KNPLF

၁၁၀၇ စစ်ဆင်ရေး ပထမနေ့တွင် စစ်ကောင်စီတပ်စခန်းကုန်း ၃ ခုကို တိုက်ခိုက်သိမ်းပိုက်

၁၁၀၇ စစ်ဆင်ရေး ပထမနေ့တွင် စစ်ကောင်စီတပ်စခန်းကုန်း ၃ ခုကို တိုက်ခိုက်သိမ်းပိုက်

RNA_နိုဝင်ဘာ(၈)၊၂၀၂၃ ခုနှစ်။ ကရင်နီပြည်၊ တော်လှန်ရေးအင်အားစု ကရင်နီပူးပေါင်းတပ်ဖွဲ့က ၁၁၀၇ စစ်ဆင်ရေးကို ယမန်နေ့က စတင်ခဲ့ပြီး ပထမနေ့အတွင်း မယ်စဲ့မြို့နယ်၊ ပန်တိန်းကျးရွာအနီးက တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းကုန်း ၃ ခုကို တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။ တိုက်ပွဲအတွင်း စစ်ကောင်စီလက်အောက်ခံများထံမှ လက်နက်ခဲယမ်းအများအပြားသိမ်းဆည်းရမိကြောင်း၊ စစ်ကောင်စီတပ်မှလည်း သေဆုံးမှုရှိကြောင်း၊ အဆိုပါ တိုက်ပွဲကို ကရင်နီပြည်ရှိ တော်လှန်ရေးတပ်ပေါင်းစု နှင့် KNPLF (ကလလတ) ကရင်နီပြည်လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦးတို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ကရင်နီသတင်းအချက်အလက်စင်တာက ယမန်နေ့က ထုတ်ပြန်ထားသည်။ (more…)
Read More
စစ်ကောင်စီကို ပြန်တိုက်ပြီဟု ကရင်နီပြည်လူမျိုးပေါင်းစုပြည်သူ့လွတ်မြောက်ရေးတပ်ဦး တရားဝင်ကြေညာ

စစ်ကောင်စီကို ပြန်တိုက်ပြီဟု ကရင်နီပြည်လူမျိုးပေါင်းစုပြည်သူ့လွတ်မြောက်ရေးတပ်ဦး တရားဝင်ကြေညာ

RNA_ဇူလိုင်(၁)၊၂၀၂၃ခုနှစ်။ စစ်တပ်နှင့်အပစ်အခတ်ရပ်စဲထားသည့် ကရင်နီပြည်လူမျိုးပေါင်းစုပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ)သည် အာဏာသိမ်း စစ်ကောင်စီကို ပြတ်ပြတ်သားသား တိုက်ခိုက်သွားမည်ဟု ယနေ့ တရားဝင် ထုတ်ပြန်ကြေညာထားသည်။ “ကျနော်တို့အခြေပြုလှုပ်ရှားကရင်နီပြည် (ကယားပြည်နယ်) ထဲက ဒေသတစ်ခုဖြစ်တဲ့ သံလွင်အရှေ့ ဘက်ခြမ်းက တောင်လှ၊ မယ်တနွယ်၊ ဘီပီ ၁၄၊ မယ်စဲ့တို့မှာ  ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၃ ရက်နေ့က စတင် ပစ်ခတ်လိုက်တဲ့ သေနတ်သံများ တိုက်ပွဲများနဲ့ ကျနော်တို့ အဖွဲ့အစည်း (ကလလတ) ရဲ့ သမိုင်းစာမျက်နှာသစ်ကို တရားဝင်ဖွင့်လှစ် လိုက်ပါပြီ” ဟု ယနေ့ ထုတ်ပြန်ကြေညာထားသည်။ ၁၉၇၈ ခုနှစ် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)မှ ၁၉၇၈ ခုနှစ်မှာ ခွဲထွက်ပြီး ဇွန်လ (၂၆)…
Read More