ချမ်းသာရွာ

နှစ်ပေါင်း ၁၂၀ ကျော် “ကောင်းကင်ဘုံသို့ပင့်ဆောင်ခြင်းခံရသော မယ်တော်သ္ခင်မဘုရားကျောင်း” မီးရှို့ခံရ

နှစ်ပေါင်း ၁၂၀ ကျော် “ကောင်းကင်ဘုံသို့ပင့်ဆောင်ခြင်းခံရသော မယ်တော်သ္ခင်မဘုရားကျောင်း” မီးရှို့ခံရ

RNA_ဇန်နဝါရီ(၁၅)၊၂၀၂၃ ခုနှစ်။ စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရေဦးမြို့နယ်၊ ချမ်းသာရွာမှ နှစ်ပေါင်း ၁၂၉ နှစ်ရှိ "ကောင်းကင်ဘုံသို့ပင့်ဆောင်ခြင်းခံရသော မယ်တော်သ္ခင်မဘုရားကျောင်း"ကို ယနေ့ နံနက်က စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားကြောင်း သိရသည်။ ခရစ်ယာန်ကက်သလစ်သာသနာ ဗိမာန်တော်ဘုရား ရှိခိုးကျောင်းတော်ကြီးနှင့် ရေဦးနယ်အတွင်း အဝေးမှ လှမ်းမြင်နိုင်သော ဘုရားကျောင်းခေါင်းလောင်းစင်ကြီး အပါ အဝင်ဘုရားကျောင်းဝင်းအတွင်းရှိ မကြာသေးခင်က အသစ်မွမ်းမံ ပြန်လည်တည်ဆောက်ထားသည့် Fr. ဘုန်းတော်ကြီးကျောင်းတိုက်၊ သမိုင်းဝင် ရာပြည့် Sr.သီလရှင်ကျောင်းတိုက်တို့ကို စစ်ကောင်စီတပ်သားများ မီးရှို့ဖျက်ဆီးသွားသည့်အတွက် ဘုရား ရှိခိုးကျောင်းခေါင်းလောင်း စင်ကြီးပါပြာကျသွားကြောင်း သိရသည်။ (more…)
Read More