Tag: ထိုင်းနယ်စပ်

  • ထိုင်းနဲ့ကမ္ဘောဒီးယား နယ်စပ်ပြဿနာနောက်ကွယ်

    ထိုင်းနဲ့ကမ္ဘောဒီးယား နယ်စပ်ပြဿနာနောက်ကွယ်

    “နယ်စပ်ပဋိပက္ခသည် သမိုင်းဝင် အငြင်းပွားမှုများမှ စတင်ခဲ့သော်လည်း စစ်ရေးအခြေနေထိ ရောက်စေသည့် အရှိန်မြှင့်တင်မှုသည် အဓိကအားဖြင့် အထက်တန်းလွှာများအကြား ငွေကြေးနှင့် နိုင်ငံရေးဆိုင်ရာ ထိန်းချုပ်မှုများအပေါ် အခြေခံသည်။ ကမ္ဘောဒီးယားနယ်စပ်တစ်လျှောက်ရှိ “ကျားဖြန့် ကွန်ရက်များ” ကို ထိန်းချုပ်ခြင်းနှင့် ၎င်းတို့ကို နှိမ်နင်းခြင်းတို့နှင့် ဆက်စပ်နေသည်”

    ရန်ုနိုင်

    ထိုင်းနှင့်ကမ္ဘောဒီးယား နယ်စပ်တစ်လျှောက် ရှေးဟောင်းဘုရားကျောင်းများအနီး ဖြစ်ပွားနေသော ပဋိပက္ခသည် နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပါပြီ။ သမိုင်းဝင်နယ်မြေ ပိုင်ဆိုင်မှုအငြင်းပွားခြင်းအဖြစ် မကြာခဏရှုမြင်လေ့ရှိကြသည်။ သို့သော် သက်ဆိုင်ရာနိုင်ငံရေးပညာရှင်များ၏ လေ့လာသုံးသပ်ချက်များအရ ဤပဋိပက္ခ၏ အဓိကလှုံ့ဆော်မှုများမှာ နယ်မြေ (သို့မဟုတ်) ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းရေးထက်ပိုသော နှစ်နိုင်ငံခေါင်းဆောင်များ၏ ပြည်တွင်းနိုင်ငံရေးအာဏာနှင့်အကျိုးစီးပွားကာကွယ်လိုသည့် အကြောင်းအရင်းများကို တွေ့ခဲ့ရသည်။

    ထိုင်းနှင့် ကမ္ဘောဒီးယား နှစ်နိုင်ငံရှိ အထက်တန်းလွှာအုပ်စုများသည် နိုင်ငံရေး အခက်အခဲများမှ လူထုအာရုံစိုက်မှုကို လွှဲပြောင်းရန် ၎င်းတို့၏ရာထူးကို ခိုင်မာစေရန်နှင့် စီးပွားရေးဆိုင်ရာ အကျိုးအမြတ်များကို ဖုံးကွယ်ရန် ဤနယ်စပ်ပြဿနာကို လက်နက်အဖြစ် အသုံးပြုခြင်းဖြစ်သည်။

    ထိုင်းဝန်ကြီးချုပ် အနုတင်ချန်ဝီရကွန် ဦးဆောင်သောအစိုးရ၏ ပြည်တွင်းရေးမတည်မငြိမ်ဖြစ်လာသည့်အခြေနေများက ၂၀၂၅ ခုနှစ်နောက်ပိုင်း ဖြစ်ပွားခဲ့သည့် နယ်စပ်ပဋိပက္ခများ၏ နောက်ကွယ်မှ အဓိကအရေးပါသည့် အကြောင်းအရာတစ်ခုဖြစ်သည်။ မကြာသေးမီက ဖြစ်ပွားခဲ့သော တောင်ပိုင်းရေကြီးမှုများကို စီမံခန့်ခွဲရာတွင် အားနည်းခဲ့ခြင်း ကြောင့် ဝန်ကြီးချုပ် အနုတင်၏ လူထုထောက်ခံမှု ၄၈ ရာနှုန်းမှ ၂၃ ရာနှုန်းအထိ ထိုးကျသွားခဲ့ပြီး ၎င်း၏ ပါတီဖြစ်သော ဘွန်ဂျိုင်ထိုင်းပါတီ၏ လူကြိုက်များမှုလည်း သိသိသာသာလျော့ကျခဲ့သည်။ ထိုအခြေနေကြောင့် လာမည့်မတ်လရွေးကောက်ပွဲ မတိုင်မီနိုင်ငံရေး အားနည်းချက်များကို ဖုံးကွယ်ရန်ကြိုးစားမှုတရပ်ဖြစ်သည်။

    (more…)

  • ကယားပြည်နယ်အတွင်း ကျန်ရှိနေသည့် စစ်ကောင်စီဝန်ထမ်းများကိုရွေ့ပြောင်းနေ

    ကယားပြည်နယ်အတွင်း ကျန်ရှိနေသည့် စစ်ကောင်စီဝန်ထမ်းများကိုရွေ့ပြောင်းနေ

    RNA_ဇွန်(၃၀)၊၂၀၂၃ခုနှစ်။

    ကယားပြည်(ကရင်နီပြည်) နယ်အတွင်း လွိုင်ကော်မြို့ပါအဝင် ကျန်ရှိနေသည့် စစ်ကောင်စီလက်အောက်ခံဝန်ထမ်းများကို ပြီးခဲ့သည့်ရက်ပိုင်းမှစတင်ကာ ပြောင်ရွေ့နေကြောင်း သိရသည်။

    ကရင်နီပြည်အတွင်း စစ်ကောင်စီသည် နယ်မြေများစွာကို စွန့်လွှတ်နေ့ရပြီး လွိုင်ကော်မြို့ပေါ်တချို့သာ နယ်မြေစိုးမိုးမှုရှိတော့ကြောင်း၊ အခြားမြို့နယ်များတွင် စစ်ကောင်စီမှ နယ်မြေစိုးမိုးမှုရှိတော့သည့်အပြင် တိုက်ပွဲပြင်းထန်မှုများတွင်လည်း အသေအဆုံးများနေကြောင်း၊ KNDF နှင့် မဟာမိတ်ပြည်သူ့ကာကွယ်ရေး လက်နက်ကိုင်တော်လှန်ရေးအင်အားစုများက နယ်မြေစိုးမိုးရေးကို လုပ်ဆောင်နေကြကြောင်း သိရသည်။

    “အခုက ကယားက ဝန်ထမ်းတွေရွေ့နေပြီပြောတယ်၊ အားလုံးကို လက်လွှတ်မဲ့သဘောလို့လည်း ပြောလို့ရသလို သူတို့ဝန်ထမ်းတွေမရှိတဲ့အခါ လေကြောင်းကနေ အကုန်တိုက်နိုင်တယ် အဲဒါတော့သတိထားရမယ်။ ဝန်ထမ်းတွေကို ရွေ့နေတာကတော့ သေချာနေပြီ” ဟု စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းတဦး၏ မိသာစုဝင်တဦးကပြောသည်။

    (more…)