Red News Agency

Independent Journalism for Justice and Human Rights.

လွတ်မြောက်ဒေသတွင် ဆိုရှယ်ဒီမိုကရက်တစ်ပါတီ ဗဟိုနိုင်ငံရေးသင်တန်းကျောင်း ဖွင့်လှစ်နေ 

Written by

in

RNA_ဇူလိုင်(၂)၊၂၀၂၃ ခုနှစ်။

ဆိုရှယ်ဒီမိုကရက်တစ်ပါတီ၏ ဗဟိုနိုင်ငံရေးသင်တန်းကျောင်းကို လွတ်မြောက်ဒေသရှိ ဗဟိုငြိမ်းချမ်းရေးဌာနတည်ရှိရာ ဒေသတွင် ဖွင့်လှစ်သင်ကြားပေးနေကြောင်း ယမန်နေ့က ထုတ်ပြန်အသိပေးထားသည်။

ဗဟိုနိုင်ငံရေးသင်တန်းကျောင်း အပတ်စဉ် ၁ ကို ၂၀၂၂ ခုနှစ် ဩဂုတ်လ ၂၉ ရက်နေ့က ဖွင့်လှစ်သင်ကြားခဲ့ပြီး ယနေ့ ၂၀၂၃ ခုနှစ် ဇူလိုင် ၁ ရက်နေ့အထိ လွတ်မြောက်ဒေသတွင် အပတ်စဉ် (၂) အထိ အောင်မြင်စွာ သင်ကြား ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်ကြောင်း ဆိုရှယ်ဒီမိုကရက်တစ်ပါတီက ယမန်နေ့က ထုတ်ပြန်ထားသည်။

“အတွေးအခေါ်ကောင်း၊ နိုင်ငံရေးကောင်း၊ လုပ်ဟန်ကောင်းပြီး စည်းရုံးရေးကောင်းတဲ့ (၄) မျိုးကောင်းကေဒါရဲဘော်များ ပေါ်ထွက်လာရေးကြွေးကြော်ထားသည့် ပါတီ၏ ဗဟိုနိုင်ငံရေး သင်တန်းကျောင်းသည် ယခုအခါ လွတ်မြောက်ဒေသတွင် အပတ်စဉ် (၂) အထိ အောင်မြင်စွာ သင်ကြား ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်ပါသည်” ဟု ထုတ်ပြန်ထားသည်။

ဆိုရှယ်ဒီမိုကရက်တစ်ပါတီ၏ ဗဟိုနိုင်ငံရေးကျောင်းတွင် အတွေးအခေါ်ဘာသာရပ်၊ နိုင်ငံရေးဘာသာရပ်နှင့် စစ်ရေးဘာသာရပ်အပြင် အခြားဘာသာရပ်များအားလည်း အချိန်ကာလတခုမျှ အတိအကျသတ်မှတ်ကာ၊ ရည်မှန်း ချက် ၆ ရပ်၊ ပေါ်လစီ ၅ ရပ်နှင့်အတူ သင်ကြားရေးဘာသာရပ် သင်ရိုးညွှန်းတန်းကို ၅ ပိုင်းခွဲခြားပြီး သင်ကြားပို့ချလျက်ရှိ‌ကြောင်း သိရသည်။

#RedNewsAgency