ဆားလင်းကြီး

စစ်ကောင်စီတပ် ရိက္ခာနှင့်လက်နက်များတင်ဆောင်လာသည့် ရေယာဉ်အုပ်စု ပစ်ခတ်ခံရ

စစ်ကောင်စီတပ် ရိက္ခာနှင့်လက်နက်များတင်ဆောင်လာသည့် ရေယာဉ်အုပ်စု ပစ်ခတ်ခံရ

RNA_စက်တင်ဘာ(၃)၊၂၀၂၃ ခုနှစ်။ ဆင်ဖြူရှင်တံတားမှ ချင်းတွင်းမြစ်ကြောင်းအတိုင် းဆန်တက်လာသော စစ်ကောင်စီတပ်၏ ရိက္ခာနှင့်လက်နက်ပစ္စည်းများသယ်ဆောင်လာသည့် မော်တော်( ၈) စီးနှင့် သ‌င်္ဘော( ၃) စီးပါဝင်သည့် ရေယာဉ်အုပ်စုကို စစ်ကိုင်းတိုင်း၊ မုံရွာနှင့် ဆားလင်းကြီးအကြားတွင် MRDA နှင့်ပူးပေါင်းအဖွဲ့က ပစ်ခတ်ခဲ့ကြောင်း သိရသည်။ စစ်ကောင်စီတပ် ရေယာဉ်အုပ်စုကို MRDA စေတန်တပ်ခွဲမှဦးဆောင်ပြီး ဒေသတွင်းမဟာမိတ်အဖွဲ့များဖြစ်သော မုံရွာခရိုင်၊ တပ်ရင်း( ၁၁) တပ်ခွဲ( ၃)၊ Royal Alliance အဖွဲ့များမှ ဩဂုတ်လ ၂ ရက်နေ့ နေလယ် ၃ နာရီဝန်းကျင်က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ထိတွေ့တိုက်ပွဲ (၁)နာရီခန့်ဖြစ်ပွားခဲ့ကြောင်း MRDA ‌စေတန် တပ်ခွဲမှူးထံမှ သိရသည်။ (more…)
Read More
သေမင်းတမန်ပြောက်ကြား တပ်ဖွဲ့ (Salingyi)၏ ခေါင်းဆောင် ကိုဗန့်ကျီ (ခ)ကိုမြတ်သူလင်း ဖမ်းဆီးခံရပြီး ကျဆုံး

သေမင်းတမန်ပြောက်ကြား တပ်ဖွဲ့ (Salingyi)၏ ခေါင်းဆောင် ကိုဗန့်ကျီ (ခ)ကိုမြတ်သူလင်း ဖမ်းဆီးခံရပြီး ကျဆုံး

RNA_ဇွန်(၁၃)၊၂၀၂၃ ခုနှစ်။ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်အခြေစိုက် သေမင်းတမန်ပြောက်ကြားတပ်ဖွဲ့ (Salingyi) ၏ ခေါင်းဆောင်၊ မြို့နယ် ပ.အ.ဖ အဖွဲ့ဝင် ကိုဗန့်ကျီ (ခ)ကိုမြတ်သူလင်း စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းခံရပြီး ကျဆုံးသွားကြောင်း သိရသည်။ ကိုဗန့်ကျီ (ခ) ကိုမြတ်သူလင်းသည် ဝမ်ပေါင်ကုမ္ပဏီမှာ စခန်းချထားသည့်စစ်ကောင်စီတပ်စခန်းသို့ ရိက္ခာပို့စစ်ကြောင်း ကင်းထောက်စဉ် ဇွန်လ ၁ ရက်နေ့က ဖမ်းဆီးခံခဲ့ရပြီး လူမဆန်စွာ နှိပ်စက်သတ်ဖြတ်ထားသည့် ရုပ်အလောင်းကို ဇွန်လ ၁၁ ရက်နေ့တွင် ထန်းတောရွာ သစ်ကွင်းအနီးတွင် တွေ့ရှိခဲ့သည့်အတွက် ယမန်နေ့က မီးသင်္ဂြိုလ်ခဲ့ကြောင်း၊ သိရသည်။ (more…)
Read More
“ပြည်သူရှိနေသရွေ့ ပါတီရှိ​နေမယ်” စာသားကိုင်ဆောင်ပြီး ဆန္ဒပြ

“ပြည်သူရှိနေသရွေ့ ပါတီရှိ​နေမယ်” စာသားကိုင်ဆောင်ပြီး ဆန္ဒပြ

RNA_ဧပြီ(၂)၊၂၀၂၃ ခုနှစ်။ စစ်ကောင်စီလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်မှ ရွေးကောက်ပွဲမှတ်ပုံမတင်သည့် ပါတီများကို ဖျက်သိမ်းကြောင်း ကြေညာသည့်အပေါ် ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်စစ်ကြောင်းမှဦးဆောင်ကာ PDF များ၏ ဝန်းရံမှုဖြင့် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆားလင်းကြီးမြို့နယ်အတွင်း ယနေ့ ဆန္ဒပြခဲ့ကြသည်။ (more…)
Read More
စစ်အာဏာရှင်ဆန့်ကျင်ရေး အညာအမျိုးသမီးသပိတ်စစ်ကြောင်း

စစ်အာဏာရှင်ဆန့်ကျင်ရေး အညာအမျိုးသမီးသပိတ်စစ်ကြောင်း

RNA_မတ်(၉)၊၂၀၂၃ ခုနှစ်။ "သာတူညီမျှမှုနဲ့အတူချီတက် အာဏာရှင်တို့ အဆုံးသတ်" ခေါင်းစဉ်ဖြင့် စစ်အာဏာရှင်ဆန့်ကျင်ရေး အညာအမျိုးသမီးသပိတ်စစ်ကြောင်း မတ်လ (၈) ရက်နေ့က စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်အတွင်း ပြုလုပ်ခဲ့သည်။ "အမျိုးသမီးတွေဟာဆိုရင် တော်လှန်ရေးရဲ့နိုင်ရာတာဝန်တွေကို ထမ်းဆောင်နေကြပါတယ်။ အမျိုးသားတွေနဲ့တန်းတူ တော်လှန်ရေးမှာပါဝင်တိုက်ပွဲ ဝင်နေကြတယ်။အမျိုးသမီးများနေ့မှာ တစ်နိုင်ငံလုံးက အမျိုးသမီးတွေ ကျရာနေရာမှာ ပါဝင်နေကြတယ်ဆိုတာကို ပြသသည့်သဘောပါ" ဟု အညာပစ်တိုင်းထောင်လေးများအဖွဲ့မှ ဦးဆောင်သူတဦးက ပြောသည်။ (more…)
Read More
ဆားလင်းကြီးမြို့နယ်အနီးတဝိုက်တွင် မပေါက်ကွဲသေးသော လက်လုပ်လက်နက်ကြီးအဖူးများတွေ့ရှိ

ဆားလင်းကြီးမြို့နယ်အနီးတဝိုက်တွင် မပေါက်ကွဲသေးသော လက်လုပ်လက်နက်ကြီးအဖူးများတွေ့ရှိ

RNA_ဖေဖော်ဝါရီ(၂၆)၊၂၀၂၃ ခုနှစ်။ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်အနီးတဝိုက်တွင် မပေါက်ကွဲသေးသော လက်လုပ်လက်နက်ကြီးအဖူးများ တွေ့ရှိသဖြင့် သေမင်းတမန်ပြောက်ကြားတပ်ဖွဲ့ရဲဘော်များ သွာရောက်ရှင်းလင်းခဲ့ရကြောင်း သိရသည်။ ပြည်သူများအနေဖြင့် မပေါက်ကွဲသေးသော လက်လုပ်လက်နက်ကြီးအဖူးများ၊ မပေါက်ကွဲသေးသည့်လက်နက်ကြီးအစစ် အဖူးများ စသည်တို့ကိုတွေ့ရှိပါက ကိုင်တွယ်ခြင်း မီးရှို့ခြင်းနှင့် လက်တည့်စမ်းပစ်ခတ်ခြင်း၊ လွှင့်ပစ်ခြင်းများမပြုလုပ်ကြရန် သတိပေးထားပြီး၊ တွေ့ရှိပါက နီးစပ်ရာ PDF တပ်ဖွဲ့များ အကြောင်း ကြားပေးရန် အသိပေးကြေဘာထားသည်။ နွေဦးတော်လှန်ရေးကာလ လက်နက်အစစ်ရှားပါးသည့်အတွက် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များသည် လက်လုပ်လက်နက်ကြီးများပြုလုပ်ကာ စမ်းသပ်မှုများပြုလုပ်နေကြရကြောင်း၊ စစ်ကောင်စီတပ်ပစ်ခတ်သည့် လက်နက်ကြီးကျည်တချို့မှာလည်း ကေါက်ကွဲမှု မရှိကြောင်း သိရသည်။ #RedNewsAgency
Read More
ကျေးရွာများသပိတ်စစ်ကြောင်းမှ ကျင်းပသည့် ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့

ကျေးရွာများသပိတ်စစ်ကြောင်းမှ ကျင်းပသည့် ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့

RNA_ဖေဖော်ဝါရီ(၁၃)၊၂၀၂၃ ခုနှစ်။ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ချင်းတွင်းမြစ်ကမ်းဘေး ကျေးရွာများသပိတ်စစ်ကြောင်းမှ ယနေ့ ကျရောက်သည့် ဗိုလ်ချုပ်အောင်ဆန်း၏ (၁၀၈) နှစ်မြောက်မွေးနေ့ အထိမ်းအမှတ် အခမ်းအနားပြုလုပ်ခဲ့ကြောင်း သိရသည်။ (more…)
Read More
စစ်ကောင်စီစစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ရန်သွာစဉ် ရဲဘော်(၇) ဦးကျဆုံး

စစ်ကောင်စီစစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ရန်သွာစဉ် ရဲဘော်(၇) ဦးကျဆုံး

RNA_ဖေဖော်ဝါရီ(၁၃)၊၂၀၂၃ ခုနှစ်။ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ငွေသာကျေးရွာဘက်လာသည့် စစ်ကောင်စီတပ်စစ်ကြောင်းကို ရှေ့ထွက်မိုင်းဆွဲတိုက်ခိုက်ရန်သွားစဉ် စောင့်ကြိုတိုက်ခိုက်ခံရသည့်အတွက် ဒေသခံပြည်သူ့ကာကွယ်ရေး ရဲဘော် (၇) ဦး ဖေဖော်ဝါရီ (၁၂) ရက်နေ့က ကျဆုံးခဲ့ရသည်။ Shwe Nyar Myae People Defense Force မှ ရဲဘော် (၄) ဦး၊ ညီနောင်သုံးဖော် အဖွဲ့မှ (၁) ဦး၊ Zarmani Blood Guerilla Army.Myaingအဖွဲ့မှ ရဲဘော် (၁)ဦး၊ ဒေသခံ ရဲဘော် (၁) ဦးတို့သည် စစ်ကောင်စီတပ်က ကင်းပုန်းစောင့်ပြီး တိုက်ခိုက်ခံရသည့်အတွက် ကျဆုံးခဲ့ရခြင်း ဖြစ်သည်ဟု သက်ဆိုင်ရာတပ်ဖွဲ့များမှ ထုတ်ပြန်ထားသည်။ (more…)
Read More
ဆားလင်းကြီးမြို့နယ်(မြောက်ခြမ်း) ကျေးရွာ (၁၀)ရွာမှပြည်သူ (၇၀၀၀)ကျော် စစ်ဘေးရှောင်နေရ

ဆားလင်းကြီးမြို့နယ်(မြောက်ခြမ်း) ကျေးရွာ (၁၀)ရွာမှပြည်သူ (၇၀၀၀)ကျော် စစ်ဘေးရှောင်နေရ

RNA_ဇန်နဝါရီ (၁၂)၊၂၀၂၃ ခုနှစ်။ စစ်ကောင်စီတပ် စစ်ကြောင်းက ကျေးရွာများအတွင်း ပစ်ခတ်ဝင်ရောက် မီးရှိုါဖျက်ဆီးနေသည့်မတွက် စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်(မြောက်ခြမ်း) ကျေးရွာ (၁၀) ရွာမှ ပြည်သူ (၇၀၀၀) ကျော် စစ်ဘေးရှောင်နေရသည်။ အင်အား၇၀ခန့်ပါသည့် စစ်ကာင်စီတပ်စစ်ကြောင်းက ယနေ့ နံနက်ပိုင်းက ပိုင်းတောင်ကြီးကျေးရွာနှင့် ကျောက်မှော်ကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့ပြီး၊ နေ့လည်ပိုင်းမှာ ဖောင်ကထာကျေးရွာရှိ နေအိမ်များကို ထပ်မံမီးရှို့ ဖျက်ဆီးခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။ (more…)
Read More
စစ်ကောင်စီပြုလုပ်မည့် ရွေးကောက်ပွဲ ဆန့်ကျင်ကြဖို့ အသိပညာပေးဟောပြော

စစ်ကောင်စီပြုလုပ်မည့် ရွေးကောက်ပွဲ ဆန့်ကျင်ကြဖို့ အသိပညာပေးဟောပြော

RNA_ဇန်နဝါရီ ၂၊၂၀၂၂ ခုနှစ်။   အကြမ်းဖက် အာဏာသိမ်းစစ်တပ်က ပြုလုပ်မည့် ရွေးကောက်ပွဲကို ဆန့်ကျင်ကြရန်အတွက် စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ရှိ ကျေးရွာတရွာ၏ စာသင် ကျောင်းတွင် ယင်းမာပင် ဆားလင်းကြီး ရွာပေါင်းစုံ သပိတ်ဦးဆောင်ကော်မတီက ယနေ့ နံနက်ပိုင်းက အသိပညာပေး ဟောပြောမှုများ ပြုလုပ်ခဲ့ကြသည်။   "တရားမဝင် ရွေးကောက်ပွဲဖြင့် ဖက်ဆစ်စစ်တပ်ကို ထွက်ပေါက်မပေးကြေး" စာတန်းပါ ဗွီနိုင်းဖြင့် ကမ်ပိန်းများပြုလုပ်ခဲ့ကြောင်း၊ စစ်ကောင်စီက ၂၀၂၃ ခုနှစ်အတွင်း ပြုလုပ်မည်ဟု ကြေညာထားသည့် ရွေးကောက်ပွဲကို ဆန့်ကျင်ကြရန် တိုက်တွန်းထားခြင်းဖြစ်သည်။ (more…)
Read More
မြေကွက်ရောင်းပြီး သေနတ်အစစ်ဝယ်ခဲ့သည့် တွေ့ရာသင်္ချိင်း ဓားမဆိုင်းပြောကျားတပ်ဖွဲ့

မြေကွက်ရောင်းပြီး သေနတ်အစစ်ဝယ်ခဲ့သည့် တွေ့ရာသင်္ချိင်း ဓားမဆိုင်းပြောကျားတပ်ဖွဲ့

RNA_ဒီဇင်ဘာ(၂၈)၊၂၀၂၂ ခုနှစ်။ မြေပြင်တိုက်ပွဲဝင်နေသည့် စစ်ကိုင်းတိုင်းက တွေ့ရာသင်္ချိင်း ဓားမဆိုင်းပြောကျားတပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်စွမ်းသူမောင်က တပ်ဖွဲ့အတွက် မိခင်ကိုအိမ်ဆောက်ပေးမည့် မြေကွက်ရောင်းပြီး သေနတ်တလက်ဝယ်ယူခဲ့ကြောင်း သိရသည်။ မြေကွက်ရောင်းပြီး သိန်း ၂၂၀ တန် M4 သေနတ် တလက်ဝယ်ယူခဲ့ကြောင်း၊ စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်‌မတော် တပ်ရင်း (၄)၊ ယင်းမာပင်ခရိုင် အမှတ်-၂၈ တွေ့ရာသင်္ချိုင်းဓားမဆိုင်းပြောက်ကျားတပ်ဖွဲ့ အနေဖြင့် တာဝန်ထမ်းဆောင်နေပြီး စစ်ကောင်စီတပ်နှင့် တိုက်ပွဲမကြာခဏ ဖြစ်ပွားနေကြောင်း သိရသည်။ #RedNewsAgency
Read More