သတင်း

ပြည်သူစစ်တပ်ဖွဲ့မှ ဖမ်းဆီးသွားသည့် တအာင်းလူမျိုး (၁၂၇)ဦးကို TNLA မှ ကယ်ထုတ်နိုင်ခဲ့

ပြည်သူစစ်တပ်ဖွဲ့မှ ဖမ်းဆီးသွားသည့် တအာင်းလူမျိုး (၁၂၇)ဦးကို TNLA မှ ကယ်ထုတ်နိုင်ခဲ့

RNA_ဖေဖော်ဝါရီ(၇)၊၂၀၂၃ ခုနှစ်။ စစ်ကောင်စီလက်အောက်ခံ ဂျာယန်ကျေးရွာ ဂျာယန်ပြည်သူ့စစ်အဖွဲ့မှ စစ်မှုထမ်းရန် မတရားဖမ်းဆီးထားပြီး စစ်သင်ဆန်းပေးခံနေရသည့် တအာင်းလူမျိုး (၁၂၇)ဦိးအား TNLA မှသွားရောက်ကယ်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။ တအာင်းပြည်နယ်၊ တပ်မဟာ (၆) စစ်ဒေသအတွင်း အဓမ္မဖမ်းဆီးခံထားရသည့် တအာင်းလူမျိုး(၁၂၇)ဦိးတွင် အသက်မပြည့်သေးသည့် ကျောင်းနေအရွယ်ကလေး (၂၀)ဦီး၊ အမျိုးသမီးငယ်(၁၅)ဦီး၊ အခြားအရွယ် (၉၂)ဦီး ပါဝင်ကြောင်း၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLAမှ ဖေဖော်ဝါရီလ ၄ ရက်နေ့က ကယ်ထုတ်နိုင်ခဲ့သော်လည်း စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုများစွာပြုလုပ်ကာ ဟန့်တားခဲ့ကြောင်း TNLA က ထုတ်ပြန်ထားသည်။ (more…)
Read More
စစ်ကောင်စီတပ်နှင့်ပျူစောထီးများ ကြားဖြတ်တိုက်ခိုက်ခံရ 

စစ်ကောင်စီတပ်နှင့်ပျူစောထီးများ ကြားဖြတ်တိုက်ခိုက်ခံရ 

RNA_ဖေဖော်ဝါရီ(၇)၊၂၀၂၃ ခုနှစ်။ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ တည်သီးတောကျေးရွာမှ ပျူစောထီးနှင့် စစ်ကောင်စီတပ်သားများ ဖေဖော်ဝါရီလ (၆) ရက်နေ့ နံနက် (၈) နာရီ (၁၅) မိနစ်ဝန်းကျင်ခန့်က ဇီးဖြူကုန်းရွာသို့အသွားတွင် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ စစ်ကောင်စီတပ်သားများနှင့် လက်အောက်ခံ ပျူစောထီးများကို ဗိုလ်ကျားရိုင်း-ရွှေဘို(LPDF)အဖွဲ့၊ ဗိုလ်ဂျပန်ကြီး (T.T.T)-SHWEBO LPDFအဖွဲ့၊ မတစ်ထောင်(တစ်ကောင်ဘွား)-ဒီပဲယင်းအဖွဲ့၊ ရွှေဘိုမြို့နယ် တိုက်နယ်-၂ မဟာမိတ် ညီကိုများမှ ဆွဲမိုင်းတိုက်ခိုက်ခဲ့ကြောင်း ဗိုလ်ကျားရိုင်း-ရွှေဘို (LPDF) အဖွဲ့က ထုတ်ပြန်ထားသည်။ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားနှင့် ပျူစောထီး (၇) ဦးသေဆုံးပြီး (၃) ဦးအပြင်းအထန် ဒဏ်ရာရရှိသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသော်လည်း Red News Agency…
Read More
မဆုမွန်ထက်ကျဆုံး သတင်းမှားအတွက် တောင်းပန်ခြင်း

မဆုမွန်ထက်ကျဆုံး သတင်းမှားအတွက် တောင်းပန်ခြင်း

RNA_ဖေဖော်ဝါရီ(၆)၊၂၀၂၃ ခုနှစ်။ စစ်ကောင်စီတပ်သားများနှင့် တိုက်ပွဲဖြစ်ပြီး လက်နက်အင်အားမမျှသည့်အတွက် မြေအောက်လျှပ်စီးပြောက်ကျားတပ်ဖွဲ့မှ အသက် (၂၀) အရွယ် ဆေးတပ်သား ရဲမေ မဆုမွန်ထက် ယမန်နေ့က ကျဆုံးခဲ့ရသည်ဟု Red News Agency သတင်းမှား တင်ခဲ့မိသည့်အတွက် စာဖတ်ပရိတ်သတ်များအား တောင်းပန်ပါသည်။ စစ်ကိုင်းတိုင်း၊ ဆားတောင်မြို့နယ်အခြေစိုက် မြေအောက်လျှပ်စီးပြောက်ကျားတပ်ဖွဲ့မှ စစ်ကောင်စီတပ်ဖွဲ့နှင့် ဒလန်များကို တိုက်ခိုက်ရှင်းလင်းနေကြောင်း၊ တိုက်ပွဲအတွင်း လက်နက်အင်အား မမျှသည့်အတွက် မြေအောက်လျှပ်စီးပြောက်ကျားတပ်ဖွဲ့မှ မဆုမွန်ထက်အပါအဝင် ကျဆုံးရဲဘော် (၈) ဦးထိ ရှိပြီဖြစ်ကြောင်း ထုတ်ပြန်ချက်ကို ရေးသားခဲ့‌ သော်လည်း ၎င်းအဖွဲ့မြေပြင်မှာ အမှန်တကယ်မရှိကြောင်း စစ်ကိုင်းတိုင်းအတွင်းအဖွဲ့အစည်းများက အသိပေးထားသည်။ Red News Agency
Read More
အိမ်စီးကားတစီး မိုင်းနင်းမိပြီး (၄) ဦးသေ (၂) ဦးဒဏ်ရာပြင်းထန်

အိမ်စီးကားတစီး မိုင်းနင်းမိပြီး (၄) ဦးသေ (၂) ဦးဒဏ်ရာပြင်းထန်

အိမ်စီးကားတစီး မိုင်းနင်းမိပြီး (၄) ဦးသေ (၂) ဦးဒဏ်ရာပြင်းထန်   RNA_ဖေဖော်ဝါရီ(၅)၊၂၀၂၃ ခုနှစ်။   ကယားပြည်နယ်၊ လွိုင်ကော်မြို့မှ ထွက်လာသည့် Ipsum အဖြူရောင် အိမ်စီးကားတစီး ဇရပ်ဖြူကျေးရွာအကျော်လမ်းတွင် ယနေ့ နေ့လည် (၂) နာရီဝန်းကျင်က မိုင်းနင်းမိပြီး ကားပေါ်ပါသူ အမျိုးသား (၄) ဦးသေဆုံးကာ အမျိုးသား (၂) ဦးအပြင်းအထန် ဒဏ်ရာရရှိသွားကြောင်း သိရသည်။   မိုင်းနင်းမိသည့်ကားမှာ တစစီဖြစ်သွားပြီး အလောင်းများမှာလည်း ရုပ်ပျက်သွားသည်အထိ ထိခိုက်ပျက်စီးသွားကြောင်း၊ လွိုင်ကော်ဆေးရုံသို့ ရွှေလွိုင်ကော်အသင်းမှ Dead Body-၃လောင်း နှင့် အသက်ရှင်သောလူနာ-၁ဦး၊ Dead Body- ၁ လောင်းနှင့် အသက်ရှင်လူနာ- ၁ဦးအား ရွှေညောင်ပင်…
Read More
ဖယ်ခုံ PDF ရဲဘော်ဒေးဗစ်ဈာပန

ဖယ်ခုံ PDF ရဲဘော်ဒေးဗစ်ဈာပန

ဖယ်ခုံတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ (၅) ဦးသေပြီး၊ ဖယ်ခုံ PDF ရဲဘော် ဒေးဗစ်ကျဆုံး RNA_ဖေဖော်ဝါရီ(၆)၊၂၀၂၃ ခုနှစ်။ ရှမ်း - ကယား အစပ် ဖယ်ခုံမြို့နယ်၊ လွိုင်ကော်- ဖယ်ခုံ လမ်းမကြီးပေါ် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို မဟာမိတ် ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ရာ စစ်ကောင်စီတပ်က (၅) ဦးသေဆုံးပြီး၊ ဖယ်ခုံ PDF ရဲဘော်ဒေးဗစ် ကျဆုံးခဲ့ကြောင်း သိရသည်။ လွိုင်ကော်- ဖယ်ခုံ လမ်းမကြီးပေါ် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို ဒေသခံပြည်သူ့ကာကွယ် ရေး တပ်ဖွဲ့များဖြစ်သည့် ဖယ်ခုံ PDF တပ်ရင်း (၂)၊ KNDF B03၊ URF တပ်ဖွဲ့တို့က ဖေဖော်ဝါရီ (၄) ရက်နေ့က…
Read More
ဒေါနစစ်ကြောင်း ချေမှုန်းရေးတပ်ခွဲ (၁) အား လက်နက်တပ်ဆင်

ဒေါနစစ်ကြောင်း ချေမှုန်းရေးတပ်ခွဲ (၁) အား လက်နက်တပ်ဆင်

RAN_ဖေဖော်ဝါရီ(၅)၊၂၀၂၃ ခုနှစ်။   အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန တောင်ပိုင်းတိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ အမှတ် (၃) အတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်တော်၏ ဒေါနစစ်ကြောင်း ချေမှုန်းရေးတပ်ခွဲ (၁) အား တပ်စုဖွဲ့တာဝန်ပေးအပ်ခြင်းနှင့် လက်နက်တပ်ဆင်ပေးထားကြောင်း သိရသည်။   ဒေါနစစ်ကြောင်း ချေမှုန်းရေးတပ်ခွဲ (၁) အား လက်နက်တပ်ဆင်ခြင်းနှင့် တပ်စုဖွဲ့တာဝန်ပေးအပ်ခြင်း အခန်းအနားကို အခမ်းအနား ဖေဖော်ဝါရီ (၁) ရက်နေ့ကပြုလုပ်ခဲ့ပြီး၊ အခန်းအနားတွင် ဒေါနစစ်ကြောင်း၊ စစ်ဆင်ရေးတာဝန်ခံမှ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးအတွက် စစ်ဆင်ရေးနှင့်သက်ဆိုင်သည့် အကြောင်းအရာများကို ပြောကြားခြင်း၊ စစ်ကြောင်းမှူးမှ ရဲဘော်များကို ဂုဏ်ပြုစကားပြောဆိုခြင်း၊ ရဲဘော်များ သစ္စာဌာန်ခြင်း၊ ဂုဏ်ပြုဆုပေးအပ်ခြင်းတို့ကို ပြုလုပ်ခဲ့ကြောင်း Daw Na Column မှ ရုပ်သံနှင့်တကွ…
Read More
ရန်သူကို ဘယ်တော့မှ ဒူးထောက်အညံ့ခံမည်မဟုတ်ကြောင်း YDF ရဲဘော်များ သစ္စာဆို 

ရန်သူကို ဘယ်တော့မှ ဒူးထောက်အညံ့ခံမည်မဟုတ်ကြောင်း YDF ရဲဘော်များ သစ္စာဆို 

RNA_ဖေဖော်ဝါရီ(၅)၊၂၀၂၃ ခုနှစ်။ မကွေးတိုင်း၊ ယောဒေသအခြေစိုက် ယောကာကွယ် ရေးတပ် - YDF ရဲဘော်များအနေဖြင့် စစ်အာဏာရှင်နှင့် လက်ပါးစေများဖြစ်သည့် ရန်သူကို ဘယ်တော့မှ ဒူးထောက်အညံ့ခံမည်မဟုတ်ကြောင်း မွမ်းမံသင်တန်းဆင်းပွဲတွင် သစ္စာဆိုခဲ့ကြကြောင်း သိရသည်။ (more…)
Read More
မြင်းခြံထောင်တွင် နိုင်ငံရေးအကျဉ်းသူတချို့ ရိုက်နှက်ခံနေရ 

မြင်းခြံထောင်တွင် နိုင်ငံရေးအကျဉ်းသူတချို့ ရိုက်နှက်ခံနေရ 

RNA_ဖေဖော်ဝါရီ(၃)၊၂၀၂၃ ခုနှစ်။ မန္တလေးတိုင်း၊ မြင်းခြံမြို့ရှိ အကျဉ်းထောင်တွင် စစ်ကောင်စီလက်အောက်ခံ အကျဉ်းဦးစီးအမျိုးသားနှင့် အမျိုးသမီး ဝန်ထမ်းတချို့က နိုင်ငံရေးအကျဉ်းသူတချို့ကို ဆဲဆို ရိုက်နှက်မှုများရှိကြောင်း သိရသည်။ ပြီးခဲ့သည့် ရက်ပိုင်းက အမျိုးသမီးအဆောင်တွင် သာမန်အကျဉ်းသူတချို့နှင့် စကားအခြေအတင်ဖြစ်ရာတွင် မြင်းခြံထောင် ဝန်ထမ်း (၂) ပွင့် နှင့် ဒေါ်မြင့်ဇော်မှ အမျိုးသား ဝန်ထမ်းများကိုခေါ်ကာ နိုင်ငံရေးအကျဉ်းသူ တချို့ကို ဒုတ်ဖြင့်ရိုက်ခြင်း၊ ဆဲဆိုခြင်းစသည်တို့ ပြုလုပ်ခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသား မိသားစုအသိုင်းအဝန်းမှ သိရသည်။ (more…)
Read More
ဖယ်ဒရယ်နှင့်ဒီမိုကရေစီလိုလားသော အင်အားစုများနှင့် SSPP/SSA လက်တွဲမည်

ဖယ်ဒရယ်နှင့်ဒီမိုကရေစီလိုလားသော အင်အားစုများနှင့် SSPP/SSA လက်တွဲမည်

RNA_ဖေဖော်ဝါရီ(၃)၊၂၀၂၃ ခုနှစ်။ ရှမ်းပြည်နယ်အခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်သည့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် - SSPP/SSS အနေဖြင့် ဖက်ဒရယ်နှင့် ဒီမိုကရေစီရေး လိုလားသော အင်အားစုများနှင့် လက်တွဲကြိုးပမ်း ဆောင်ရွက်သွာမည်ဖြစ်ကြောင်း ဗဟိုကော်မတီမျက်နှာစုံညီအစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ကြသည်။ ရှမ်းပြည်တိုးတက်ရေးပါတီ၏ ၂၀၂၂ ခုနှစ် တိုးချဲ့ဗဟိုကော်မတီမျက်နှာစုံညီ ( နှစ်ချုပ်) အစည်း အဝေးကို ၂၀၂၃ ခုနှစ် ဇန်နဝါရီလ (၁၉) ရက်နေ့မှ ဖေဖော်ဝါ ရီလ (၁) ရက်နေ့အထိ ဝမ်ဟိုင်း ဗဟိုဌာနချုပ်တွင် ကျင်းပခဲ့ကြောင်း၊ ဗိုလ်ချုပ်ကြီး စဝ်ဆေထင်က သဘာပတိအဖြစ် ဆောင်ရွက်ပြီး ဗဟိုကော်မတီဝင် (၂၆) ဦး၊ အရံဗဟိုကော်မတီဝင် (၅) ဦးနှင့် ဗဟိုရုံးအဖွဲ့ဝင် (၁၄) ဦးတို့…
Read More
တိုက်ပွဲအတွင်း မြန်မာ့တော်ဝင်နဂါးတပ်တော်မှ ရဲဘော် (၆) ဦးကျဆုံး

တိုက်ပွဲအတွင်း မြန်မာ့တော်ဝင်နဂါးတပ်တော်မှ ရဲဘော် (၆) ဦးကျဆုံး

RNA_ဖေဖော်ဝါရီ(၃)၊၂၀၂၃ ခုနှစ်။ စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်အတွင်း ယခုရက်ပိုင်း စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာခဲ့ရာ ဗိုလ်နဂါးဦးဆောင်သည့် မြန်မာ့တော်ဝင်နဂါးတပ်တော်- MRDA နှင့် တိုက်ပွဲဖြစ်ပွားခဲ့ရာ MRDA ရဲဘော် (၆) ဦးကျဆုံးခဲ့ရကြောင်း သိရသည်။ "တိုက်ပွဲတလျှောက်ကျေးရွာတွေအတွက် အပင်ပန်းခံကာကွယ်ပေးခဲ့ကြတဲ့ညီငယ်တွေ၊ ပြည်သူ့ဘဝလွတ်မြောက် ရေးအတွက် ရဲ့ဝံ့စွန့်စားပြီး အသက်နဲ့ဘဝကိုပေးရဲခဲ့ကြတဲ့ MRDA ကအားထားရတဲ့ညီငယ်ရဲဘော်တွေရဲ့အသက်မဲ့ ခန္ဓာကိုယ်တွေကို သင်္ဂြိုလ်ဖို့စီစဉ်နေချိန် တလောကလုံးမှာ ကိုယ်တယောက်ပဲကျန်နေတော့သလို တိတ်ဆိတ်ခြောက်ကပ်နေတဲ့ခံစားမှုကို ဆိုးဆိုးရွားရွားရင်ဆိုင်ခဲ့ရတယ်" ဟု ဗိုလ်နဂါးက ပြောကြားထားသည်။ (more…)
Read More