိမ်ထဲတွင် မီးရှို့အသတ်ခံထားရသူ (၁) ဦး၊ ဓားစာခံအဖြစ်ဖမ်းဆီးခံရပြီး ဦးခေါင်းတေ့ပစ်ရသူ (၁) ဦး၊ သေနတ်ဒဏ်ရာရရှိသည့် နေရာတွင် သေဆုံးနေသူ အမျိုးသမီး (၁) ဦးအပါအဝင် အသတ်ခံထားရသူ အနည်းဆုံး (၃) ဦးအထပ်ရှိကြောင်း၊ ရွာတွင်ကျန်ခဲ့သည့် သက်ကြီးရွယ်အိုနှင့် တိရိစ္ဆာန်များ စားစရာမရှိသည့် အနေအထားနှင့်ကြုံတွေ့ခဲ့ရပြီး၊ နေအိမ်၊ ကား၊ ဆိုင်ကယ် စသည်တို့ကို မီးရှို့သွားကြောင်း သိရသည်။

    နေအိမ်အတွင်း မီးရှို့အသတ်ခံထားရသူ

    စစ်ကောင်စီတပ်နှင့် ဒေသခံ ပြည်သူကာကွယ်ရေးတပ်ဖွဲ့တို့ ဒီဇင်ဘာလ ၂၀ ရက်နေ့က ရေမျက်ရွာအနီး တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က လေကြောင်းက ပစ်ခတ်ခဲ့သည့်အတွက် ဒေသခံများ ရှောင်တိမ်းခဲ့ကြရပြီး PDF များဆုတ်ပေးချိန် ကျေးရွာအတွင်း တပ်စွဲကာ ပြည်သူများကို သတ်၊ နေအိမ်နှင့် အဖိုးတန်ပစ္စည်းများကို မီးရှို့ဖျက်ဆီးခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။

    သေနတ်ဒဏ်ရာကို လက်ဖြင့်အုပ်ထားပြီး နေရာတွင် သေဆုံးနေသည့် အမျိုးသမီး
    ကားများကို မီးရှို့ထားသည့်မြင်ကွင်း

    ဓာတ်ပုံ : ဒေသခံ

    Red News Agency