RNA_ဇူလိုင်(၁၃)၊၂၀၂၅ ခုနှစ်။
ကွယ်လွန်သူ မြန်မာစာပါမောက္ခ (အငြိမ်းစား)၊ ဒေါက်တာ ညွန့်သောင်း (စာရေးဆရာ မောင်သာချို) ၏ ဈာပနအခမ်းအနားကို ဇူလိုင်လ ၁၂ ရက်နေ့က ရေဝေးသုဿန်၌ ကျင်းပခဲ့ပြီး မီးသင်္ဂြိုဟ်ကာ အရိုးပြာကို အုတ်ဂူသွင်းခဲ့သည်။

RNA_ဇူလိုင်(၁၃)၊၂၀၂၅ ခုနှစ်။
ကွယ်လွန်သူ မြန်မာစာပါမောက္ခ (အငြိမ်းစား)၊ ဒေါက်တာ ညွန့်သောင်း (စာရေးဆရာ မောင်သာချို) ၏ ဈာပနအခမ်းအနားကို ဇူလိုင်လ ၁၂ ရက်နေ့က ရေဝေးသုဿန်၌ ကျင်းပခဲ့ပြီး မီးသင်္ဂြိုဟ်ကာ အရိုးပြာကို အုတ်ဂူသွင်းခဲ့သည်။

RNA_မေ(၁၁)၊၂၀၂၅ခုနှစ်။
ရခိုင်အမျိုးသား ဝါရင့်နိုင်ငံရေးသမား ဦးဦးလှစော (ကဗျာဆရာ-မောင်ခိုင်အောင်) ကွယ်လွန်သွားသည့်အတွက် အောက်မေ့ဖွယ်အခမ်းအနားကို ယနေ့ မဲဆောက်မြို့တစ်နေရာတွင် ကျင်းပခဲ့ရာ နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်များ၊ ရခိုင်အမျိုးသားများ၊ ဦးဦးလှစောကို လေးစားရသူများအပါအဝင် (၁၅၀) ကျော် တက်ရောက် အောက်မေ့ ဂုဏ်ပြုခဲ့ကြသည်။
ဦးဦးလှစော (အသက် ၇၂ နှစ်)သည် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် ULA/AA နိုင်ငံရေးမှူးအဖြစ် တာဝန်ထမ်းဆောင်နေချိန် လည်ချောင်းကင်ဆာဖြင့် ၂၀၂၅ ခုနှစ် မေလ ၅ ရက် ည ၁၁ နာရီ ၂၀ မိနစ်ခန့်တွင် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ အိုက်ဇောမြို့၌ ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။ ဦးဦးလှစောသည် ၁၉၆၉ ကျွန်းဆွယ်အရေးအခင်းမှ စတင်၍ ကျောင်းသားလူငယ် မြေအောက်လှုပ်ရှားမှုတွင် ပါဝင်ခဲ့ပြီး၊ ၇၄/၇၅/၇၆ နိုင်ငံရေးလှုပ်ရှားမှုများကြောင့် ထောင်ဒဏ်နှစ်ရှည်ကျခံခဲ့ရကြောင်း၊ ထောင်မှထွက်ပြီး ရှစ်ဆယ့်ရှစ် လူထုအရေးတော်ပုံတွင်လည်း ထပ်မံဖမ်းဆီးခံရပြီး ထောင်ဒဏ်ချမှတ်ခံရသူဖြစ်သည်။

RNA_ဇွန်(၂၁)၊၂၀၂၃ ခုနှစ်။
လူထု ဦးလှ + လူထု ဒေါ်အမာတို့၏သား မန္တလေးမြို့မှအမျိုးသားစာပေဆုရှင် စာရေးဆရာဆရာညီပုလေး ယနေ့ နံနက်ပိုင်းက နှလုံးရောဂါဖြင့် ကွယ်လွန်သွားကြောင်း မန္တလေးစာပေ လောကသားများထံမှ သိရသည်။

အဖ လူထု ဦးလှ၊ အမိ လူထု ဒေါ်အမာတို့ ၁၉၅၂ ခုနှစ်၊ ဖေဖော်ဝါရီ ၅ရက်နေ့တွင် အမည်ရင်း ငြိမ်းချမ်း (ခေါ်) ဘိုညို ကလောင်အမည် ညီပုလေး ကိုသားသမီး ၅ ဦးတွင် အထွေးဆုံးအဖြစ် မွေးဖွားခဲ့သည်။

စာရေးဆရာ ညီပုလေးသည် ငယ်စဉ်က မန္တလေးမြို့ စိန့်ပီတာ အထက်တန်းကျောင်းတွင် မူလတန်းမှ တက္ကသိုလ်ဝင်တန်း အထိ ပညာသင်ကြားခဲ့ပြီး၊ မန္တလေး ဝိဇ္ဇာသိပ္ပံ တက္ကသိုလ်မှ ဘူမိဗေဒ ဘာသာရပ်ဖြင့် သိပ္ပံဘွဲ့ကိုရရှိခဲ့ပြီး၊ ၁၉၇၈ ခုနှစ်၊ ဩဂုတ် ၂၁ ရက်တွင် တောတွင်း ဗကပသို့ ရောက်ရှိနေသော အကိုဖြစ်သူ ဖိုးသံချောင်းနှင့် စာအဆက်အသွယ် လုပ်သည်ဆိုသည့် စွပ်စွဲချက်ဖြင့် အဖ လူထုဦးလှ၊ အမိ လူထုဒေါ်အမာတို့နှင့်အတူ မန္တလေးထောင်တွင် ၇ လ အချုပ်ကြခဲ့သည်။



RNA_ဇူလိုင်၁၄၊၂၀၂၂ ခုနှစ်။
စာရေးဆရာ၊ ကဗျာဆရာ၊ အမျိုးသားစာပေ တသက်တာဆုရှင် ဆရာကြီးမောင်သာနိုး၏ ဈာပနအခမ်းအနားကို မြောက်ဥက္ကလာပမြို့နယ် ရေဝေးသုဿာန်မှာ ယနေ့ နေ့လည် ၂ နာရီက ပြုလုပ်ခဲ့သည်။
အမျိုးသားစာပေတသက်တာဆုရှင် အသက် (၉၁) နှစ်ရှိ ဆရာကြီးမောင်သာနိုးသည် ရန်ကုန်မြို့ SSC ဆေးရုံမှာ ဇူလိုင် ၁၂ ရက်နေ့ ညနေ ၆ နာရီ ၄၅ မိနစ်တွင် ကွန်လွန်ခဲ့ပြီး၊ ဆရာကြီး မောင်သာနိုးကို အဖဦးခင်မောင်ကလေး၊ အမိဒေါ်စံမြင့်တို့က ၁၉၃၂ ခုနှစ် မေလ ၆ ရက်နေ့မှာ စစ်ကိုင်းမြို့မှာ မွေးဖွားခဲ့သည်။
ဆရာကြီး မောင်သာနိုးသည် ၂၀၁၆ ခုနှစ် အမျိုးသားစာပေ တစ်သက်တာဆု ချီးမြှင့်ခံခဲ့ရကြောင်း၊ ဆရာကြီးရေးသားခဲ့သည့် ထင်းရှူးပင်ရိပ် ကဗျာဘာသာပြန်စာအုပ်၊ တော်မှော်ရုံလမ်း၊ ဗမာစာ ဗမာစကား၊ အာရှတိုက်၏ အလင်းရောင်၊ မဟာကဗျာ ဂန္ထဝင် နိုင်ငံခြား ကဗျာရှည် လေးပုဒ်၊ အိုမာခိုက်ယမ်ရဲ့ ရှုဘိုက်ယတ်၊ ဟိုက္ကူကဗျာ ခရီးသည် စသည့်စာအုပ်များစွာ ထင်ရှားပြီး ကဗျာဆရာများနှင့် စာရေးဆရာများအပေါ် ဩဇာကြီးများသည့် ပညာရှင်တဦးဖြစ်သည်။
Red News Agency

“ညီလေးရ စာပေသမားတွေရယ် စာအုပ်ဆိုင်တွေရယ်ဆိုတာ မြို့တစ်မြို့ရဲ့အကိုက်အခဲပျောက်ဆေးပဲကွ။ မြို့တိုင်းဟာ နိုင်ငံရေး စီးပွားရေး လူမှုရေး အစရှိတာတွေနဲ့အစဉ်သဖြင့်ကိုက်ခဲနေတတ်တာကိုး။အကိုက်အခဲဖြေပေးဖို့ဆိုတာ စာပေသမားနဲ့စာအုပ်ဆိုင်တွေရဲ့တာဝန်ပေါ့ကွာ”
အောင်မှူးဝေ
(၁) ကျွန်တော်က သိပ်ကိုကျေးလက်ဆန်တဲ့ မြို့ပြင်ရပ်ကွက်ကလေးမှာ ကြီးပြင်းလာသူပါ။အခုလို မိုးရာသီဆို ကျွန်တော့်ရပ်ကွက်ကလေးကို စပါးခင်းကြီးတွေက ဝိုင်းထားတယ်။ဖိုးဖေဆလပ်လယ်ရေသွယ်မြောင်းနဲ့ ဖိုးထွန်းအေးလယ် ရေသွယ်မြောင်းတို့ကြားမှာ တာလမ်း။တာလမ်းဆိုတာ ကလေးမြို့-ကလေးဝလမ်းကိုပြောတာ။အေးပေါ့ အခုချစ်ကြည်ရေး လမ်းမကြီးပေါ့။ဘာစိန်ပန်းပင်မှမရှိသေးဘူး။ကြိမ်ချုံတွေ ၊ကုလားငေါက်ပင်တွေ၊ကိုင်းအုပ်တွေ၊ဇရစ်ရိုးပင်၊ပိန်းပင်ကလေးတွေ၊တစီတတန်းပေါက်ရောက်နေတယ်။ဖောင်ကူးရွာဟောင်းမရောက်ခင် လမ်းဘေးမတော့ ပေါက်ပင်ကြီး နှစ်ပင်သုံးပင်၊ဘယ်ဘက်ယိမ်းတဲ့အပင်ယိမ်း ညာဘက်ယိမ်းတဲ့အပင်ယိမ်းလိုက်လို့။တာလမ်းကလည်း ကျောက်ကြမ်းလမ်းသာသာ ကတ္တရာပါလေရုံလမ်းပဲ။
ကျွန်တော့်အိမ်ရှေ့မှာ ကလေးမြို့မှကြိုဆိုပါ၏ဆိုင်းဘုတ်ရှိတယ်။ဆိုင်းဘုတ်က နှစ်ဖက်။တစ်ဖက်မှာ ကလေးမြို့မှနှုတ်ခွန်းဆက်သပါ၏လို့ရေးထားတယ်။တစ်ခါတလေ အဝါရောင်ဆေးတွေသုတ်ထားကြတယ်။တစ်ခါတလေလည်း အပြာအစိမ်း၊ညားသလိုသုတ်တဲ့ဆေးရောင်တွေပါပဲ။တာလမ်းနဲ့ကျွန်တော့်အိမ်ကြားမှာပေလေးဆယ်လောက်မြက်ခင်းကလေးခြားထားတယ်။ဆင်ငိုမြက်တွေပေါက်နေတာပဲ။ဆိုင်းဘုတ်နဲ့မြက်ခင်းနဲ့ ပနံတော့ ရတယ်။အခုနေပြန်တွေးရင် တောရှုခင်းပန်းချီကားတစ်ချပ်လိုပါပဲ။
ဆိုင်းဘုတ်အောက်ခြေမှာ အုတ်ခုံရှိတယ်။ဆိတ်ကျောင်းသားတွေ အပျင်းပြေကျောက်ခဲနဲ့ထုကြလွန်းလို့ ပဲ့တဲ့နေရာက ပဲ့နေတယ်။ကျောက်ခဲကလည်း ဝေးဝေးလံလံရှာရတာမှမဟုတ်ဘဲ။လမ်းပေါ်တင် ပြည့်လို့။ဆိုင်းဘုတ်အုတ်ခုံဟာ လသာတဲ့ညတွေမှာများကြည့်မိရင် ဘုရားဒကာတစ်ယောက်ယောက်ရဲ့အုတ်ဂူနဲ့တူသလိုလိုပါပဲ။တာလမ်းပေါ် အာရ်တီစီကားတွေ သစ်ထုတ်ရေးဟီးနိုးကားတွေ ဖြတ်မောင်းသွားကြတယ်။တစ်ခါတလေတောက ဆင်တွေ တက်လာတာလည်းတွေ့ရတတ်တယ်။မနက်အစောပိုင်းဆိုရင် ဖောင်ကူးရွာဘက်က ငါးသည်တွေ စကားတပြောပြောနဲ့မြို့ထဲ ငါးရောင်းလာကြတာလည်း တွေ့ရတတ်တယ်။ခေါင်းပေါ်မှာ အိုးတွေအများကြီး ဆင့်ရွက်ထားတဲ့အိုးသည်မတွေလည်း မြို့ထဲဝင်လာကြတာတွေ့ရတတ်တယ်။ညနေပိုင်းဆိုရင်တော့ အခင်းတော လယ်တောက ပြန်လာတဲ့ လှည်းတွေ တအီအီမောင်းလာကြတာတွေ့ရတတ် တယ်။လှည်းပေါ်မှာ မိုးခါဆို မြက်ထုံး၊ဆောင်းခါဆို ကောက်ရိုး ပဲရိုးတွေ တင်တင်လာကြတယ်။လှည်းနောက်မှာ ခွေးတစ်ကောင် နှစ်ကောင်က ခပ်သုတ်သုတ်လိုက်လို့။