သတင်း

ဖားကန့် စုပေါင်းရုံးတိုက်ခိုက်ခံရ

ဖားကန့် စုပေါင်းရုံးတိုက်ခိုက်ခံရ

RNA_ဖားကန့်၊ဇန်နဝါရီ(၂၁)၊၂၀၂၃ ခုနှစ်။ စစ်ကောင်စီ၏ တရားမဝင်ရွေးကောက်ပွဲအတွက် လူဦးရေစာရင်းပြုစုနေသည့် ထွေ/အုပ်၊ ရဲတပ်ဖွဲ့နှင့် လဝကရုံးများရှိရာ ဖားကန့်မြို့ စုပေါင်းရုံးအား တော်လှန်ရေးအင်အားစုများက ယနေ့ညနေ (၅) နာရီခန့်က ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ယနေ့ ညနေ ဖားကန့် စုပေါင်းရုံး တိုက်ခိုက်ခံရမှုကြောင့် ထိခိုက်သေဆုံးမှုအခြေအနေကို လတ်တလော အတည် ပြုနိုင်ခြင်းမရှိသေးကြောင်း၊ အကြမ်းဖက်အာဏာသိမ်း စစ်ကောင်စီက လူထုလက်မခံသည့် ရွေးကောက်ပွဲကို ပြုလုပ်ရန် ဖားကန့်မြို့နယ်တွင် အိမ်ထောင်စုစာရင်းများ‌နှင့် လူဦးရေစာရင်း ကောက်ယူနေကြောင်း သိရသည်။ (more…)
Read More
စခန်းသိမ်းတိုက်ပွဲအတွင်း ကျဆုံးခဲ့ရသည့် ရဲဘော် ဝီတိုးရီယို(ခ)ငယ်လေး၏ ဈာပန 

စခန်းသိမ်းတိုက်ပွဲအတွင်း ကျဆုံးခဲ့ရသည့် ရဲဘော် ဝီတိုးရီယို(ခ)ငယ်လေး၏ ဈာပန 

RNA_ဇန်နဝါရီ(၂၁)၊၂၀၂၃ ခုနှစ်။ ကရင်နီ(ကယား)ပြည်၊ ဘောလခဲမြို့နယ်၊ နန်းဖဲကျေးရွာအနီးရှိ မယ်စလောင်းတောင်ကုန်းပေါ် စခန်းချထားသည့် စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်ခဲ့သည့် တိုက်ပွဲအတွင်း ကရင်နီတပ်မတော် (KA)မှ ရဲဘော် ဝီတိုးရီယို(ခ)ငယ်လေး ( အသက် ၂၂ နှစ်) ကျဆုံးခဲ့ရသည်။ (more…)
Read More
စခန်းသိမ်းတိုက်ပွဲတွင် နက်လက်ခဲယမ်း အများအပြားသိမ်းဆည်းရမိ

စခန်းသိမ်းတိုက်ပွဲတွင် နက်လက်ခဲယမ်း အများအပြားသိမ်းဆည်းရမိ

RNA_ဇန်နဝါရီ(၂၁)၊၂၀၂၃ ခုနှစ်။ ကရင်နီ(ကယား)ပြည်၊ ဘောလခဲမြို့နယ်၊ နန်းဖဲကျေးရွာအနီးရှိ မယ်စလောင်းတောင်ကုန်းပေါ်တွင် အခိုင်အမာတပ်ချထားသော စစ်ကောင်စီတပ်စခန်းကို KNDF၊PDF ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်း ပိုက်ရာလက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရမိခဲ့သည်။ မယ်စလောင်းတောင်ကုန်းပေါ်ရှိ စစ်ကောင်စီ တပ်စခန်းအား ဇန်နဝါရီလ (၂၀)ရက် ၊ နံနက် (၇း၅၀) မှ (၉) နာရီ (၃၀) မိနစ်ဝန်းကျင်အထိ Karenni Commando၊ KA၊ KNDF B(15)၊ KNDF B(16)၊ KNDF B (09)၊ Loikaw PDF၊ DMO PDF တို့ပူးပေါင်းကာ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး၊ နယ်မြေရှင်းလင်းစဉ် စစ်ကောင်စီတပ်သား (၅) ဦးသေဆုံးပြီး၊ ကျန်တပ်သားနှင့် အရာရှိများ ထွက်ပြေးကြကြောင်း…
Read More
စစ်ကောင်စီပြုလုပ်မည့် ရွေးကောက်ပွဲ ဆန့်ကျင်ရေး ဖားကန့်မှာပြုလုပ် 

စစ်ကောင်စီပြုလုပ်မည့် ရွေးကောက်ပွဲ ဆန့်ကျင်ရေး ဖားကန့်မှာပြုလုပ် 

RNA_ဖားကန့်၊ဇန်နဝါရီ(၂၀)၊၂၀၂၃ ခုနှစ်။ အာဏာသိမ်းစစ်ကောင်စီက ၂၀၂၃ ခုနှစ်တွင် ကျင်းပမည်ဟုပြောထားသည့် ရွေးကောက်ပွဲကို လက်မခံကြောင်း ယနေ့ ဖားကန့်မြို့နယ်မှာ လှုပ်ရှားမှု ပြုလုပ်ခဲ့သည်။ ဖားကန့်မြို့၊ လုံးခင်းကျေးရွာအုပ်စု၊ မှော်စီစာကျေးရွာဈေးထိပ်၊ ဖားကန့်နှင့်လုံးခင်းသွားလမ်းမကြီးပေါ်တွင် ယနေ့ နံနက်က "တရားမဝင်တဲ့ရွေးကောက်ပွဲ လူထုအားနဲ့တိုက်ဖျက်ကြ၊ ပါဝင်ပါတ်သက်သူတိုင်းဟာ သမိုင်းတရားခံဖြစ်သည်"ဟုရေးသားထားသည့် စာတန်းကို ဖားကန့် သပိတ်ကော်မတီမှ ချိတ်ဆွဲထားသည်။ (more…)
Read More
မြိုင် PDF တပ်ရင်း (၁) ရဲဘော်များ စစ်ကောင်းစီတပ်ကို တိုက်ခိုက်

မြိုင် PDF တပ်ရင်း (၁) ရဲဘော်များ စစ်ကောင်းစီတပ်ကို တိုက်ခိုက်

မြိုင်ပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း (၁) ရဲဘော်များ စစ်ကောင်းစီတပ်ကို တိုက်ခိုက်သည့် ရုပ်သံ   RNA_ဇန်နဝါရီ(၁၉)၊၂၀၂၃ ခုနှစ်။   မကွေးတိုင်း၊ မြိုင်မြို့နယ်နှင့် အခြားသော မြို့နယ်များအတွင် အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံ တပ်ကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဖြစ်သည့် မြိုင် မြို့်နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း (၁) ရဲဘော်များ တိုက်ခိုက်ခဲ့ကြသည်။ မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း (၁) ရဲဘော်များသည် ယမန်နေ့ကလည်း မကွေးတိုင်း၊ ပေါက်မြို့နယ်ရှိ ဇီးပြားရဲစခန်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့များနှင့် ပူးပေါင်းတိုက်ခိုက်ခဲ့ကြပြီး၊ အခြားသော တိုက်ပွဲများစွာကိုလည်း တိုက်ပွဲဝင်ခဲ့ကြသည်။ (more…)
Read More
စစ်ကောင်စီလက်အောက်ခံ နယ်မြေရဲစခန်းတိုက်ခိုက်ခံရပြီး ရဲ (၃) ဦးသေ

စစ်ကောင်စီလက်အောက်ခံ နယ်မြေရဲစခန်းတိုက်ခိုက်ခံရပြီး ရဲ (၃) ဦးသေ

RNA_ဇန်နဝါရီ (၁၉)၊၂၀၂၃ ခုနှစ်။ မွန်ပြည်နယ်၊ သိမ်ဖြူဇရပ်မြို့နယ်၊ ထင်ရှူးကျေးရွာအခြေစိုက် နယ်မြေရဲစခန်းကို ရေးပြောက်ကျား တပ်ဖွဲ့ဝင်များက ဝင်ရောက်တိုက်ခိုက်ရာ ရဲ (၃) ဦး သေဆုံးပြီး (၅) ဦး ဒဏ်ရာရရှိကြောင်း သတင်းထုတ်ပြန်ထားသည်။ ထင်ရှူးကျေးရွာအခြေစိုက် နယ်မြေရဲစခန်းမှာ ရဲအင်အား (၁၀) ဦးဝန်းကျင်သာရှိပြီး ဇန်နဝါရီလ ( ၁၈) ရက်နေ့ ညနေ (၆) နာရီက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အချိန်အကန့်အသတ်ကြောင့် ပြည်သူ့ကာကွယ်ရေး ရဲဘော်များ အောင်မြင်စွာ ဆုတ်ခွါခဲ့ရကြောင်း သိရသည်။ ရေးပြောက်ကျားတပ်ဖွဲ့သည် မွန်ပြည်နယ်၊ လမိုင်းမြို့နယ်၊ နှစ်ကရင်ကျေးရွာရှိ နယ်မြေရဲစခန်းမှာ ရဲများစခန်းစွန့်ခွါ ထွက်ပြေးသည့်အတွက် ဇန်နဝါရီ လ (၁၁) ရက်နေ့က စခန်းတွင်းဝင်ရောက်ကာ အဆောက်အဦများကို…
Read More
စစ်ကောင်စီတပ် ကျေးရွာအတွင်း ပေါင် ၅၀၀ မီးလောင် ဗုံးကြဲချ၊ ပြည်သူ (၇) ဦးသေ

စစ်ကောင်စီတပ် ကျေးရွာအတွင်း ပေါင် ၅၀၀ မီးလောင် ဗုံးကြဲချ၊ ပြည်သူ (၇) ဦးသေ

RNA_ဇန်နဝါရီ(၁၉)၊၂၀၂၃ ခုနှစ်။ စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်၊ မိုးတားလေးကျေးရွာအတွင်း စစ်ကောင်စီတပ်က ဂျက်ဖိုက်တာ (၃) စင်းဖြင့် ပစ်ခတ်ရာတွင် ပေါင် (၅၀၀) မီးလောင်ဗုံးကြဲချသဖြင့် ကျေးရွာမီးလောင်ကာ ပြည်သူ(၇) ဦး နေရာတွင် မီးလောင်သေဆုံးခဲ့သည်။ ကချင်ပြည်နယ်၊ မြစ်ကြီးနားမှလာသည့် ဂျက်ဖိုက်တာ (၅) စင်းဖြင့် ဇန်နဝါရီလ(၁၈) ရက်နေ့ ညနေ (၆) နာရီဝန်းကျင်က ပေါင် ၅၀၀ မီးလောင်ဗုံးများ ကြဲချဟည့်အတွက် (၇) ဦးသေဆုံးရပြီး ဒဏ်ရာရရှိသူ များပြားကြောင်း Nothern ABSDFက ထုတ်ပြန်ထားသည်။ (more…)
Read More
အမွေကိစ္စ စကားများရာမှ လေးလောင်းပြိုင် လူသတ်မှုဖြစ်

အမွေကိစ္စ စကားများရာမှ လေးလောင်းပြိုင် လူသတ်မှုဖြစ်

RNA_ဇန်နဝါရီ(၁၈)၊၂၀၂၃ ခုနှစ်။ ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ ပလ္လင်ပြင်ရွာ (ရွာသစ်)တွင် အမွေကိစ္စ စကားများရာမှ ဇန်နဝါရီလ (၁၇) ရက်နေ့က လေးလောင်းပြိုင် လူသတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ မိသားစုချင်း အမွေကိစ္စ စကားပြောရာတွင် အဆင်မပြေရာမှ စကာ လူသတ်မှုဖြစ်ပွားပြီး (၄) ဦးသေဆုံးကြောင်း၊ သေဆုံးသွားသူများမှာ အမျိုးသမီး (၂) ဦးနှင့် အမျိုးသား (၂) ဦးဖြစ်ကြောင်း၊ သတ်သွားသူမှာ ထွက်ပြေးတိမ်းရှောက်နေကြောင်း သိရသည်။ Red News Agency
Read More
တိုက်ပွဲအတွင်း စစ်ကောင်စီလက်အောက်ခံ အရာရှိ (၃) ဦးအပါအဝင် (၄၀) ဝန်းကျင်သေဆုံး

တိုက်ပွဲအတွင်း စစ်ကောင်စီလက်အောက်ခံ အရာရှိ (၃) ဦးအပါအဝင် (၄၀) ဝန်းကျင်သေဆုံး

တောင်ငူခရိုင် PDF နှင့်တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီလက်အောက်ခံ အရာရှိ (၃) ဦးအပါအဝင် (၄၀) ဝန်းကျင်သေဆုံး   RNA_ဇန်နဝါရီ(၁၈)၊၂၀၂၃ ခုနှစ်။   ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်အတွင်း စစ်ကြောင်းထိုး ချီတက်လာသော အကြမ်းဖက်စစ်ကောင်စီတပ်များနှင့် တောင်ငူခရိုင် PDF တပ်ရင်း (၃၅၀၁) တပ်ခွဲ (၄) နှင့်ပူးပေါင်းအဖွဲ့တို့ တိုက်ပွဲ(၃)ကြိမ်ဖြစ်ပွားရာ စစ်ကောင်စီတပ်လက်အောက်ခံ အရာရှိ (၃) ဦးအပါအဝင် (၄၀) ဝန်းကျင်သေဆုံးကြောင်း ယနေ့ ထုတ်ပြန်ထားသည်။   စစ်ကောင်စီတပ်အင်အား (၁၀၀) ဝန်းကျင်ရှိ တပ်ဖွဲ့သည် ဇန်နဝါရီလ ၁၆ ရက်နေ့က နဂျပ်တောင်ဖက်သို့ ချဉ်းကပ်လာစဉ် တောင်ငူခရိုင် PDF တပ်ခွဲ(၄) တပ်စု(၂) က…
Read More
“တရားမဝင်တဲ့ ရွေးကောက်ပွဲ လူထုအားနဲ့တိုက်ဖျက်ကြ”

“တရားမဝင်တဲ့ ရွေးကောက်ပွဲ လူထုအားနဲ့တိုက်ဖျက်ကြ”

ထောင်ချီသည့်လူထုက “ တရားမဝင်တဲ့ ရွေးကောက်ပွဲ လူထုအားနဲ့တိုက်ဖျက်ကြ” ကြွေးကြော်သံများနှင့်အတူဆန္ဒပြ   RNA_ဇန်နဝါရီ(၁၈)၊၂၀၂၃ ခုနှစ်။   အာဏာသိမ်းစစ်ကောင်စီကပြုလုပ်မည့် ရွေးကောက်ပွဲကို မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှ ထောင်ချီသည့် လူထုက “ တရားမဝင်တဲ့ ရွေးကောက်ပွဲ လူထုအားနဲ့တိုက်ဖျက်ကြ” စာတန်းများ၊ စစ်အာဏာရှင်ဆန့်ကျင်ရေး ကြွေးကြော်သံများနှင့် ယနေ့ ရေစကြိုမြို့နယ် ကျေးရွာများတွင် လှည့်လည် ဆန္ဒပြခဲ့ကြသည်။   #RedNewsAgency  
Read More