ကယားပြည်နယ်အတွင်း ကျန်ရှိနေသည့် စစ်ကောင်စီဝန်ထမ်းများကိုရွေ့ပြောင်းနေ

RNA_ဇွန်(၃၀)၊၂၀၂၃ခုနှစ်။

ကယားပြည်(ကရင်နီပြည်) နယ်အတွင်း လွိုင်ကော်မြို့ပါအဝင် ကျန်ရှိနေသည့် စစ်ကောင်စီလက်အောက်ခံဝန်ထမ်းများကို ပြီးခဲ့သည့်ရက်ပိုင်းမှစတင်ကာ ပြောင်ရွေ့နေကြောင်း သိရသည်။

ကရင်နီပြည်အတွင်း စစ်ကောင်စီသည် နယ်မြေများစွာကို စွန့်လွှတ်နေ့ရပြီး လွိုင်ကော်မြို့ပေါ်တချို့သာ နယ်မြေစိုးမိုးမှုရှိတော့ကြောင်း၊ အခြားမြို့နယ်များတွင် စစ်ကောင်စီမှ နယ်မြေစိုးမိုးမှုရှိတော့သည့်အပြင် တိုက်ပွဲပြင်းထန်မှုများတွင်လည်း အသေအဆုံးများနေကြောင်း၊ KNDF နှင့် မဟာမိတ်ပြည်သူ့ကာကွယ်ရေး လက်နက်ကိုင်တော်လှန်ရေးအင်အားစုများက နယ်မြေစိုးမိုးရေးကို လုပ်ဆောင်နေကြကြောင်း သိရသည်။

“အခုက ကယားက ဝန်ထမ်းတွေရွေ့နေပြီပြောတယ်၊ အားလုံးကို လက်လွှတ်မဲ့သဘောလို့လည်း ပြောလို့ရသလို သူတို့ဝန်ထမ်းတွေမရှိတဲ့အခါ လေကြောင်းကနေ အကုန်တိုက်နိုင်တယ် အဲဒါတော့သတိထားရမယ်။ ဝန်ထမ်းတွေကို ရွေ့နေတာကတော့ သေချာနေပြီ” ဟု စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းတဦး၏ မိသာစုဝင်တဦးကပြောသည်။

ကရင်နီပြည်အတွင်း KNDF ၏ နယ်မြေစိုးမိုးမှုများမှာ တဖြည်းဖြည်းများလာပြီး စစ်ကောင်စီတပ်အနေဖြင့် ဆုတ်ခွါပေးနေရကြောင်း၊ ပြီးခဲ့သည့်ရက်ပိုင်းကလည်း ထိုင်း-ကယားနယ်စပ်တွင် တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်မှ တပ်ရင်းတခုလုံးနီးပါး ဖရိုဖရဲဖြစ်ကာ အလင်းဝင်သူများ၊ သေဆုံးသူများနှင့် ထွက်ပြေးသူများရှိခဲ့ကြောင်း သိရသည်။

#RedNewsAgency

By Editor